Tuesday, October 09, 2012

သမ္မတ ဦးသိန်းစိန် ယခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆု ထိပ်ဆုံးထင်ကြေး ငါးဦး စာရင်းတွင်ပါဝင်

Posted by drmyochit Tuesday, October 09, 2012, under | No comments


From : The Voice

ယခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့တွင် နိုဘယ်ငြိမ်းချမ်းရေး ဆုရသူကို ထုတ်ပြန်ကြေညာ မည်ဖြစ် ရာ မြန်မာသမ္မတ ဦးသိန်းစိန်မှာ ထိပ်ဆုံးက ထင်ကြေးပေးခံရသူ ၅ ဦးတွင် ပါဝင်လျက်ရှိကြောင်း Bloomgerg သတင်းတွင်ဖော်ပြ ထားသည်။

နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် နာမည်စာရင်း တင်သွင်း ထားသူ လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းပေါင်းမှာ ၂၃၁ ခု ရှိကြောင်း နိုဘယ် ငြိမ်းချမ်းရေး ဆုရွေးချယ်ရေးကော်မတီ သတင်း Website တွင်ဖော်ပြထားသည်။

နိုဘယ်ငြိမ်းချမ်းရေးဆု နာမည်စာရင်း တင်သွင်းထားသူများ ထဲမှ ထိပ်ဆုံးမှာထင်ကြေးပေးခံရသူ ငါး ဦးကို Peace Research Institute of Oslo မှအကြီးအကဲဖြစ်သူ Kristian Berg Harpvikenက ခန့်မှန်းပြော ဆိုရာတွင် မြန်မာသမ္မတ ဦးသိန်းစိန်မှာ ၎င်း၏ထင်ကြေးပေးသူ စာရင်းတွင် ထိပ်ဆုံး ငါးဦးတွင် ပါဝင်နေခြင်း ဖြစ်သည်။

မြန်မာသမ္မတဦးသိန်းစိန် လက်ထက်တွင် ရာစုနှစ် ထက်ဝက်နီးပါး ပဋိပက္ခဖြစ်ပွားခဲ့သော လက်နက်ကိုင် တပ်ဖွဲ့ ၁၁ ဖွဲ့တွင် ၁၀ဖွဲ့နှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိအောင် စွမ်းဆောင်နိုင် ခဲ့သည်။

၎င်း၏ ထင်ကြေးပေးခြင်း ခံရသူများမှာ အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်၊ ဂျာမနီနိုင်ငံ အဓိပတိဟောင်း ဟဲမွတ်ခိုးလ်၊ ကမ္ဘာ့နိုင်ငံကြီးများ၏ အတွင်းသတင်းများကို Wikileak သတင်း Website သို့ပေးပို့ခဲ့သော Bradley Manning တို့ပါဝင်လျက်ရှိသည်။

ထို့ပြင်၎င်း၏ ထင်ကြေးပေးခံရသူ စာရင်းတွင် အကြမ်းမဖက် လှုပ်ရှားရေး ဝါဒီ တစ်ဦးဖြစ်သူ အမေရိကန် ပါမောက္ခ ဂျင်းရှပ် လည်း ပါဝင်လျက် ရှိသည်။

From : 7day

ယခုနှစ်အတွက် နိုဗယ်ဆုရာသီစတင်နေပြီဖြစ်ရာနိုဗယ်ငြိမ်းချမ်းရေးဆုအတွက် ခန့်မှန်းချက်များ တွင် မြန် မာနိုင်ငံ သမ္မတ ဦးသိန်းစိန်၏ အမည်လည်းပါဝင်ကြောင်းသိရသည်။

နိုဗယ်ငြိမ်းချမ်းရေးဆုကော်မတီက အမည်စာရင်းတင်သွင်းခံရသူများ၏ အမည်များကို ထုတ်ဖော်ပြော ကြားလေ့မရှိပေ။ သို့သော် နော်ဝေးနိုင်ငံ အော်စလိုမြို့မှ ငြိမ်းချ

