Friday, May 03, 2013

ကမ္ဘာလှည့်ခရီးသည် ၃သန်းအထိ တိုးမြှင့်ဖို့ အစိုးရစီစဉ်နေ

Posted by drmyochit Friday, May 03, 2013, under | No comments

မြန်မာပြည်ရဲ့ရှေးဟောင်းသမိုင်းဝင်ပုဂံမြေကစေတီပုထိုးများ (Credit: ABC) 

မြန်မာ နိုင်ငံကို ​လာရောက်လည်ပတ်တဲ့ ​ကမ္ဘာ လှည့် ခရီးသည် အရေအတွက် ​၃ ​သန်းအထိ ​တိုး ပွား လာဖို့ ​မြန်မာ အစိုးရက ​စီစဉ် ဆောင် ရွက်နေ တဲ့ အကြောင်း ​မြန်မာ့အလင်းသတင်းစာက ဖေါ်ပြခဲ့ ပါ တယ်။
နော်ဝေးနိုင်ငံအစိုးရနဲ့ ​အာရှဖွံ့ဖြိုးရေးဘဏ်တို့ရဲ့ ​အကူအညီနဲ့ ​ရေးဆွဲနေတဲ့ ​ခရီးသွား လုပ်ငန်း မဟာ အစီ အစဉ် အရ ​လာမယ့် ​၂၀၁၅ ​ခုနှစ်မှာ ​မြန်မာနိုင်ငံကို ​ကမ္ဘာလှည့်ခရီးသည် ​ဦးရေ ​၃ ​သန်း ​လာရောက် လည်ပတ်မှာ ဖြစ်တဲ့ အကြောင်း ​ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းဝန်ကြီး ​ဦးဌေးအောင်က ​မြန်မာနိုင်ငံဆိုင်ရာ ​နော်ဝေး နိုင်ငံ သံ အမတ် ​Katja ​Nordgaard ​ကို ​နေပြည်တော်မှ ​တွေ့ဆုံစဉ်အတွင်း ​အကျယ်တဝင့် ​ရှင်းပြခဲ့တာဖြစ်တယ်လို့ ​မြန်မာ့အလင်းသတင်းစာက ​ဖေါ်ပြခဲ့တာ ​ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ​၂၀၁၂ ​ခုနှစ်အတွင်းက ​မြန်မာ နိုင်ငံကို လာရောက် လည်ပတ် တဲ့ ​နိုင်ငံခြားသား ခရီးသည် အရေ အတွက် ထက် ​၃ ​ဆ အထိ ​မြင့်တက် လာဖို့ ​မြန်မာအစိုးရက ​မျော်မှန်းနေတာ ​ဖြစ်ပါတယ်။ ​အဆိုပါ ​ခရီးသွား လုပ်ငန်း မဟာ အစီ အစဉ်ကို ​အခုနှစ်ကုန်ပိုင်းမှာ ​နေပြည်တော်မှာ ​လက်ခံကျင်းပသွားဖို့ရှိနေတဲ့ ​အရှေ့ အာရှ ဆိုင်ရာ ​ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ ​ထည့်သွင်းတင်ပြသွားဖို့ ​ရှိတယ်လို့လည်း ​ဆိုပါတယ်။

ဝန်ကြီး ​ဦးဌေးအောင်က ​အင်းလေးဒေသမှာ ​သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ​အခြေခံ အဆောက် အဦး ဖွံ့ဖြိုးရေး ​အစီအစဉ်တွေလုပ်သွားဖို့ကိုလည်း ​ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ ​ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ​အစိုးရအဖွဲ့အပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း ​လာရောက်လည်ပတ်တဲ့ ​နိုင်ငံခြားသား ​ခရီးသွား ဦးရေတိုးတက်လာတဲ့အကြောင်း ​ခရီးသွားလုပ်ငန်းအချက်အလက် ​ထုတ်ဖော်ချက်တွေအရ ​သိရပါ တယ်။ ​ အခုနှစ်ကုန်ပိုင်းမှာ ​မြန်မာနိုင်ငံက ​အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် ​၂၇ ​ကြိမ်မြောက် ​အရှေ့ တောင် အာရှ ​ဆီးဂိမ်း ​အားကစားပွဲတွေနဲ့ ​လာမယ့် ​၂၀၁၄ ​ခုနှစ်မှာ ​လက်ခံကျင်းပမယ့် ​အရှေ့တောင် အာရှ နိုင်ငံများ အသင်း ​အာဆီယံ ​ထိပ်သီးအစည်းအဝေးတို့ကြောင့်လည်း ​မြန်မာနိုင်ငံကို ​နိုင်ငံခြား သား အများ အပြား ​လာရောက်ကြဖို့ ​ရှိနေပါတယ်။

မြန်မာနိုင်ငံရဲ့ ​စီးပွားရေးအချက်အခြာဖြစ်တဲ့ ​ရန်ကုန်မြို့နဲ့ ​အစိုးရရုံးစိုက်ရာ ​နေပြည်တော် မြို့တော်မှာ သာမက ​မန္တလေးနဲ့ ​ပဲခူးတိုင်း၊ ​ရခိုင်ပြည်နယ်တွေအတွင်း၊ ​ပုဂံဒေသ၊ ​မော်လမြိုင်နဲ့ ​တောင်ကြီးမြို့တွေ၊ ​ချောင်း သာနဲ့ ​ငွေဆောင်ကမ်းခြေတွေနဲ့ ​ရွှေတြိဂံနယ်စပ်ဒေသတွေမှာ ​ဟိုတယ်တွေတည်ဆောက်မှုတွေ ​ရှိနေ တယ်လို့ ​သိရပါတယ်။ ​လတ်တလောအချိန်အထိ ​မြန်မာနိုင်ငံအတွင်းမှာ ​နိုင်ငံခြား ရင်းနှီးမြုပ်နှံ မှုဖြစ် တဲ့ ​တည်ဆောက်ပြီးစီးပြီးသားနဲ့ ​တည်ဆောက်ဆဲ ​ဟိုတယ်ပေါင်း ​၃၆ ​ခု ​ရှိနေတယ်လို့လည်း ​သိရပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်