Saturday, October 20, 2012

ဖားကန့်တွင် KIA နှင့် အစိုးရတပ်များ လက်နက်ကြီးများဖြင့် အပြန်အလှန်ပစ်ခတ်

Posted by drmyochit Saturday, October 20, 2012, under | No comments



(ဖားကန့်မြို့ပေါ်ရှိ အစိုးရတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့၍ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ရဲဘော် နှစ်ဦးနှင့် ဒေသခံရွာသား သုံးဦး သေဆုံးခဲ့ပြီး ငါးဦး ဒဏ်ရာရှိခဲ့သည်)ဟု ချင်းမိုင်(မဇ္စျိမ) သတင်းဌာနမှ ရေးသားထားခြင်းနှင့် DVB သတင်းဌာနက ရေးသားဖေါ်ပြထားသည့် (ကချင်ပြည်နယ်ဖားကန့်မြို့နယ် မှော်မောင်ကုန်းရွာမှာ မနေ့ညက လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ဆယ်အိမ်မှူး အပါ အ၀င် ရွာသား ၆ ဦးသေဆုံးပြီး ၅ ဦး အပြင်းအထန် ဒဏ်ရာရရှိသွားပါတယ်) ဟု ရေးသားထားသည်ကို လည်းကောင်း တွေ့ရှိရသဖြင့် ဖြစ်စဉ်အမှန်အား သိရှိစေရေး တာဝန်ရှိသူများအား ဆက်သွယ် မေးမြန်း ခဲ့ပါတယ်။
ဖြစ်စဉ်အမှန်မှာ အောက်တိုဘာလ(၁၇)ရက်နေ့ ည ၁၀ နာရီခွဲခန့်တွင် KIA တပ်မဟာ(၂) လက်အောက် ခံ တပ်ရင်း(၆)မှ အင်အား(၃၀)ဦးခန့်သည် ဖားကန့်မြို့နယ်၊ မှော်မောင်းကုန်းတွင် နေရာယူ၍ အစိုးရ တပ်စ ခန်းနေ ရာဖြစ်သော မြောက်ဖြူမှော်နေရာသို့ လက်နက်ကြီးဖြင့် စတင်ပစ်ခတ်ခဲ့ရာ အစိုးရတပ်မှ လဲလက် နက်ကြီးဖြင့် ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရပြီး ထိုသို့ ပစ်ခတ် မှုကြောင့် မှော်မောင်းကုန်းတွင် နေရာယူ ထားသော KIA ဗိုလ်ကြီး ဆကနော် အပါအ၀င်(၅)ဦး သေဆုံး၍ (၃)ဦးဒဏ်ရာ ရရှိခဲ့ကြောင်းနှင့် (၁)ဦးမှာ ပျောက်ဆုံးနေ ကြောင်း သိရပါသည်။ ထိုသေဆံး သွားသူများ မှာ အခြား သတင်း ဌာနများတွင် ဖေါ်ပြထားသော အရပ်သားများ မဟုတ်ဘဲ KIA တပ်ဖွဲ့ဝင်များ ဖြစ်ကြောင်း သိရ ပါတယ်။
``မနေ့ညက လက်နက်ကြီးတွေ အပြန်အလှန်ပစ်ကြတာ KIA တွေက ကျွန်တော်တို့ ရပ်ကွက် ထဲမှာ ၀င်နေပြီး ပစ်တာ၊ သူတိုတွေလဲ ပုဆိုးတွေ ၀တ်ထားတယ်။ အကုန်လုံး အရပ်ဝတ်တွေနဲ့ပဲ။ သူတို့က အရပ်သားတွေကို အကာအကွယ် ယူချင်တဲ့ သဘောဖြစ်မယ်ထင်တယ်၊ ဒါပေမယ့် ကျွန်တော်တို့က ရှောင်ပြေး တာပေါ့၊ သူတို့နဲ့ အဝေးကြီးမှာ သွားနေတာ၊ အဲဒီညက စစ်တပ်က ပြန်ပစ်တဲ့ လက်နက်ကြီးတွေ မှန်ပြီး KIA (၅)ယောက် သေသွားတယ်၊ ဒဏ်ရာရသွားတဲ့သူတွေလဲ ရှိတယ်။ ည ၁၂ နာရီလောက် ကျတော့ သေတဲ့သူတွေရဲ့ အလောင်းတွေရော၊ ဒဏ်ရာရတဲ့သူတွေကိုရော ကားနဲ့ သယ်သွား တယ်။ KIA က ပစ်လိုက်လို့ စစ်တပ်ကတော့ ဘာဖြစ်တယ် ဆိုတာတော့ မသိဘူး၊ ဒီဘက် မှာတော့ စစ်တပ်ကပစ်လိုက်တာတွေက KIA တွေ သေကုန်တာပဲ၊ ဒါ့အပြင် KIA တွေ နေရာယူထားတဲ့ အိမ်က မောင်ဇော်ဆိုင်းဆိုတဲ့ တစ်ယောက်တော့ လက်နက်ကြီးစတွေ မှန်ပြီး ဒဏ်ရာတော်တော် ရသွားတယ်´´ ဟု မှော်မောင်းကုန်း ကျေးရွာမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
အဆိုပါ ဒဏ်ရာရရှိသွားသော မောင်ဇော်ဆိုင်း(၁၆)နှစ်အား ရွာမှ ဖားကန့်ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ထားကြောင်းနှင့် သေဆုံးဒဏ်ရာရသူ KIA ဗိုလ်ကြီးဆကနော် နှင့်ကျန် (၄)ဦး၊ ဒဏ်ရာရသူ (၃) ဦးတို့ အား တပ်ရင်း(၆)သို့ ပြန်လည် ခေါ်ဆောင်သွားကြောင်း သိရသည်။
ဒဏ်ရာ ရရှိသေဆုံးသူများနှင့် ပတ်သက်၍ ဖားကန့်ပြည်သူ့ဆေးရုံသို့ ဆက်သွယ်မေးမြန်းခဲ့ရာ ဖားကန့်မြို့နယ် မှော်မောင်းကုန်း ရွာနေသူ မောင်ဇော်ဆိုင်း အသက်(၁၆)နှစ် (ဘ) ဦးခွန်ဂျာ၊ တစ်ဦးတည်းသာ လက်နက်ကြီးမှန်၍ ၀မ်းဗိုက်နှင့် ရင်ညွှန့်ဒဏ်ရာများကြောင့် ရောက်ရှိ လာခြင်းဖြစ် ကြောင်း တာဝန်ကျဆရာဝန်တစ်ဦးမှ အတည်ပြု ပြောကြား ပါတယ်။
KIA တို့သည် အောက်တိုဘာလထဲတွင် လူအင်အား၊ လက်နက်အင်အား မလုံလောက်ခြင်းကြောင့် တိုက်ခိုက်ရေး နည်းဗျူဟာ ပြောင်းလဲပြီး မြို့တွင်း/ရွာတွင်း လူသွားလူလာများကို အကာအကွယ်ပြု၍ အစိုးရ စစ်ကြောင်းများအား ထိုးစစ်ဆင် တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ ပြည်သူ များနေထိုင် ရာနေရာများ တွင် အစိုးရတပ်များကို စောင့်ကြို၍ စတင်ပစ်ခတ် တိုက်ခိုက်သဖြင့် အစိုးရတပ်များမှ ပြန်လည် ပစ်ခတ် ရန် ကန့်သတ်ချက်ရှိခြင်းကို အခွင့်ကောင်းယူကာ တိုက်ခိုက်ခြင်းဖြင့် KIA ဘက်မှ ထိခိုက်ကျဆုံးမှုကို ကာ ကွယ်နိုင်ရန်ဖြစ်ကြောင်း၊ သို့သော် ယခုတစ်ကြိမ်တွင် ညလဲဖြစ်နေ၍ အစိုးရတပ်မှ နေရာမခွဲခြားနိုင် ဘဲ ပြန်လည်ပစ်ခတ်ခြင်းကြောင်း KIA တို့ အထိနာသွားခြင်းဖြစ်ကြောင်း ဖားကန့်မြို့ခံ စစ်ရေး စိတ်ဝင်စား သူ တစ်ဦးက ဆိုသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်