နာဆာမှ အာကာသတွင်း တိုင်းတာကိရိယာအသုံးပြုပြီး ခွဲခြမ်းစိတ်ဖြာချက်တစ်ခုအရ အနီရောင် မားစ်ဂြိုဟ်ပေါ်မှာ သက်ရှိ ရှိနိုင်ခြေအလွန်နည်းပါးတယ်လို့ သိရပါတယ်။
အဆိုပါ သတင်းကိုတော့ အမေရိကန်ပြည်ထောင်စု အာကာသအေဂျင်စီမှ လေ့လာပြုစုရေးအဖွဲ့တစ်ဖွဲ့က အွန်လိုင်းသိပ္ပံဂျာနယ်တစ်စောင်မှာ ရေးသားဖော်ပြခဲ့တာဖြစ်ပြီး သူတို့ဟာ မားစ်ဂြိုလ်ကို စမ်းသပ် ကိရိယာစေလွှတ်ပြီး စမ်းသပ်ခဲ့တဲ့ ၆ ကြိမ်လုံး မီသိန်းဓာတ်ငွေ့ရှိကြောင်း ဘယ်အထောက်အထားမှ မတွေ့ခဲ့ရကြောင်းရေးသားထားပါတယ်။
မီသိန်းဓာတ်ငွေ့ကတော့ ဗိုင်းရပ်စ်၊ ဖန်းဂတ်စ် အပါအ၀င် သက်ရှိနေထိုင်ကြောင်း သိနိုင်တဲ့ အမှတ် အသား တစ်ခုပဲဖြစ် ပါတယ်။ ယခင်ကတော့သိပ္ပံပညာရှင် တစ်ချို့ဟာ ကမ္ဘာမြေအခြေစိုက် အထူး တယ်လီစကုပ်တွေ အသုံးပြုကြည့်ရှုကာ မားစ်ဂြိုလ်မှာ မီသိန်းဓာတ်ငွေ့အမြောက်အမြားတွေ့ရကြောင်း ပြောခဲ့ တာဖြစ်ပြီး ယခုအစီရင်ခံထားတဲ့ နောက်ဆုံး အစီရင်ခံစာကလည်း အတိတ်ကာလမှာ ဆက်လက်ပြီး မားစ်ဂြိုလ်မှာ အတိတ်ကသက်ရှိနေထိုင်ခဲ့ ခြင်း ရှိမရှိကို ဆက်လက်စုံစမ်းသွားဖို့ စီစဉ်နေကြောင်း သိရပါတယ်။
From: MRTV 4
Sunday, September 22, 2013
မားစ်ဂြိုဟ်တွင် သက်ရှိနေထိုင်နိုင်ခြေနည်းပါး
Posted by drmyochit
Sunday, September 22, 2013, under ဗဟုသုတ | No comments
Time in Rangoon


0 comments:
Post a Comment