Tuesday, October 09, 2012

'' Facebook Account တွေ အဖျက်ခံရတော့ မှာလား ဘယ်လိုလုပ်မှာလဲ"

Posted by drmyochit Tuesday, October 09, 2012, under | No comments

 
အောက်မှာမြန်မာလိုရေးသာထားပါတယ်။

his coming 11pm,all facebook account will be CUT. This is according from the creator of facebook. All the activities that was being done this time will be delay, SORRY FOR THE INCONVENIENCE. To save you're facebook accounts,

please forward this message to 25 FB users for us to make sure that you are active user of FB. If can't pass this to 25 users you're account will be cut without any hesitancy
"911"
Chat Conversation End
FB က . . .
Communication Rule အသစ်တစ်ခုချမှတ်လိုက်ပြီ .....ဖွင့်ပြီး မသုံးတဲ့ Account တွေဆို . . .

ဖျက်ပစ်မယ် . . .
အဲ့အတွက်ကို လက်ရှိ သုံးကြောင်း . . .
Activate User 25 ယောက်ကို . . .
ပို့ပေးရမယ် . . .
ဒါကို ကူးပြီးတော့ . . .
မဟုတ်ရင် မသုံးဘူးလို့ ယူဆပြီးတော့ . . .
ဖျက်တဲ့ထဲမှာ ပါသွားနိုင်တယ် . . .
အကောင့်ပေါင်း 1 သန်းကျော်ကို ဖျက်ပစ်မှာတဲ့ ဒီစာကိုFB Chatbox ကနေ . . .
လိုက်ပို့ရမှာ . . .. မြန်မြန်လုပ်ထားနော် . . .
ဒီနေ့ ည ဘက်က Last Date . . .

ကဲ.............. အထက်ပါ စာမျိုးတွေ ကိုယ့် ဆီရောက်လာပါပြီဆိုပါတော့  သင့် အနေနဲ့  အနည်း ငယ်တော့ လန့်သွားမယ်ထင်တယ်သေချာပါတယ်လန့် ကိုလန့် သွားမှာပါ ပြီးရင် ဘာလုပ်မလဲ သူပြောထားတဲ့ အ တိုင်းပဲပေါ့  ဒီစာကိုပြန် Share တော့ မှာပေါ့ ဟုတ်တယ်မလား

ဘာကြောင့် လဲဆိုတော့ ကိုယ့် ရဲ့  Facebook Account လေး အဖျက်ခံရမှာကြောက်လို့ ပေါ့  ဟဲ ဟဲ Face -book သုံးစွဲသူ 100 ရှိရင် 99 ယောက်ကတော့ သေချာပေါက် ကိုခုပြောထားတဲ့ အတိုင်းပဲ လုပ်ကြမယ် ထင်ပါတယ်ကျန်တဲ့တစ်ယောက်ကတော့မလုပ်ဘူး(ကျွန်တော်ပဲ:P)ဘာကြောင့် လဲဆိုတော့  ကျွန်တော့် မ လုပ်လဲကျွန်တော့်အကောင့်အဖျက်ခံရမှာမဟုတ်လို့ပါ အဲ့ဒါကြောင့်ကိုယ့်ရဲ့Facebook Account လေးပျက် သွားမှာကိုသိပ်ပြီးတော့ကြောက်မနေပါနဲ့အိုကေဗျာကြောက်နေတယ်ဆိုရင်တော့အားပေးစကားလေးပြောချင် တယ် ဒါပေမယ့် အရင်မေးခွန်းလေးနည်း နည်းလောက်ဖြေ ကြည့် ပေးပေါ့ 

နံပါတ် ( 1 )သူငယ်ချင်းအနေနဲ့  Facebook ကို
တနေ့ တခါသုံးဖြစ်လား ? မသုံးဖြစ်ဘူးလား ?

ဟုတ်ပြီ နံပါတ် ( 2 ) တပတ်တခါရောသုံးဖြစ်လား ? မသုံးဖြစ်ဘူးလား ?
နံပါတ် ( 3 ) တလတခါရော သုံးဖြစ်ရဲ့ လား ? မသုံးဖြစ်ဘူးလား ?

