Saturday, October 20, 2012

ကေအိုင်အေ၏ စည်းကမ်းမဲ့ မိုင်းထောင် တိုက်ခိုက် မှုကြောင့် အပြစ်မဲ့ ရွာသားများ သေဆုံး

Posted by drmyochit Saturday, October 20, 2012, under | No comments



(နေပြည်တော် - အောက်တိုဘာ ၁၉)
ကချင် ပြည်သူလူထု အကျိုးနှင့် လူထု ကိုယ်စားပြု အဖွဲ့အဖြစ် ကြွေးကြော် နေသည့် ကေအိုင်အေ၊ ကေအိုင်အေသည် မိုင်းခွဲ ၊ လူသတ် ၊ ဆက်ကြေး တောင်းခြင်း ကိုသာ ဆောင်ရွက် လျက်ရှိရာ အောက်တိုဘာ ၁၇ ရက် ည ၁၀ နာရီခန့်တွင် ကေအိုင်အေ အဖွဲ့ တစ်ဖွဲ့သည် ဖားကန့်မြို့နယ် ၊ မှော်ဝမ်း ရပ်ကွက် ၊ မှော်မောင်း ကုန်း ကျေးရွာသို့ ရုတ်တရက် ဝင်ရောက် လာပြီးရွာမှ မြို့အပြင်စည်း လုံခြုံရေး တာဝန် ထမ်းဆောင် နေသည့် တပ်မတော် စစ်ကြောင်း တစ်ခုအား လက်နက်ကြီးဖြင့် နှောက်ယှက် ပစ်ခတ်သဖြင့် လုံခြုံရေး တပ်ဖွဲ့များမှ ပြန်လည် ပစ်ခတ်ခဲ့ ရပါသည်။ ကေအိုင်အေ၏ လက်နက်ကြီး ပစ်ခတ်သံ များကြောင့် မှော်မောင်းကုန်း ရွာသားများ ရွာအပြင်သို့ ထွက်ပြေး တိမ်းရှောင်ကြရာ ကေအိုင်အေ အဖွဲ့ ထောင်ထားသော တိုက်မိုင်း ၁ လုံး တိုက်မိ ပေါက်ကွဲသဖြင့် ဂွမ်ယော်တန် ဂွန်း (ဘ) ဦးဂွန်ယော်ဂမ် သေဆုံးခဲ့ပြီး မောင်ဆဂလဂျာ  (ဘ) ဦးဆဂဂျာနော် နှင့် မောင်ဇော် ဆိုင်း (ဘ) ဦးဂွန်ဂျာတို့ မိုင်းစ ထိမှန် ဒဏ်ရာ ရခဲ့ပါသည်။
ကေအိုင်အေ အနေဖြင့် ၎င်းတို့၏ အကြမ်းဖက် လုပ်ရပ်ကို ဖုံးကွယ် လိုသဖြင့် မီဒီယာ များမှ တစ်ဆင့် တပ်မတော် အပေါ် သတင်း အမှားများ ထုတ်လွှင့် လျက် ရှိသည်ကို ဒေသခံ များမှ သိရှိသဖြင့် ကေအိုင်အေ တို့၏ အကြမ်းဖက် လုပ်ရက် များအပေါ် ရွံရှာ မုန်းတီး လျက် ရှိကြောင်း သတင်း ရရှိသည်။

From: မြ၀တီ 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်