Tuesday, October 09, 2012

ဒေါ်အောင်ဆန်းစုကြည် သတင်းစာရှင်းလင်းပွဲ ကောက်နှုတ်ချက်

Posted by drmyochit Tuesday, October 09, 2012, under | No comments

 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏  အမေရိကန်နိုင်ငံသို့သွားရောက်ရသည့် ခရီးစဉ် ရည်ရွယ်ချက်မှာ အကြောင်းအချက် နှစ်ခု ရှိပြီး သူမအား ကူညီလုပ်ဆောင်ပေးခဲ့သည့် အမေရိကန် အစိုးရ အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေး ကဏ္ဍများမှ အရေးပါသောပုဂ္ဒိုလ်များကို ကျေးဇူးတင်စကား တကူး တက သွားရောက် ပြောကြားရန်နှင့် မြန်မာ့ဒီမိုကရေစီလမ်းစ စတင်ရောက်ရှိနေပြီဖြစ်ကြောင်းကို ရှင်း လင်း ပြောကြား ရန် သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ပွင့်လင်းမြင်သာရမည် ဟု အစိုးရကို ဝေဖန်လေ့ ရှိသော်လည်း ခရီးစဉ်ကာလအတွင်း  ဆွေးနွေးသည့် ကိစ္စရပ် များကို အသေးစိတ်ထုတ်ပြန်မည် မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ယနေ့ မြန်မာမျိုးဆက်များ အလွန်ညံ့ဖျင်းကြောင်း၊ အဆိုပါညံ့ဖျင်းမှု၏ အကျိုးဆက်ကို တတ်နိုင် သလောက် ပြုပြင်ပြီး ရုန်းထွက်နိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာလူထု အလုပ်အကိုင်ရရှိရေး မျှော်တွေးကာ စီးပွား လုပ်လိုသူ ပြည်ပ လုပ်ငန်းရှင် များ  ချင့်ချိန် လုပ်ရန် နှင့် မှန်ကန်စွာ သုံးသပ်ပြီး လုပ်ဆောင်ရန် လိုအပ်မည်ဟု ၎င်းက ပြောကြားခဲ့သည်။

သတင်းမီဒီယာများနှင့် ပတ်သက်၍ မှန်ကန်သောသတင်း ဖြန့်ချိရေးက အရေးပါမည်ဖြစ်ကြောင်း၊ လာဘ်ပေး လာဘ်ယူမှုများကို ဖော်ထုတ်ရာတွင် အချက်အလက်ခိုင်မာမှုများကို ဦးစာပေး ၍ ရေးသားဖော် ထုတ် သွားရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သော်လည်း ခင်ရွှန်းလဲ့ဝေ နှင့်ပတ်သက် သည့် မေးခွန်း များကို မေးမြန်းခွင့် မပြုခဲ့ချေ။

ပညာရေးနှင့် ပတ်သက်ပြီး ရန်ကုန် ဝိဇ္ဖာ သိပ္ပံ တက္ကသိုလ် ကို  အလေးအနက်ထား ပြောကြားသွားခဲ့ ပြီး ယနေ့ IT ကမ္ဘာကြီးတွင် အရေးပါသော ကွန်ပျူတာ နှင့် နည်းပညာ တက္ကသိုလ်များ အရေးပါမှုကို မသိရှိခြင်းကြောင့် အလေးအနက်မထား လုံးဝ မပြောခဲ့ပေ။
 ပြည်မြန်မာ ဂျာနယ်နှင့် The Messenger ဂျာနယ်များကို တရားစွဲဆိုရခြင်း ကိစ္စရပ်မှာလည်း သတင်းဌာနနှင့် သတင်းထောက်များကို အငြိုးထားလို၍ မဟုတ်ဘဲ တရားဥပဒေစိုးမိုးရေးကို အထောက် အကူ ဖြစ်စေရန် ဖြစ်ကြောင်း  ပြောကြားခဲ့သည်။ မီဒီယာ ဖိနိပ်မှုနှင့် ပတ်သတ်၍တော့ ဘာမှမပြောခဲ့ချေ။

သမ္မတ ခန့်ရင် လုပ်မည်။ သမ္မတ လုပ်လို့ရအောာင်လည်း အခြေခံဥပဒေကို ပြင်သွားမည်။
အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ် အောက်ခြေ၌ သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်နေသည်မှာ မဟုတ်ကြောင်း (မသိတာ လည်း ဖြစ်နိုင်သည်) ၊ ထိုင်ခုံနေရာ လုခြင်း ဆိုသည်မှာ ထိုင်ခုံ မရှိစဉ်ကပင် ရှိနေခဲ့သည့်ကိစ္စဖြစ်ပြီး ယခုထိုင်ခုံ ရှိလာ ချိန်တွင် ထိုကိစ္စရပ်များ ပိုဖြစ်လာမည်ဖြစ်ကြောင်း၊ ထိုကိစ္စရပ်များကို သင်ခန်းစာယူ၍ အဖွဲ့ချုပ်ကို ပိုမိုရင့် ကျက်အောင် လုပ်ဆောင်သွား မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောကြား ခဲ့သည်။

အင်တာနက်သုံးသူများသည်ပတ်ဝန်းကျင်နှင့်အဆက်သွယ်ပျက်နေကြောင်း၊အစွန်းရောက်ကြောင်း  ဒေါ်
အောင် ဆန်းစုကြည်က ပြောကြားခဲ့သည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်