Monday, July 23, 2012

၅ ရက်အတွင်း SSPP/SSA တပ်စခန်းများရုပ်ရန် ရမခ တိုင်းမှူးညွှန်ကြား

Posted by drmyochit Monday, July 23, 2012, under | No comments

ရမခတိုင်းမှူး ဗိုလ်ချုပ် အောင်ကျော်ဇောက သျှမ်းပြည်တပ်မတော် SSPP/SSA အား လှုပ်ရှားနေသည့် နယ်မြေအတွင်းမှ မဆုတ်ခွါပါက ၅ ရက်အတွင်း နယ်မြေရှင်းလင်းရေး လုပ်မည်ဖြစ်ကြောင်း ရှေ့တန်းရောက် သျှမ်းပြည်တပ်မတော် တပ်မှူးများကပြောသည်။
SSPP-SSA
သျှမ်းပြည်တပ်မတော် SSPP/SSA တပ်သားများ

“ ကျနော်တို့ရဲ့ မြို့နယ်အမှတ် ၁၀ နမ့်မ ဂွင် ဖြစ်တဲ့ လားရှိုး၊ သီပေါ၊ မိုင်းရယ် နဲ့ကပ်ရက်ဒေသတွေမှာ လှုပ်ရှားနေတဲ့ တပ် တွေကို အမြန်ဆုံးတပ်ရုပ်ပေးဖို့  ရမခတိုင်းမှူးက အခုလ ၂၁ ရက်နေ့က ဟန်နား ပြည်သူ့စစ်တပ်ဖွဲ့ဆီကနေ ညွှန်ကြားလာ တယ်။ လူထုကိုသနားရင် လှုပ်ရှားနေတဲ့နေရာကနေ ဌာနချုပ်ဝမ့်ဟိုင်းဆီကိုအမြန်ဆုံးတပ်ဆုတ်ပေးဖို့၊ မဆုတ်ပေးရင် ၅ ရက်အတွင်း နယ်မြေရှင်းလင်းရေးလုပ်မယ် - လို့ပြောတယ်” ဟု ရှေ့တန်းစစ်မျက်နှာရောက် SSPP/SSA အရာရှိတဦးက ပြောသည်။

SSPP/SSA မှ တပ်မှူးတဦးကလည်း မိမိတို့သည် မိဘပြည်သူကို ကြင်နာသောကြောင့် အပစ်ရပ်ရန် သဘောတူရခြင်းဖြစ် ကြောင်း၊ ယခုကဲ့သို့ မိမိတို့အား ရောက်သည့်အရပ်မှ တပ်ဆုတ်ပြန်ရန် ညွှန်ကြားချက်ပေးလာသည့် မြန်မာအစိုးရတပ်အနေ ဖြင့်လည်း မိဘပြည်သူအား အမှန်တကယ်ကြင်နာပါက ငြိမ်းချမ်းရေးသဘောတူညီချက်အတိုင်း တောတွင်းသို့ ဝင်ရောက် ခြင်းမပြုရန် လိုအပ်သည်ဟု သျှမ်းသံတော်ဆင့်သို့ပြောသည်။    

“မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံတုန်းက ၀မ့်ဟိုင်းတွင် အခြေပြု၍ တပ်ဖွဲ့ဝင်များအား လက်ရှိ နေရာများတွင် ယာယီ အခြေပြု နေထိုင်သွားရန် ဆိုတဲ့အချက်ကို သဘောတူညီချက်ရထားတဲ့အလျောက် ကျနော်တို့ဆက် လက်လှုပ်ရှားသွားမယ်။ မြန်မာစစ်တပ်က ကျနော်တို့ကိုရန်ရှာလာရင်တော့ ကိုယ့်ကိုယ်ကိုကာကွယ်ရမှာဘဲ” ဟု ၎င်းက ဆက်ပြောသည်။

သို့သော် သျှမ်းပြည်မြောက်ပိုင်းရှိ အဆိုပါ မြို့နယ်အမှတ် ၁၀ နေဒေသခံများမှာမူ လယ်ယာစိုက်ပျိုးချိန်ဖြစ်သဖြင့် နယ် မြေရှင်းလင်းရေး၊ ခုခံကာကွယ်တိုက်ခိုက်ရေးတို့အတွက် စိုးရိမ်ပူပန်နေရကြောင်း၊ စပါးမရမှီထွက်ပြေးတိမ်းရှောင်ရမည့် အရေး တွေးပူနေကြကြောင်း ပြောဆိုသည်။

မြန်မာအစိုးရစစ်တပ်သည် သျှမ်းပြည်တပ်မတော်တောင်ပိုင်း၏ အခြေချတပ်စခန်းများကိုလည်း တိုက်ခိုက်နေသည်ဖြစ်ရာ အပစ်ရပ်ရေးဆွေးနွေးထားသည့် တိုင်းရင်းသားတပ်ဖွဲ့များအပေါ် မည်သည့်ရည်ရွယ်ချက်ဖြင့် တိုက်ခိုက်နေဆဲဖြစ်နေရ သည့်အကြောင်းကို နိုင်ငံတော်သမ္မတကြီးထံ RCSS/SSA ကစာရေးသားပေးပို့မည်ဟုလည်း ခေါင်းဆောင်ဖြစ်သူ ဒု-ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောပါသည်။

အပစ်ရပ်ရေးဆွေးနွေးပြီးသည့်နောက်ပိုင်း ယနေ့အထိ သျှမ်းပြည်တပ်မတော် RCSS/ SSA နှင့်  ၂၅ ကြိမ် SSPP/SSA   တပ်ဖွဲ့နှင့် ၂၃ ကြိမ် မြန်မာအစိုးရစစ်တပ်က  ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်