Sunday, October 13, 2013

ပုရိသတို့အကြိုက် Play boy မဂ္ဂဇင်းမှာ ဓာတ်ပုံရိုက်ခဲ့ဖူးသော မော်ဒယ်ဆရာမအား ကျောင်းသားမိဘအချို့က အလုပ်ဖြုတ်ပစ်ရန်တောင်းဆို

Posted by drmyochit Sunday, October 13, 2013, under | No comments


အမေရိကန်နိုင်ငံရှိ အထက်တန်းကျောင်း တစ်ခုမှ ဆရာမငယ် တစ်ဦးအနေဖြင့် အတိတ်ပုံရိပ် တစ်ခုကြောင့် အလုပ်အကိုင် နေရာအတွက် ဖိအားပေး ဆန့်ကျင်မှုများ ကြုံနေရကြောင်း သိရှိရသည်။ အသက်(၂၁)နှစ်သာ ရှိသေးသည့် ခရစ္စတီ နီကိုးလ် ဒီဝီစီသည် တက္ကဆက်ပြည်နယ်၊ ဒဲလက်စ်မြို့ရှိ တောင်းဗျူးမက်ဂ်နက် အထက်တန်းကျောင်းတွင် စပိန်ဘာသာ ဆရာမအဖြစ် တာဝန်ယူထားသူ ဖြစ်သည်။ သို့သော်လည်း သူမအနေဖြင့် Playboy မဂ္ဂဇင်းအတွက် ဓာတ်ပုံများ အရိုက်ခံခဲ့ဖူးကြောင်း မကြာသေးမီက ဖော်ထုတ် သိရှိလာသည့်နောက် ကျောင်းသားမိဘ အချို့က သူမကို အလုပ်ဖြုတ်သင့်ကြောင်း ဝေဖန် တောင်းဆိုမှုများ ရှိလာခဲ့သည်။ ယခုအခါ ခရစ္စတီ၏ အသက်(၁၈)နှစ် အရွယ်က ရိုက်ကူးထားသည့် အပေါ်ပိုင်း ဗလာကျင်း ဓာတ်ပုံများကို သူမစာသင်ပေးနေသည့် ကျောင်းသူကျောင်းသား အတော်များများက ဝေမျှ ကြည့်ရှုနေကြသည်။

ခရစ္စတီသည် လွန်ခဲ့သော (၃)နှစ်က Playboy၏ Code of the Month အစီအစဉ်တွင် ပါဝင်ခဲ့ဖူးကြောင်း ဖော်ထုတ် သိရှိလာသည့်နောက် ကျောင်းသားမိဘ အချို့က ဆယ်ကျော်သက်အရွယ် တပည့်များနှင့် ငယ်ရွယ်လွန်းသည့် Playboy မော်ဒယ်လ်ဟောင်း ဆရာမတို့ကြား ဆက်နွယ်လာနိုင်သည့် အခြေအနေ များကို ထောက်ပြ မေးခွန်းထုတ်လာသည်။ ခရစ္စတီကမူ သူမအနေဖြင့် လက်ရှိ အလုပ် အကိုင်ကို ပရော်ဖက်ရှင်နယ် ပီပီသသ ခံယူချက်မျိုးသာ ထားရှိကြောင်း တုံ့ပြန်ထားသည်။ ခရစ္စတီသည် ညှို့အားပြင်းပြင်း ဝတ်လစ်စားလစ် ဓာတ်ပုံများကို Outdoor ရိုက်ကူးခဲ့ဖူးပြီး အမျိုးသမီးချင်း စုံမက် သည့်ဟန် ကိုယ်ဟန်ပြမှုများလည်း ပြုလုပ်ခဲ့ဖူးသည်။


ထိုကိစ္စနှင့် ပတ်သက်ပြီး ခရစ္စတီကမူ "ကျွန်မက လောလောဆယ် စပိန်ဘာသာ သင်ကြားပေးနေတဲ့ ဆရာမ တစ်ယောက် ဖြစ်ပါတယ်။ ဒီထက်ပိုပြီး ဘာကိုမှ ကျွန်မ မစဉ်းစားဘူး"ဟု ပြောကြားခဲ့သည်။ ခရစ္စတီသည် ယင်းဓာတ်ပုံများကို ရိုက်ကူးခဲ့စဉ်က အထက်တန်းကျောင်းတွင် အလုပ်မဝင်သေးချေ။ တက္ကဆက်စ် ပညာရေးဌာန၏ ပြောရေးဆိုခွင့်ရ အမျိုးသမီး ဒက်ဘီ ရက်ကလစ်ဖ်က ခရစ္စတီ၏ ကိစ္စသည် မည်သို့မည်ပုံ ဖြေရှင်းပေးရမည် မသိသော ပြဿနာဟု ဝန်ခံခဲ့သည်။ "ဒါဟာ တရားမဝင်တဲ့ အခြေအနေတော့ မဟုတ်ဘူး။ ဒါပေမဲ့ ပညာရေး ဝန်ထမ်းတွေရဲ့ ကျင့်ဝတ်ပိုင်းကို ငဲ့ကြည့်ဖို့လည်း လိုတယ်။ ကျင့်ဝတ်အရ ကောင်းမွန်တဲ့ အမူအကျင့် လှုပ်ရှားမှုမျိုး ရှိဖို့တော့ လိုတယ်လေ"ဟု ရက်ကလစ်ဖ်က သုံးသပ်ခဲ့သည်။

ကျောင်းသားမိဘ တစ်ဦးက "ကျွန်မတို့ရဲ့ (၁၆)နှစ်သား ကလေးတွေက ဆရာမရဲ့ အဝတ်ဗလာကျင်းနဲ့ပုံကို ကြည့်ထားမိပြီးပြီ။ သူစာသင်နေချိန်မှာ သူ့ကို ဘယ်လိုမြင်နေမလဲ။ ဒါက စိုးရိမ်သင့်ပါတယ်"ဟု မှတ်ချက်ပြု ခဲ့သည်။ ကျောင်းသူကျောင်းသားများ ကြားတွင်လည်း အမျိုးမျိုး ပြောဆို ထင်ကြေးပေးနေကြသည်။ "ဆရာမရဲ့ ဓာတ်ပုံတွေကတော့ တစ်ကျောင်းလုံး တစ်ယောက်ချင်း လိုက်ပြရင်း ပျံ့နေပြီ"ဟု ကျောင်းသား တစ်ဦးက ဆိုသည်။ ခရစ္စတီ၏ တပည့် ကျောင်းသူလေး တစ်ဦးကမူ "သူက အသင်အပြ သိပ်ကောင်းတဲ့ ဆရာမပါ။ ကျန်တာက သူ့ရဲ့ ပုဂ္ဂိုလ်ရေး ကိစ္စပဲလေ"ဟု ပြောကြားခဲ့သည်။ ခရစ္စတီ၏ တပည့် တစ်ဦးကလည်း Twitterတွင် "ခုချိန်မှာ သူက ကျွန်တော်တို့ရဲ့ စပိန်ဘာသာ ဆရာမပဲ။ အဓိပ္ပါယ် မရှိတဲ့ ကိစ္စနဲ့ ပြဿနာ မရှာချင်ကြစမ်းပါနဲ့။ သူ့ဖာသာ နေပါစေ"ဟု ကာကွယ်ရေးသားထားခဲ့သည်။ 
By Planet

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်