Tuesday, October 09, 2012

တော်ဝင် သစ်အချောထည်စက်ရုံမှ လုပ်သား ၃၀၀ကျော်အလုပ်ရှင်ကို တွေ့ဆုံရန် ရုံးချုပ်သို့ချီတက်

Posted by drmyochit Tuesday, October 09, 2012, under | No comments

၎င်းစက်ရုံမှအလုပ်သမားအဖွဲ့အစည်းခေါင်းဆောင်များအပါအ၀င်လုပ်သားပေါင်း၃၀၀ကျော်သည်ယနေ့နံနက် ၉နာရီခန့်ကရန်ကုန်မြို့ဦးဝိစာရလမ်းရှိ တော်ဝင်ကုမ္ပဏီရုံးချုပ်သို့ချီတက်လာပြီး အလုပ်ရှင် ဖြစ်သူ ဦးကို ကိုထွေး ကို တွေ့ဆုံရန်ဆန္ဒပြတောင်း ဆိုခဲ့ကြသည်။


“အလုပ်ရှင်၊အလုပ်သမားနှစ်ဦးသဘောတူစာချုပ်ကို ဖောက်ဖျက်တယ်လို့ ခံစားမိလို့အခုလို လာရောက် တောင်း ဆိုတာပါ”ဟု အလုပ်သမားခေါင်းဆောင် ကပြောသည်။

“သဘောတူစာချုပ်ဖောက်ဖျက်တယ်ဆိုတာကျွန်တော်နားမလည်ဘူး။ အလုပ်သမားတွေကလည်း စာချုပ်မှာ လတ်မှတ်မထိုးထားဘူး”ဟု အလုပ် ရှင်ဖြစ်သူ ဦးကိုကိုထွေးကပြောသည်။လက်ရှိအချိန်တွင် လုပ်ငန်းခွင်နှင့်အလုပ်ရုံဥပဒေ စစ်ဆေးရေး အရာရှိ ဦးဝင်းရှိန်က လာရောက်ဖျန်ဖြေညှိနှိုင်း လျက် ရှိကြောင်း သိရသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်