နံပါတ် ( 4 ) တနှစ် နေလို့ တောင်မှတခါလောက်တောင် သုံးဖြစ်ရဲ့ လား မသုံးဖြစ်ဘူးလား ?

ဟုတ်ပီ ကျွန်တော် ဘာကြောင့် ဒါတွေမေးလဲဆိုတာပြောပြမယ် ဒီမေးခွန်းတွေရဲ့ အဖြေတွေမှာ နံပါတ်စဉ် 1 ကနေ 3 အထိကို မသုံးဖြစ်ဘူးလို့ ဖြေခဲ့ ရင်တောင် သင့် ရဲ့ အကောင့် အဖျက်ခံရမှာမဟုတ်ပါဘူး နံပါတ်စဉ် 4 ထိသာ မသုံးဖြစ်ဘူးဆိုတဲ့ အဖြေကို ဖြေခဲ့ မိရင်တော့  သေချာပါပြီ သင့် ရဲ့ အကောင့် ကို အဖျက် ခံရဖို့  99 % ရာခိုင်နှုန်းသေချာသွားပါပြီ ကျွန်တော်သေချာပြောရဲ

တာကတော့ လလောက်ထိမသုံးဖြစ်တဲ့ အကောင့် ဥပမာပေါ့  တလတခါ နှစ်လ တခါပေါ့  အဲ့ လောက်မှ အသုံး မပြုဖြစ်တဲ့ အကောင့် တွေကတော့ သိပ်ပြီးတော့ ကြောက်ဖို့ မလိုသေးပါဘူး ဒီထက် လပိုသွားတာ မျိုး 5 လကနေ တနှစ်လောက်ထိ မသုံးပဲနေလိုက်မိတဲ့ အကောင့် ဆိုရင်တော့  အဖျက်ခံရ ဖို့ နီးစပ်သွားပါပြီ အိုကေဗျာ.... ဒီနေရာမှာ ဥပမာတခုလောက်ပြောပြမယ် ဗျာ သင့် အနေဲ့ အကြောင်း အမျိုးမျိုးကြောင့်  ဖေ့ ဘွတ်ကို မသုံးဖြစ်ခဲ့ ဘူး ( လများစွာကြာသွားတယ် ...နှစ်နဲ့ တောင်ချီသွားတယ် ) ဆိုပါလျှင် သင့် အကောင့် အဖျက်ခံရပြီပေါ့  ဒီနေရာမှာ သင်ဟာ နိုင်ငံတခု သို့ မဟုတ် စီးပွားရေး လုပ်ငန်း တခုခုမှာ အရေးပါအရာရောက်နေသူ တစ်ဦးတစ်ယောက်ဖြစ်နေခဲ့ မယ် ဆိုပါလျှင် ( ဒါကဥပမာပေးတာပါ ရိုးရိုးသာမန် User တစ်ယောက်အနေဲ့ လဲ ဒီအခွင့် အရေးမျိုးရနိုင်ပါတယ် ) မတတ်သာလို့ ဖေ့ ဘွတ်ကို မသုံးဖြစ်ခဲ့ တာပါဆိုလျှင် သင် သုံးစဉ်က သိမ်းဆည်းထားခဲ့တဲ့Data တွေ ကိုပြန်လိုချင်ရင် နှမြောတ သဖြစ်ပီးတော့ဒီတိုင်းပဲထိုင်ပြီးနေမလား ပြန်ရဖို့ကြိုးစားမလား ဟုတ်ပီဗျာ အဲ့ဒီအချက်အ လက်လေးတွေပြန် လိုချင်လို့  သင့် ရဲ့ အဖျက်ခံလိုက်ရတဲ့  Facebook Account လေးကိုနှစ်တွေ ကြာမှပြန် လို ချင်တယ်ဆိုရင် ဒီလိပ်စာ https://www.facebook.com/help ကိုသာမှတ်ထားလိုက်ပါ အဲဒီနေ ရာမှာသင့်ရဲ့ အကောင့် ကိုပြန်လိုချင်ပါတယ်ဆိုပြီးတော့ အထောက်အထားခိုင်ခိုင်လုံလုံပြသနိုင်တယ် သင့်အတွက် ဒီအကောင့်က အချက်အလက်တွေက