Tuesday, September 02, 2014

စားနပ်ရိက္ခာမလုံလောက်မှုနှင့် လစာမရရှိမှုကြောင့် KIA တပ်ဖွဲ့ဝင်(၄)ဦး အလင်းဝင်

Posted by Unknown Tuesday, September 02, 2014, under | No comments



ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အစိုးရဌာရုံးသို့ သြဂုတ်လ ၃၁ ရက်နေ့တွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အဖွဲ့မှ တပ်ဖွဲ့ဝင်(၄)ဦး လက်နက်မဲ့ အလင်းဝင်ရောက်လာမှုမှာ စားနပ်ရိက္ခာမလုံလောက်မှုနှင့် လစာ မရရှိမှုကြောင့်ဖြစ်ကြောင်း ယင်းရုံးမှ သတင်းရရှိသည်။

``တစ်ရက်တည်းနဲ့ နှစ်ဖွဲ့ဝင်လာတာပါ၊ ပထမအဖွဲ့က သုံးယောက်၊ နောက်ထပ်ဝင်လာတာကတော့ တစ်ယောက်တည်းပါ၊ အခုလိုတစ်ရက်တည်း လေးယောက်ပြိုင်ဝင်လာတာ ရှားပါတယ်´´ ဟု တာဝန်ရှိသူ ဦးစီးအရာရှိတစ်ဦးက ပြောသည်။

တီယန်ဇွပ်စခန်းသို့ ၀င်ရောက်လာပြီး ရှေ့တန်းအစိုးရတပ်မှ မြစ်ကြီးနားမြို့ ဌာနဆိုင်ရာရုံးသို့ သြဂုတ်လ ၃၁ ရက် ညနေ ၅ နာရီခွဲအချိန် လွှဲပြောင်းပေးသော KIA တပ်ဖွဲ့ဝင်(၃)ယောက်မှာ တပ်သားအဆင့်ရှိ မောင်ကျော်ထက်(၂၃)နှစ် (ဘ)ဦးလင်းနောင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ မောင်မင်း စိုးလင်း(၂၃)နှစ်၊ (ဘ)ဦးညွှန့်ဖေ၊ တမူးမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မောင်ထွန်းမင်းနိုင်(၂၂)နှစ်(ဘ)ဦးတင် မောင်စိုး၊ ၀ိုင်းမော်မြို့နယ်၊ ကချင်ပြည်နယ်တို့ ဖြစ်ကြောင်း သိရသည်။

``ရွှေမှော်တွေမှာ လုပ်နေရင်း လူသစ်စုခံရတာလို့ ပြောတယ်၊ အသက်အသေမခံနိုင်တာကြောင့် စစ်သင်တန်း တက်ပြီး KIA ထဲ ၀င်ခဲ့ရတယ်၊ သူတို့ပြောတာကတော့ စားနပ်ရိက္ခာမလုံလောက်ဘူးလို့ ပြောတယ်၊ လစာ ကလည်း မပေးတာ ၆ လလောက်ရှိပြီဖြစ်တဲ့အတွက် မနေချင်တော့တာကြောင့် အလင်းဝင်လာကြတာလို့ သိရ ပါတယ်´´ ဟု လိုက်ပါပို့ဆောင်ပေးသော ရှေ့တန်းအစိုးရတပ်မှ အရာရှိတစ်ဦးက ပြောသည်။

သြဂုတ်လ ၃၁ ရက် ည ၈ နာရီခွဲချိန်တွင် ထပ်မံအလင်းဝင်ရောက်လာသော KIA တပ်ဖွဲ့ဝင်မှာ ဒုတပ်ကြပ် အဆင့်ရှိ ကျော်မျိုးသန့်(ခ)ဘာဂျီး(၂၆)နှစ်(ဘ) ဦးအောင်ထွန်း၊ နောင်တာလောကျေးရွာ၊ ၀ိုင်းမော်မြို့နယ်နေသူ ဖြစ်ကြောင်း သိရသည်။

KIA အဖွဲ့တွင် တာဝန်ထမ်းဆောင်နေသော လက်အောက်ငယ်သားတပ်ဖွဲ့ဝင်များသည် ပုံမှန်ထောက်ပံ့ပေး သော စားနပ်ရိက္ခာမရှိဘဲ ဖြစ်သလို ရှာကြံစားသောက်နေရသောကြောင့် မလုံလောက်ခြင်း၊ ပုံမှန်လစာမရရှိခြင်း တို့ကြောင့် ဆက်လက်တာဝန်ထမ်းဆောင်လိုစိတ်မရှိတော့ဘဲ ယခုကဲ့သို့ အလင်းဝင်လာခြင်းဖြစ်ကြောင်းနှင့် ထပ်မံအလင်းဝင်လာဦးမည့် KIA တပ်ဖွဲ့ဝင်များလည်း ရှိနေသေးကြောင်း သိရှိရပါသည်။

ညီသစ်(မြစ်ကြီးနား)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်