Friday, May 03, 2013

ဂရံမြေကွက်များ အရေးအိုးအိမ်ရုံးရှေ့ ဆန္ဒထုတ်ဖော်

Posted by drmyochit Friday, May 03, 2013, under | 1 comment



မြန်မာ့ခေတ်

ရန်ကုန်၊ မေ ၃။
စစ် အစိုးရ လက်ထက်တွင် ငှားရမ်း အသုံးပြု ထားသည့် နှစ် ၉၀နှင့် ၆၀ ဂရံပိုင် မြေကွက် များကို မြေ ပိုင်ရှင် များအား တစ်စုံ တစ်ရာ ဆွေးနွေး ညှိနှိုင်းခြင်း မရှိဘဲ ပုဂ္ဂလိက ကုမ္ပ ဏီများသို့ ရောင်းချ ခဲ့ခြင်း အပေါ် ပြေ လည်အောင် ဆောင်ရွက် ပေးရန် ရည်ရွယ်၍ ယနေ့နေ့လည်က ရန်ကုန်မြို့ရှိ အိုးအိမ် ဌာန ရုံးရှေ့တွင် ဆန္ဒ ထုတ်ဖော်မှု တစ်ရပ် ပြုလုပ် ခဲ့ကြောင်း သိရသည်။

“အဓိ ကတော့ ဒီမြေ ကွက်တွေ ကို ပြန်လို ချင်တယ်။ လျော်ကြေးပေးမယ် ဆိုရင်လဲ ညှိနှိုင်းရမှာပဲ။ မြေကွက် ကို ပြန်မရနိုင်တဲ့ အကြောင်း ရင်းလဲ တိကျတဲ့ ဖြေရှင်းချက် ပေးဖို့လိုတာပေါ့”ဟု ၂၄ x ၅၀ မြေကွက် ပိုင်ဆိုင် သူ တစ်ဦးဖြစ် သည့် ဦးမြင့်စိုးက ပြောကြားသည်။

ယင်း မြေကွက် များမှာ ယခင် စစ်အစိုးရ လက်ထက်တွင် စစ်တပ် အတွက် ငှားရမ်း အသုံးပြု ခဲ့ပြီး ဌာန အဆင့် ဆင့် ဆက်လက် ငှားရမ်း ခဲ့ကြကြောင်း၊ ၂၀၀၁ ခုနှစ်မှ စတင်၍ ငှားရမ်းခ ပေးခြင်းကို ရပ်တန့် ခဲ့ကြောင်း၊ လွန်ခဲ့ သည့် သုံးလ ခန့်တွင် ကုမ္ပဏီ ၃ခုမှ ထိုနေရာတွင် အိမ်ယာများ ဆောက်လုပ် ၍ ပြန်လည် ရောင်းနေ သဖြင့် ယခုကဲ့သို့ ဆန္ဒ ထုတ်ဖော် ရခြင်း ဖြစ်ကြောင်း ဆန္ဒပြ သူများ ထံမှ သိရသည်။

မြေ နေရာ များအား ဝင်ရောက် ဆောက်လုပ်နေခြင်းအပေါ် သက်ဆိုင်ရာ ဌာနအသီးသီးသို့ အကြောင်း ကြား စာများ ပေးပို့ တိုင်ကြားခဲ့သော်လည်း ယခုချိန်ထိ တစုံတရာ အရေးယူဆောင်ရွက်ခြင်း မရှိသေး ကြောင်း၊ (၂.၃.၂၀၁၃)နေ့တွင် ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ပထမ အကြိမ် ဆန္ဒပြ ခဲ့သော်လည်း တစုံ တရာ ထူးခြားမှု မရှိသေးသည့် အတွက် ထပ်မံ ဆန္ဒပြ ဖြစ်ပြီး အရေးယူဆောင်ရွက်ခြင်း မရှိပါက ဆက်လက်၍ ဆန္ဒပြ သွားကြမည်ဖြစ်ကြောင်း ဆန္ဒဖော်ထုတ်သူများက ပြောကြားသည်။

မြေနေ ရာများ သိမ်းဆည်း ခံရမှုကြောင့် ဆန္ဒ ဖော်ထုတ် မှုကို ဒုတိယအကြိမ် ပြုလုပ်ခြင်း ဖြစ်ပြီး ရန်ကုန်မြို့ ရှိ အိုးအိမ် ဦးစီး ဌာန ရုံးရှေ့မှ ဗိုလ်တထောင်မြို့နယ်ရှိ COD ဝင်းနှင့် BOAD ဝင်းရှိ သိမ်းဆည်း ခံ မြေနေရာ များ အထိ ချီတက် လမ်းလျောက်၍ ဆန္ဒဖော်ထုတ်မည်ဖြစ်ကြောင်း သိရသည်။

ငြိမ်းချမ်း

1 comments:

သက်ဆိုင်ရာအဖွဲ့အစည်းများကတာဝန်ယူစုံစမ်းပြီးနစ်နာသူလူတုအတွက်အရေးယူဆောင်ရွက်သင့်။ပွင့်လင်းမြင်သါမှုရှိဘို့လိုတယ်။ဘါကြောင့်အရေးတယူမလုပ်သေးတါလဲ။စဉ်းစားစရာဘဲ။

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်