Tuesday, October 09, 2012

ပြည်သူဗဟိုပြု ဆက်သွယ်ရေး ဝန်ဆောင်မှုပုံစံသို့ စတင်ပြောင်းလဲ

Posted by drmyochit Tuesday, October 09, 2012, under | No comments

From : မြန်မာ့အလင်း
 
 
မိမိတို့၏ ဆက်သွယ်ရေးကဏ္ဍသည် ပြုပြင်ပြောင်းလဲမှုကို မလွဲမသွေပြုလုပ်ရမည့် ကဏ္ဍဖြစ်ကြောင်း၊ ယခု အခါ ဌာနဗဟိုပြု ဆက်သွယ်ရေး ဝန်ဆောင်မှုပုံစံမှ ပြည်သူဗဟိုပြု ဆက်သွယ်ရေး ဝန်ဆောင်မှုပုံစံသို့ စတင်ပြောင်းလဲနေပြီ ဖြစ်ကြောင်း၊ ထို့ကြောင့် ဆက်သွယ်ရေးကဏ္ဍတွင် ပုဂ္ဂလိကကဏ္ဍ ပါဝင် ဝန်ဆောင် မှု ပေးခြင်းဖြင့် ပြည်သူနှစ်သက်မည့် ယှဉ်ပြိုင်ဝန်ဆောင်မှုများ ဖြစ်ပေါ်ဖန်တီးပေးရန် အ တွက် ပြည် တွင်းပြည်ပမှ ပုဂ္ဂလိက ဆက်သွယ်ရေး ဝန်ဆောင်မှု ကုမ္ပဏီများအား နိုင်ငံတကာ တင်ဒါခေါ် ယူ ဆောင်ရွက်သွားနိုင်ရန် အတွက် အပြည်ပြည်ဆိုင်ရာ အကြံပေးအဖွဲ့များကို စိစစ်ရွေး ချယ် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်းဖြင့် အောက်တိုဘာ ၄ ရက်မှ ၅ ရက်အထိ ကျင်းပခဲ့သည့် Communications Consultancy စိစစ်ရွေးချယ်ရေး ကော်မတီ၏ ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်း အဝေးနှင့် ပဏာမစိစစ်ထားရှိပြီး ဖြစ်သော ပြည်ပအကြံပေး ကုမ္ပဏီကြီး ငါးခုတို့၏ ဆောင်ရွက်မည့် အကြံပေးပုံစံများ တင်ပြခြင်း အခမ်းအနားတွင် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဝင်းသန်းက ဆွေးနွေးပြောကြားခဲ့သည်။ ထို့အပြင် ဒုတိယဝန်ကြီးက မိမိတို့ Communications Consultancy စိစစ်ရွေးချယ်ရေး ကော်မတီအနေဖြင့် အပြည်ပြည်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများအတိုင်း Telecommunication Tender Consultant အဖြစ် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ စိစစ်ရွေးချယ်ခဲ့ ရာ အဆိုပြုကုမ္ပဏီ ၆၄ ဖွဲ့မှ ၁၁ ဖွဲ့သို့လည်းကောင်း၊ ထို ၁၁ ဖွဲ့အား ITU အဖွဲ့အစည်းမှ အကြံပြု သည့် ရွေးချယ်မှုပုံစံဖြင့် ထပ်မံရွေးချယ်ခဲ့ပြီး (၅) ဖွဲ့အား လည်းကောင်း ပဏာမ စိစစ် ထားရှိ ခဲ့ပြီ ဖြစ်ကြောင်း၊ ယခုအခါ အဆိုပါ (၅) ဖွဲ့အား ဖိတ်ခေါ်၍ ဆောင်ရွက်ပေးနိုင်သည့် အကြံပြုချက်များကို တင်ပြစေပြီး မိမိတို့အား အမှန်တကယ် အကျိုးပြု ဆောင်ရွက်ပေးနိုင်မည့် အဖွဲ့အစည်း အား ရွေးချယ် တင်ပြရန် ဖြစ်သည့်အတွက် ၎င်းအဖွဲ့အစည်းများ၏ တင်ပြချက်အပေါ်လို အပ်ချက်များ ကို ဖြည့်စွက် ညှိနှိုင်းအကြံပြုဆွေးနွေး ရွေးချယ်ပေးကြရန် ဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် ဖိတ် ကြားထားသည့် ပဏာမ စိစစ်ထားပြီးဖြစ်သော အဖွဲ့အစည်း (၅) ဖွဲ့က ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် အဆင့်ဆင့်ကို ရှင်းလင်းတင်ပြ အကြံပြုခဲ့ကြကြောင်း သိရှိရသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်