Sunday, October 13, 2013

ဘော်ဒီမတောင့်လို့ အဖော်အချွတ်ပုံ မပါအောင် ဂရုစိုက်တယ်ဆိုတဲ့ အဆိုတော်

Posted by drmyochit Sunday, October 13, 2013, under | No comments


သူမအနေဖြင့် သီချင်းဗီဒီယိုများတွင် အဖော်အချွတ် ပုံရိပ်များ မပါဝင်အောင် ရှောင်ရှားလေ့ ရှိခြင်း၏ အကြောင်းရင်းကို ကေတီပယ်ရီက ထုတ်ဖော် ပြောကြားလိုက်သည်။ ကေတီ၏ ရင်းနှီးသော သူငယ်ချင်း ရီဟန်နာ အနေဖြင့် ညှို့အားပြင်း ပုံရိပ်များကို သီချင်းဗီဒီယိုများအတွင်း ထည့်သွင်း ရိုက်ကူးလေ့ ရှိသော်လည်း ကေတီကမူ သူမအနေဖြင့် ရီဟန်နာကို အတုခိုးရန် မဖြစ်နိုင်ဟု ဆိုသည်။ ကေတီ၏ အခြား သူငယ်ချင်း တစ်ဦးဖြစ်သည့် မိုင်လီဆိုင်းရပ်စ်သည်လည်း အဖော်အချွတ် ပုံရိပ်များကြောင့် သတင်းကြီးနေသည့်တိုင် ကေတီက သူမအတွက် လွန်လွန်ကျူးကျူး ဖော်ပြသည့် အဝတ်အစားမျိုး ဝတ်ရတိုင်း သက်တောင့်သက်သာ မရှိဟု ခံစားမိသဖြင့် ရီဟန်နာနှင့် မိုင်လီတို့၏ လမ်းစဉ်ကို လိုက်မည်မဟုတ်ဟု ရှင်းပြခဲ့သည်။


အသက်(၂၈)နှစ်ရှိ ကေတီက The Sunနှင့် အင်တာဗျူးတွင် "ကျွန်မအသက်က နည်းနည်းတော့ ကြီးနေပြီ။ ခုအချိန်မှာ ကိုယ့်အဝတ်အစားတွေ ချွတ်ပြဖို့ ဘယ်လိုမှ ယုံကြည်မှု မရှိတော့ဘူး။ နောက်တစ်ချက်က ကျွန်မမှာသာ ရီဟန်နာလို ကိုယ်လုံးကိုယ်ပေါက်မျိုး ရှိရင်တော့ ရီဟန်နာ ဝတ်တဲ့ ပုံစံမျိုး လိုက်ဝတ်ဖြစ်နိုင်ပါတယ်။ သူက ခပ်တောင့်တောင့် မဟုတ်လား။ ကျွန်မအတွက်တော့ အဆင်မပြေဘူးလို့ ခံစားမိလို့ပါ"ဟု ဝန်ခံခဲ့သည်။ သူမက ဖက်ရှင်ထက် ကိုယ်ပိုင် ဂီတ အရည်အသွေးကိုသာ ပိုမို အားပြုလိုကြောင်းလည်း ဆိုသည်။ "ကျွန်မကတော့ ကိုယ့်သီချင်းတွေကိုပဲ အာရုံစိုက်ထားချင်တယ်။ ကျွန်မရဲ့ ဂီတ အရည်အသွေးကိုလည်း ကိုယ်တိုင် ယုံကြည်တယ်။ တကယ်လည်း ကျွန်မစိတ်ထဲမှာ အပြည့်အဝ နှစ်မြှုပ်ထားသင့်တာက ဂီတအကြောင်းပဲလို့ ခံယူပါတယ်"ဟုလည်း ကေတီက ပြောကြားသွားသည်။ 
By Planet

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်