Saturday, October 20, 2012

ဘန်ကောက်ကို တရားမ၀င်သွားမယ့် ၄၂ ဦး နယ်စပ်မှာမိ

Posted by drmyochit Saturday, October 20, 2012, under | No comments



ဘန်ကောက်မြို့မှာ အလုပ်လုပ်ဖို့ ထိုင်း-မြန်မာနယ်စပ် မဲဆောက် ကနေ တဆင့် သွားရောက်ဖို့ ကြိုးစားတဲ့ မြန်မာ နိုင်ငံသား ၄၂ ယောက်ကို ဒီကနေ့ ဖမ်းမိတယ်လို့ သိရပါတယ်။  သူတို့ရဲ့ လှုပ်ရှားမှုကို သတင်းရ တဲ့အတွက် ထိုင်းအာဏာပိုင် အင်အား ၂၀ လောက်က မဲဆောက် မြို့ပြင် တနေရာမှာ သွားရောက် ဖမ်း လိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။  


အဖမ်းခံရတဲ့သူအထဲမှာ အမျိုးသားက ၃၃ ယောက် ပါဝင်ပြီးတော့ ၉ ဦးကတော့ အမျိုးသမီး တွေပါ၊ ထိုင်း အာဏာပိုင်တွေက သူတို့အားလုံးကို မကြာခင် နယ်စပ်ကနေ တဆင့် မြန်မာပြည်ဘက် ပြန်ပို့သွားမယ်လို့ ဆိုပါတယ်။
အဖမ်း ခံရတဲ့ သူတွေ အထဲက ၃၇ နှစ်အရွယ် မောင်အောင်ကျော်က “ကျနော်ကတော့  ဘန်ကောက်မှာ အလုပ်သွား လုပ်ဖို့ ပွဲစားနဲ့ အဆက်အသွယ် လုပ်ပြီးတော့ မြ၀တီမြို့ နယ်ကနေ လာတာပါ၊ ပွဲစားကိုလည်း စရံငွေ ဘတ် တသောင်း  ပေးထားပါတယ်” လို့ ပြောပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်