Sunday, September 22, 2013

မန္တလေးတွင် နေ့ခင်းအချိန် လုယက်မှုများ ဖြစ်ပွားနေဆဲဖြစ်ပြီး ကျူးလွန်သူများအား ဖမ်းဆီးဖော်ထုတ်နိုင်မှု အားနည်းနေ

Posted by drmyochit Sunday, September 22, 2013, under | No comments


မန္တလေးတွင် နေ့ခင်းအချိန် လုယက်မှုများ ဖြစ်ပွားနေဆဲဖြစ်ပြီး ကျူးလွန်သူများအား ရဲတပ်ဖွဲ့မှ ဖမ်းဆီးဖော် ထုတ်နိုင်မှု အားနည်းနေသေးကြောင်း သိရသည်။နေ့ခင်းအချိန် ဆိုင်ကယ်ဖြင့် ဆွဲကြိုးဖြတ်ပြေးမှု၊ ပိုက်ဆံ အိတ် လုယူမှုများတွင် ဆိုင်ကယ်မောင်းနှင် သူများထံမှ လုပြေးခြင်း၊ ခြေလျင်လျှောက်လာသည့် သူထံမှ ဆွဲကြိုးဖြတ်ခြင်း၊ ကိုယ်ပိုင်ကားပေါ် အတက်တွင် စောင့်ကြည့်ကာ ဆိုင်ကယ်ဖြင့် နံဘေးမှ ပိုက်ဆံအိတ် လုယူခြင်း များသည် ဆက်တိုက်ဖြစ်ပွားနေပြီး ရတနာပုံဈေးနှင့် ဒိုင်းမွန်းပလာဇာကဲ့သို့ မြို့လယ်ခေါင် လူစည် ကားရာ နေရာများ၊ နန်းရှေ့ဈေးတစ်ဝိုက်နှင့် ရပ်ကွက်များ အတွင်းတွင်ပါ လုယက်မှု ဖြစ်ပွားနေခြင်း ဖြစ်သည်။ လတ်တလော စက်တင်ဘာ ၁၇ ရက်က ချမ်းအေးသာစံမြို့နယ် ၂၉ လမ်း၊ ၈၃ နှင့် ၈၄ လမ်းကြားတွင် မန္တလေးမြို့သို့အလည်အပတ် ရောက်လာသူ အမျိုးသမီး တစ်ဦးသည် ၂၉ လမ်းအ တိုင်း လမ်းလျှောက်လာစဉ် ဆိုင်ကယ်စီးလာသည့် လုယက်သူနှစ်ဦးမှ ငွေကျပ် ၁၅ သိန်းကျော်နှင့် လက်ကိုင် ဖုန်း တစ်လုံး ပါဝင်သော မိန်းမကိုင် ပိုက်ဆံအိတ်တစ်လုံးကို ညနေ ၄ နာရီခန့်က လုယက် ထွက်ပြေး သွားခဲ့ သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့ရုံးမှ သိရသည်။

ထို့ပြင် လုယက်သူ အများစုမှာ ပစ္စည်းလုယက်ခြင်းများအပြင် ခါးပိုက်နှိုက်ခြင်း၊ ဆိုင်ကယ်ခိုးယူခြင်းများနှင့် ဆွဲကြိုးဖြတ် လုယူခြင်းများကိုလည်း ပြုလုပ်လျက်ရှိပြီး နှစ်ယောက်တစ်တွဲ၊ သုံးယောက်တစ်တွဲဖြင့် ပူးပေါင်း ကာ အဖွဲ့လိုက် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံး၏ လွန်ခဲ့သော ခြောက်လခန့်က ဖြစ်ပွား ခဲ့သော လုယက်မှု၊ ခိုးမှုဖြစ်စဉ် မှတ်တမ်းများအရ သိရသည်။သြဂုတ် ၁၇ ရက်က ဖားကန့်မြို့မှ မန္တလေးသို့ အလုပ် ကိစ္စဖြင့် ရောက်ရှိနေသည့် မမင်းမင်းခိုင်သည် ၃၂ လမ်းနှင့် ၇၇ လမ်းထောင့် (ရတနာ ပုံဈေး အနီး)ခြေလျင်လမ်းဖြတ်ကူးစဉ် FZ ဆိုင်ကယ်ဖြင့် ငါးကျပ်သား ရွှေဆွဲကြိုးကို လုယူသွား ခဲ့ပြီးယင်းဖြစ်စဉ် အပေါ် လက်ရှိအချိန်ထိ တရားခံအား ဖမ်းဆီးမိခြင်း မရှိသေးသလို ယင်းလအတွင်းတွင်အောင်မြေသာစံ အနှိပ်တော် ရပ်ကွက်အတွင်းတွင်လည်း မင်္ဂလာဆောင် ဖိတ်စာဖိတ်အပြီးကားပေါ်အတက်တွင် အမျိုးသမီး လက်ကိုင်အိတ်အားFZ ဆိုင်ကယ်ဖြင့်ပင် လုယူထွက်ပြေးမှု ဖြစ်ပွားခဲ့ပြီးယင်းဖြစ်စဉ်မှာလည်း တရားခံ ဖမ်းဆီးရ မိမှု မရှိသေးကြောင်း သိရသည်။"ဒီလို နေ့ခင်းကြောင်တောင် လုယက်မှု၊ ခိုးမှုလို ကျူးလွန်မှုတွေ ဆက်တိုက်ဖြစ်နေ တာက ဒေသခံ၊ ခိုးဆိုးလုယက် သူတွေထက် တခြားနယ်က လာရောက်တဲ့ သူတွေများ တယ်လို့ သုံးသပ်ရတယ်။ ပြီးတော့ အိုးဘိုထောင်က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာတဲ့ ရာဇ၀တ်မှု တရားခံတွေကလည်း သူတို့နေရပ်ကို မပြန်တော့ဘဲ မန္တလေးမှာပဲ ကြုံရာကျပန်း နေထိုင်စားသောက်ရင်း အခွင့်သာရင် ကျူးလွန်ကြတယ်လို့ ယူဆရတယ်။ ဖမ်းဆီးဖို့ ရဲတပ်ဖွဲ့ဝင် အားကလည်း လူဦးရေနဲ့ တပ်ဖွဲ့ဝင် အချိုးမညီသလို ပြည်သူလူထု ပူးပေါင်းပါဝင်မှုလည်း လိုအပ်ပါတယ်" ဟု ရဲအုပ်တစ်ဦးက ဖြစ်စဉ်များပြားနေမှုအပေါ် သုံးသပ်ပြောကြားသည်။လက်ရှိတွင် မန္တလေး မြို့လယ်ကောင်တွင် ဖြစ်ပွားခဲ့သော လုယက်မှု၊ ဆွဲကြိုးဖြတ်ပြေးမှုများကို ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

Eleven Media Group

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်