Saturday, October 20, 2012

လေးရာစုမှ ရောမခေတ်သုံး ရွှေဒင်္ဂါးပြားများ လန်ဒန်မြို့တွင် ရှာဖွေတွေ့ရှိ

Posted by drmyochit Saturday, October 20, 2012, under | No comments


 
လန်ဒန်  အောက်တိုဘာ  ၁၉
ဗြိတိန် နိုင်ငံမှ အပျော်တမ်း ရှေးဟောင်းပစ္စည်း ရှာဖွေသူ တစ်ဦးသည် လေးရာစု ကာလ အတွင်းမှ ရောမ ခေတ် သုံး ရွှေဒင်္ဂါးများကို လန်ဒန်မြို့ မြောက်ဘက် ၂၂ မိုင် အကွာရှိ စိန့်အယ်လ်ဘမ် မြို့ရှိ ပုဂ္ဂလိကပိုင် မြေကွက်တစ်ခု အတွင်း၌   ရှာဖွေ တွေ့ရှိခဲ့ကြောင်း အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။ ရှာဖွေ တွေ့ရှိသည့် ရွှေဒင်္ဂါးပြား အရေအတွက်မှာ ၁၅၉ပြားရှိပြီး ၎င်းတို့ကိုစိန့်အယ်လ်ဘမ် မြို့ရှိ Verulamium ပြတိုက်တွင် ခင်းကျင်း ပြသ သွားမည် ဖြစ်ကြောင်း သိရသည်။ သို့ရာတွင် ထိုဒင်္ဂါးပြား များအား ရှာဖွေ တွေ့ရှိခဲ့သည့် နေရာ အတိအကျ ကို ဖော်ပြခြင်း မရှိခဲ့ပေ။

၎င်းဒင်္ဂါးပြား များ၏ တန်ဖိုးမှာ ခန့်မှန်းခြေ အားဖြင့် စတာလင်ပေါင် ၁ဝဝဝဝဝ သို့မဟုတ် အမေရိကန် ဒေါ်လာ ၁၆ဝဝဝဝ ခန့် တန်ဖိုးရှိကြောင်း သိရသည်။ ထိုဒင်္ဂါးပြား များကို ရောမခေတ်က လယ်မြေများ သို့မဟုတ် ကုန်တင် သင်္ဘောများ ဝယ်ယူခြင်း ကဲ့သို့ ရောင်းဝယ်ရေး လုပ်ငန်းများတွင် အဓိက အသုံးပြုမည်ဟု ခန့်မှန်း ရကြောင်း ပြ တိုက်မှ တာဝန် ရှိသူများက ပြောကြားခဲ့သည်။

Form: မြ၀တီ 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်