အရမ်းကိုအရေးကြီး လို့ပါဆိုပါ လျှင်သူ တို့ ဆီမှာပြန်လည်တောင်းဆိုပြီး သင့် ရဲ့ ကိုယ်ပိုင် Data ( အချက်အလက် ) တွေကို ပြန်လည်ရယူ နိုင်ပါ တယ် ဒါပေမယ့်အရေးကြီးတာက အဲ့ဒီအကောင့်ကိုသုံးတဲ့E- Mail လေးရှိနေဖို့ တော့ လိုတယ်ဗျနော် ;) သင့်ရဲ့အကောင့်ဟာပြစ် မှုတွေကျူး လွန်ထားမျိုး အဓိကရုဏ်တွေဖြစ်ပွားအောင် ဖန်တီးခဲ့ တာ မျိုး နောက်ဆုံး ကုန်ကုန်ပြောရရင် လုပ်ကြံဖန် တီးထား တဲ့အကောင့်မဟုတ်ဘူး ဆိုရင်ပြန်လည်ရ ယူဖို့ အဆင်ပြေပါလိမ့်မယ် ဘာလို့လဲဆိုတော့  Face -book Community ကသင့် ရဲ့ အချက် အလက်တွေကို ဒီတိုင်း ပြီးစလွယ်ဖျက်ပစ်သွားမှာမဟုတ်လို့ ပါ သူ့ တို့ က သင့် ရဲ့  Profile,Page, Group တွေက Data တွေကို ဖျက်မပစ်ပဲနဲ့  တကယ်အသုံးမပြုတော့ တာတို့ (လုပ်ကြံဖန်တီးထား တာ ) တို့  မှန်ရင်တော့အသုံးပြုလို့ မရတော့ အောင် ပိတ်ပဲပိတ်ပစ်ပြီး အချက် အလက်တွေ ကိုတော့ သူ တို့ ရဲ့ှဆာဗာထဲမှာ သိမ်းဆည်းထားမှာပါ အဲ့ ဒါကြောင့် သူငယ်ချင်းတို့ အနေနဲ့  ကိုယ့်အကောင့်လေးပျက်မှာပူမနေကြပါနဲ့  ဗျာ ကျွန်တော်သိပါတယ် ဖေ့ဘွတ် သုံးနေကျလူတွေ တနေ့ ကို အနည်းဆုံး တခါလောက် Notifications လေးတွေမဖတ်ရရင် Comment လေးတွေ မပေးရရင် Photo လေးတွေများ မတင်ရရင် မနေနိုင်ကြဘူးဆိုတာကို သိထားပါတယ်။ အဲ့ ဒီတော့ အနော် ပြော တဲ့  တလတခါ တနှစ် တခါလောက်တောင် မသုံးဖြစ်လို့ အကောင့်  အဖျက်ခံရ မယ့်သူစာရင်း ထဲမှာမပါဘူးဆို တာသေချာနေပါတယ်

ဗျာ ဒါကြောင့် ပူပန်တွေးတောပြီးကြောက်မနေကြပါနဲ့  အားတိုင်းလိုက်ပီးတော့  Share မနေကြပါနဲ့  အမြင် ကတ်စရာဖြစ်နေပါဦးမယ် Share ချင်ရင်တော့ ဒီပို့ စ်လေးကို သာရှဲပေးဗျာ ဒါကအကောင်းဆုံးပါ အိုကေ .............. ;)

သင့်ရဲ့ facebook Account နဲ့ ပါတ်သက်လို့ လေ့လာချင်တယ်ဆိုရင်တော့  https://www.facebook.com/help/search/?q=how+do+i+delete+my+account နေရာလေးမှာသွားရောက်လေ့  လာလို့ ရပါ တယ်ဗျာ

မူရင့်လင့် ဒီမှာ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်