Tuesday, October 09, 2012

အာဆီယံ ဆက်သွယ်ရေးဆိုင်ရာ တံဆိပ်ခေါင်းသစ် နှစ်မျိုး ထုတ်ဝေ

Posted by drmyochit Tuesday, October 09, 2012, under | No comments

From : Internet
 
 
 ဒုတိယအကြိမ် အာဆီယံ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဆိုင်ရာ အရာရှိကြီးများနှင့် ဆက်သွယ်ရေး ဥပဒေပြုသူများ၊ ကောင်စီတို့၏ ခေါင်းဆောင်များ အလွတ်သဘော အစည်းအဝေး အထိမ်းအမှတ်အဖြစ် တံဆိပ်ခေါင်းသစ် နှစ်မျိုးကို စတင်ထုတ်ဝေလိုက်ကြောင်း သိရသည်။ အဆိုပါ အစည်းအဝေးကို ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနက အောက်တိုဘာလ ၂ ရက်နေ့တွင် ပုဂံမြို့၌ ကျင်းပခဲ့ခြင်းဖြစ်သည်။ ၎င်း 2nd TELSON–ATRC Leaders Retreat အထိမ်းအမှတ် အဖြစ် ငွေကျပ် ၅၀၀ တန် အထူးထုတ် စာပို့တံဆိပ်ခေါင်း သစ် နှစ်မျိုး ကို ရောင်းချခြင်းဖြစ် သည်။ အောက်တိုဘာလ ၁ ရက် နံနက် ၉ နာရီခွဲမှ စတင်ကာ တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးရှိ ဆက်သွယ်ရေးစခန်း (စာတိုက်) များ၌ စတင်ရောင်းချလျက်ရှိကြောင်း သိရသည်။ တံဆိပ်ခေါင်းကတ်တွင် THE 11th ASEAN TELMIN/ THE 12th ASEAN TELSOM and Related Mettings with Dialoge Panners ဟု ရေးသားထားသော တံဆိပ်ခေါင်းကို (၁၁) ကြိမ်မြောက် အာဆီယံ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေးနှင့် (၁၂) ကြိမ်မြောက် အာဆီယံ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဆိုင်ရာ အဆင့်မြင့် အရာရှိများအဆင့် အစည်းအဝေး အထိမ်းအမှတ်အဖြစ် ၂၀၁၂ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့က ရောင်းချခဲ့ကြောင်း သိရသည်။ (The 11th ASEAN TELMIN/ THE 12th ASEAN TELSOM) (၁၀၀ ကျပ်နှင့် ၂၀၀ ကျပ်) တန် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်အဖြစ် ရောင်းချခဲ့ခြင်းဖြစ်ကြောင်း ဆက်သွယ်ရေး၊ စာ တိုက်နှင့် ကြေးနန်းဝန်ကြီးဌာနက အိမ်ရှင်နိုင်ငံအဖြစ် ဦးဆောင်၍ နေပြည်တော်၌ ကျင်းပခဲ့သည့် အစည်း အဝေး အထိမ်းအမှတ်အဖြစ် ထုတ်ဝေခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်