Sunday, September 22, 2013

သမ္မတ ဦးသိန်းစိန် နိုဘယ်ဆု စာရင်း ထပ်မံတင်သွင်းခံရ

Posted by drmyochit Sunday, September 22, 2013, under | No comments


နိုင်ငံ တော်သမ္မတဦးသိန်းစိန်သည် ၂၀၁၃ခုနှစ်အတွက် ရွေးချယ် မည့် နိုဘယ်ဆုဆန်ခါတင်စာရင်း တွင်ပါဝင်နေကြောင်း သတင်းရ ရှိသည်။ ၂၀၁၃ခုနှစ် အောက်တိုဘာ ရရက်မှ ၁၁ရက်အထိ နော်ဝေ နိုင်ငံ၌ ကျင်းပမည့် (၉၁) ကြိမ် မြောက် နိုဘယ်ဆုချီးမြှင့်ပွဲတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် Democratic Voice of Burma (DVB)နှင့်အတူ ငြိမ်းချမ်းရေးနို ဘယ်ဆုအတွက် အမည်စာရင်း တင် သွင်းခြင်း ခံခဲ့ရသည်ဟု သတင်း များထွက်ပေါ် နေကြောင်း နိုဘယ် ဆုကော်မတီနှင့် နီးစပ်သော အသိုင်း အဝိုင်းမှ သိရသည်။

''ဒီကိစ္စကတော့ ဆုရွေးချယ် ရေးအဖွဲ့ကတော့ ဆုမရွေးချယ်မီ တရားဝင်ထုတ်ဖော်ပြောကြားတာ မျိုးမရှိ ပါဘူး။ ဘယ်လို ဒီသတင်း ထွက်လာလဲတော့ မသိပါဘူး။ သူတို့အဖွဲ့ကနေ တစ်ယောက်ယောက် ကတော့ နီးတဲ့ အခါ ထုတ်ပြော တာမျိုး တွေတော့ ရှိတတ်ပါတယ်'' ဟု နိုင်ငံတော်သမ္မတရုံးမှ တာဝန် ရှိသူတစ်ဦးက ပြော သည်။ ယင်းနှင့်ပတ်သက်၍ နိုင်ငံ ရေးလေ့လာသူ ဦးကျော်လင်းဦး က ''ကျွန်တော်တို့နိုင်ငံရဲ့ ငြိမ်းချမ်း ရေးဖြစ် စဉ်ကိုကြည့်ရင် လက်နက် ကိုင်တပ်ဖွဲ့ပေါင်းစုံနဲ့ ဆွေးနွေး ရတာဖြစ်တဲ့အတွက် ပိုပြီးတော့ ခက်ခဲ နက်နဲ ပါတယ်။ လက်ရှိအ နေအထားနဲ့ကြည့်ရင်လဲ ငြိမ်းချမ်း ရေးအနေအထားက သူများနိုင်ငံ တွေထက် ပိုပြီးတော့မြန်မြန်ဖြစ် ထွန်းလာတာကိုတွေ့ရတယ်။ အခု လက်နက်ကိုင်တပ်ဖွဲ့ ၁၄ဖွဲ့ လောက် နဲ့ ထိတွေ့ ဆက်ဆံပြီး သွားပြီ။ အောက်တိုဘာမှာလုပ်မယ့် ငြိမ်း ချမ်းရေး လက်မှတ်ထိုးပွဲရှိတယ်။ ဒါတွေက သမ္မ တကြီးရဲ့ နိုဘယ် ဆုရမယ့်လမ်းမှာ အများကြီးအ ထောက်အကူရနိုင်ပါတယ်''ဟု သုံးသပ်ပြောသည်။

နိုင်ငံတော်သမ္မတ ဦးသိန်း စိန်သည် ၂၀၁၂ခုနှစ်အတွင်းက ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် ပဏာမ အမည် စာရင်း တင်သွင်း မှုတွင် ပါဝင်ခဲ့သော်လည်း ရွေး ချယ်ရာတွင် ဥရောပကော်မရှင် သာ ရွေးချယ်ခံခဲ့ရသည်။ သမ္မတကြီး ဦးသိန်းစိန်သည် ၂၀၁၂ ခုနှစ်အတွင်းက နိုင်ငံအ တွင်းရှိ လက်နက်ကိုင်အဖွဲ့၁၁ဖွဲ့ တွင် ၁ဝဖွဲ့နှင့် အပစ် အခတ်ရပ်စဲ ရေး လက်မှတ်ရေးထိုးနိုင်ခဲ့သူဖြစ် သည်။ သမ္မတဦးသိန်းစိန်သည် ၂၀၁၂ခုနှစ် အတွင်းက နိုဘယ်ဆု မရရှိခဲ့သော်လည်း နယူးယော့ခ် အခြေစိုက် နိုင်ငံတ ကာ ပဋိပက္ခ များဖြေရှင်းရေး အဖွဲ့က ချီးမြှင့် သည့် ငြိမ်းချမ်းရေးကြိုးပမ်းမှုဆု ချီးမြှင့်ခြင်းခံခဲ့ရကြောင်း သိရ သည်။

The Yangon Time

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်