မ်းရေး သုတေသန အင်စတီကျူဒ်၏ အကြီးအကဲ မစ္စတာ ခရစ်ရှန်ဘာ့ဂ်ဟာဗီကင်က ငြိမ်းချမ်းရေး ကော်မ တီ၏ လုပ်ပုံကိုင်ပုံကိုလေ့လာပြီး နှစ်စဉ်ပင် ဆုရနိုင်ခြေရှိသူအတိုချုပ်စာရင်းကို ထုတ်ပြန်လေ့ရှိသည်။

သမ္မတဦးသိန်းစိန်သည် မစ္စတာ ဟာဗီကင်၏ စာရင်းတွင် ရုရှားအခွင့်အရေးအုပ်စု Memorial နှင့် ယင်း အဖွဲ့တည်ထောင်သူ မစ္စဆဗက်လာနာဂန်းနုရှ်ကီနာ၊ အမှီအခိုကင်းရုရှားမီဒီယာအဖွဲ့ Echo of Moscow နှင့်ယင်းအဖွဲ့တည်ထောင်သူ မစ္စတာ

အလက်စီဗီနီဒစ်တော့ဗ်တို့နှင့် အတူပါဝင်လာခြင်းဖြစ်သည်။ ဘာသာရေးအား လွှဲမှားစွာ အသုံးပြုခြင်းကို ဆန့်ကျင်သူ နိုင်ဂျီးရီးယားနိုင်ငံသား နှစ်ဦးလည်း အဆိုပါစာရင်းတွင် ပါဝင်သည်။

ယခုနှစ်အတွက် ပထမဦးဆုံး ကြေညာမည့် ဆေးပညာနိုဗယ်လ်ဆုအား စတော့ဟုမ်းလ်မြို့တွင် ယနေ့စ တင်ကြေညာမည်ဖြစ်ပြီး ငြိမ်းချမ်းရေး နိုဗယ်ဆုအားအောက်တိုဘာ ၁၂ ရက်တွင် ကြေညာ မည်ဖြစ်ကြောင်း သိရသည်။

From : Popular

ယခုနှစ်ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်လျာထားစာရင်းတွင် နိုင်ငံတော်သမ္မတဦးသိန်းစိန် ပါရှိနေကြောင်း AFP သတင်းအရသိရသည်။

နိုဘယ်ငြိမ်းချမ်းရေးဆုကော်မတီကအမည်စာရင်းတင် သွင်းခံရသူများ၏အမည်များကို ထုတ်ဖော်ပြော ကြားလေ့မရှိသော်လည်း နော်ဝေနိုင်ငံအော်စလိုမြို့ ငြိမ်းချမ်းရေးသုတေသန အင်စတီကျု့အကြီးအကဲ Mr.Kristian Berg Harpviken ကအဆိုပါကော်မတီ၏ လုပ်နည်းလုပ်ငန်းကို လေ့လာပြီး ဆုရရှိနိုင်ခြေရှိသူ လျာထားအတိုချုပ်စာရင်းအား နှစ်စဉ်ထုတ်ပြန်လေ့ရှိသည်။
ယခုနှစ်အတွက် ထုတ်ပြန်သော ငြိမ်းချမ်းရေးနိုဘယ်ဆုလျာထားစာရင်းတွင် သမ္မတဦးသိန်းစိန်နှင့်အတူ အကြမ်းမဖက်ငြိမ်းချမ်းစွာ တော်လှန်ရေးဆိုင်ရာ ကျွမ်းကျင်သူ အမေရိကန်နိုင်ငံသား Dr . Sharp ၊ရုရှားသူ အခွင့်အရေးအုပ်စု Memorial တည်ထောင်သူ Ms Svetlana Gannushkina ၊ အမှီအခိုကင်းသော ရုရှားမီဒီယာအဖွဲ့ Echo of Moscow တည်ထောင်သူ Mr Alexei Venediktov ၊ဘာသာရေး အားလွဲမှား စွာအသုံးပြုခြင်း ကိုဆန့်ကျင်သူ နိုင်ဂျီးရီးယား နိုင်ငံသားနှစ်ဦးတို့ ပါဝင်ကြသည်။ငြိမ်းချမ်းရေးနို ဘယ်ဆုရှင် အား အောက်တိုဘာလ ( ၁၂ )ရက်တွင်ကြေငြာမည်ဖြစ်သည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်