Saturday, October 20, 2012

ဖားကန့်-မိုးကောင်းသွားလမ်း ၆-မိုင်ကျေးရွာအနီး မိုင်းပေါက်ကွဲမှု ဖြစ်ပွား

Posted by drmyochit Saturday, October 20, 2012, under | No comments



ဖားကန့်မြို့၊ တာမခံကျေးရွာ၊ ရပ်ကွက်(၇)၊ အမှတ်(၇၂)နေ ဦးဝင်းမြင့်ထွန်း(ခ) ဖိုးလုံး (၅၃)နှစ်သည် ၁၆-၁၀-၂၀၁၂ ရက်နေ့တွင် မိုးညှင်းမြို့နယ်၊ ဘီလူးကျေးရွာအုပ်စု၊ ဘုံချောင်းကျေးရွာတွင် ဇနီးဖြစ်သူ သေဆုံး သွားသဖြင့် သမီးဖြစ်သူ မမေချိုလွင်(၁၇)နှစ် ၉ တန်း ကျောင်းသူ တွဲဘက် အထက (တာမခံ)နှင့်အတူ ဘုံချောင်းကျေးရွာသို့ သွားရောက်ခဲ့သည်။ ဖားကန့်-မိုးကောင်းလမ်းအတိုင်း ဆိုင် ကယ်ဖြင့် မောင်းနှင်လာရာ လုံးခင်းကျေးရွာအုပ်စု၊ ၆ မိုင်ကျေးရွာအနီး အရောက်တွင် ကေအိုင်ကေ (ကချင်)အဖွဲ့မှ ထောင်ထားသော မိုင်းအား နင်းမိပေါက်ကွဲခဲ့သည်။ မိုင်းပေါက်ကွဲမှု ဖြစ်ပွားရာ အနီးတစ်ဝိုက် ကားလမ်းဝဲဘက်ရှိ တောင်ယာတဲအတွင်းမှ ကေအိုင်ကေ(ကချင်)အဖွဲ့ (၅)ဦးခန့်သည် အရပ် ၀တ်ဖြင့် ထွက်လာပြီး ဖြစ်ပွားမှု အနီးကျန်ရှိသော ၀ါယာကြိုးစများအား သိမ်းဆည်း၍ ကားလမ်း ၀ဲဘက်ခြမ်း သို့ ပြန်လည်ထွက်ခွာသွားကြောင်း သတင်းရရှိသည်။ မိုင်းပေါက်ကွဲမှု ဖြစ်စဉ်အားသိသိခြင်း တပ်မတော် စစ်ကြောင်းများမှ လိုက်လံရှင်းလင်းဆောင်ရွက်ပြီး ထိခိုက်ဒဏ်ရာရရှိသူ များအား ဖားကန့်ပြည် သူဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုရရေးအတွက် ကူညီဆောင်ရွက်ပေးခဲ့သည်။ ဦးဝင်းမြင့် ထွန်း မှာ စိုးရိမ်ရပြီး ၊ မမေချိုလွင်မှာ စိုးရိမ်စရာမရှိကြောင်းသတင်းရရှိသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်