Saturday, October 20, 2012

KIA က ၀ိုင်းမော်မြို့နယ်မှာ လူ(၅၀)ဦးအားလူသစ်အဖြစ် ဖမ်းဆီး

Posted by drmyochit Saturday, October 20, 2012, under | No comments



KIA တပ်မဟာ(၅)လက်အောက်ခံ တပ်ရင်း(၃၀)မှ ဗိုလ်ကြီး လဂွမ်ဘော ဦးဆောင်သော အင်အား (၃၀)ဦး ခန့်ဟာ လက်နက်ငယ်ကိုယ်စီဖြင့် ၀ိုင်းမော်မြို့နယ် ရှငေါ်ရွာအနီးရှိ မနောကမ္ဘာ ရွှေတူးဖော်ရေး လုပ်ကွက် အမှတ်(၃)မှ ရွှေတူး ဖော်ခြင်းလုပ်ငန်းလုပ်နေသူများနှင့် ရှငေါ်ရွာသူ/ရွာသား စုစုပေါင်း (၅၀)ဦးခန့်အား အောက်တိုဘာလ(၁၆)ရက်နေ့ ည(၁၀)နာရီတွင် KIA တပ်သားသစ်အဖြစ် လာရောက် ဖမ်းဆီး သွားကြောင်း သိရပါတယ်။

KIA တပ်ရင်း(၃၀)မှ ဖမ်းဆီးထားသည့် ဒေသခံ ကျား/မ(၅၀)ဦးအား ရှားငေါ်ချောင်းဖျားအထိ ခေါ်ဆောင် လာခဲ့ပြီး ရှားငေါ်ချောင်းဖျားတွင် အသက်အရွယ်ကြီးရင့်သူ၊ ကျန်းမာရေးမကောင်းမွန်သူ (၂၈)ဦး အား ပါလာသော ပိုက်ဆံနှင့် လက်ဝတ်လက်စားများကို ယူထားပြီး အောက်တိုဘာလ(၁၈)ရက် ည (၁၂) နာရီခွဲခန့်တွင် ပြန်လည်စေလွှတ် ပေးခဲ့ကြောင်း သိရပါတယ်။
KIA တို့ ဖမ်းဆီးခေါ်ဆောင်သွားသူ(၂၀)ဦးခန့်တွင် အမျိုးသမီးပျို(၈)ဦး ပါဝင်ကြောင်းနှင့် ၄င်းတို့အား ကောင်ရာစခန်း မှတစ်ဆင့် တပ်မဟာတပ်သားသစ်သင်တန်းကျောင်းသို့ ပို့ဆောင်မည်ဖြစ်ကြောင်း သိရ ပါတယ်။

KIA မှ ထိုသို့ အတင်းအဓမ္မလူသစ်အဖြစ်ဖမ်းဆီးနေရခြင်းမှာ KIA တပ်မဟာများအား လိုင်ဇာဌာနချုပ်မှ တစ်လ လျှင် တစ်မဟာတစ်ခုအတွက် လူသစ် (၂၅၀) ယောက်အား ရသည့်နည်းဖြင့် ရှာဖွေ သင်တန်းပေး ရန် ညွှန်ကြားထားသော ကြောင့်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် KIA တပ်များသည် လူသစ် ရရှိရေး အတွက် ရွာအလိုက်ခွဲတမ်းတောင်းခံခြင်း၊ တောင်ယာတဲများ၊ ရာဘာခြံများ ၊ ကျေးရွာ များနှင့် မြို့အစွန်များတွင် ၀င်ရောက်ဖမ်းဆီးခြင်းများဆောင်ရွက်နေရခြင်း ဖြစ်ကြောင်းသိရသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်