Saturday, October 20, 2012

လားရှိုးမြို့ တွင် ကုန်တင်ယာဉ်တစ်စီး ဘရိတ်ပေါက်ကာ လမ်းဘေးထိုးကျလာသဖြင့် တစ်ဦးသေဆုံး

Posted by drmyochit Saturday, October 20, 2012, under | No comments



လားရှိုးမြို့၊ ရပ်ကွက်(၂)၊ ပြည်ထောင်စု လမ်းမကြီးပေါ်၊ ရေပန်း လမ်းဆုံ အနီးတွင် အောက်တို ဘာလ ၁၉ ရက်နေ့၊ နေ့လယ်  ၁၂ နာရီအချိန်က သီပေါဖက်မှ မောင်းနှင် လာသော (၁၂)ဘီး ကုန်တင်ယာဉ် တစ်စီး သည် ဘရိတ် ပေါက်ကာ လမ်းဘေးသို့ ထိုးကျခဲ့ပြီး လမ်းဘေး လေထိုး ကျွတ်ဖာ ဆိုင်မှ အလုပ်လုပ်နေသူတစ်ဦးအား တိုက် ကြိတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ သီပေါဖက်မှ ယာဉ်မောင်း အောင်မျိုး၊ အသက်(၂၆)နှစ် (ဘ)ဦးဘသန်း၊ နမ့်ဆန် မြို့နယ် နေသူ မောင်းနှင် လာသော ယာဉ်အမှတ် ၂ခ/၈၈၄၉ (၁၂)ဘီး ကားသည် ဘရိတ် ပေါက်ကာ အရှိန် မထိန်း နိုင် ဘဲ၊ ရေပန်း လမ်းဆုံ အရောက်တွင် လမ်းဘေးရှိ ကျော်လေထိုး ကျွတ်ဖာ ဆိုင်အား တိုက်မိခဲ့ရာ ဆိုင်ရှေ့ တွင်ရပ် ထားသော ဆိုင်ကယ် (၂)စီးအား တိုက်ကြိတ်ကာ ကျော်လေထိုး ကျွတ်ဖာ ဆိုင်ရှေ့တွင် အလုပ် လုပ်နေသော ဦးမောင်မောင်လေး အသက်(၄၅)နှစ်အား တိုက်ကြိတ် ခဲ့ကြောင်း သိရသည်။ 


 ''လမ်းက ကုန်းဆင်းကြီးဆိုတော့ ကုန်ကားကြီးက ဘရိတ်ပေါက်ပြီး အရှိန်နဲ့ဆင်း လာတာ။ တယ်လီ ဖုန်း တိုင်နဲ့ သစ်ပင်ကို တိုက်ချပြီး လမ်းဘေး ရေမြောင်းထဲ ကျ သွား တာ'' ဟု ၄င်းအဖြစ်အပျက်ကို တွေ့ကြုံ ခဲ့သူကပြော ပါသည်။
အဆိုပါ ယာဉ်သည် မူဆယ် သို့ပို့ရန် ပြောင်း အိတ်များ တင်ဆောင် လာသော ကားဖြစ်ပြီး ၄င်းယာဉ် တိုက်မှုကြောင့် ကျော်လေထိုး ကျွတ်ဖာ ဆိုင်ရှေ့တွင် အလုပ် လုပ်နေသော ဦးမောင်မောင်လေး အသက် (၄၅)နှစ် အခင်းဖြစ်နေ ရာတွင် သေဆုံးခဲ့ပြီး၊

ယာဉ်မောင်းသူမှာ ဆေးရုံတွင် ဆေးကုသမှု ခံယူနေဆဲဖြစ်ကြောင်း သိရသည်။ အဆိုပါ ယာဉ်တိုက်မှု ဖြစ်စဉ်အား ယာဉ်အားကြံ့ခိုင်မှု စစ်ဆေးခြင်း မရှိဘဲ ယာဉ်မဆင် မခြင် မောင်းနှင်သူ  ၂ခ/၈၈၄၉(၁၂) ဘီးယာဉ် မောင်း အောင်မျိုး(ဘ) ဦးဘသန်းအား၊ လားရှိုးမြို့၊ အမှတ်(၁)ရဲစခန်းတွင်  ပ/၃၈၇/၂၀၁၂ ပြစ်မှုပုဒ်မ ၃၃၈/၃၀၄-ကဖြင့် အမှုဖွင့်ပြီး ရဲအုပ်စောဝင်းမှ စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။ 


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်