Monday, July 23, 2012

စစ်ဗိုလ်တဦးလူ့အခွင့်အရေးချိုးဖေါက်မှု သူရဦးရွှေမန်းထံသို့တိုင်တန်း

Posted by drmyochit Monday, July 23, 2012, under | No comments

တရုတ် - မြန်မာနယ်စပ်မြို့ တည်းခိုခန်းပိုင်ရှင်းအား ရိုက်နှက်ခဲ့သည့် စစ်ဗိုလ်အားမကျေနပ်သောကြောင့် နမ့်ခမ်း မြို့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မှတဆင့် သူရ ဦးရွှေမန်းထံတိုင်တန်းကြောင်း နိုင်ငံရေးပါတီ အသိုင်း အဝိုင်း ကပြောပါသည်။
thapya_guesshouse_-
သပြေတည်းခိုခန်း (ဓါတ်ပုံ- K/SHAN)
“အရိုက်ခံရတဲ့ သပြေ ဧည့်ရိပ်မွန် တည်းခိုခန်းပိုင်ရှင်က နမ့်ခမ်းမြို့ပြည်သူ့လွှတ်တော် ဒေါက်တာကျော်အုန်း ဆီကို တိုင်တာ။ အဲကနေတဆင့် ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးရွှေမန်းဆီကို ဆက်တိုင်ကြားပေးဖို့ပေါ့” - ဟု နမ့်ခမ်းမြို့ ကျားဖြူပါတီဝင်တဦးကပြောပါသည်။

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ သပြေဧည့်ရိပ်မွန်၌ လာရောက်တည်းခိုသည့် ခလရ ၂၉၀ မှ ဗိုလ်ဝေမင်းဦးမှ ဧည့်ရိပ် မွန်ပိုင်ရှင်ဖြစ်သည့် စိုင်းကျော်အေးထွန်း (အိုက်ပီး)၊ ဇနီး နှင့် ဧည့်ရိပ်မွန်အစောင့်အား ရိုက်နှက်၊ သေနတ် ဖြင့် ပစ်ခတ် ခြိမ်းခြောက်ခဲ့မှုအပေါ်  တရားမျှတစွာအရေးယူပေးနိုင်ရန်တိုင်တန်းခြင်းဖြစ်ကြောင်း၊ စစ်ဗိုလ်ရိုက် နှက်မှုကြောင့် စိုင်းကျော်အေးထွန်း ဦးခေါင်း၌ ၈ ချက်၊ အောက်နှုတ်ခမ်းတွင် ၆ ချက်၊ အောက် သွား ၂ ချောင်း ကျိုးသွားကြောင်း၊ နမ့်ဖတ်ကာ အခြေစိုက် စစ်ဗျူဟာမှူးကိုယ်တိုင် ကျေအေးပေးပါရန် တောင်းပန်ခဲ့သေး ကြောင်း - နီးစပ်သူတဦးက ပြောပြပါသည်။

အလားတူ အဆိုပါစစ်ဗိုလ်၏မိခင်ဖြစ်သူက သားဖြစ်သူ အလုပ်မပြုတ်ရေးအတွက် ရာထူးမထိခိုက်ရေး အတွက် အမှု မဆင်ဖို့ အထက်ကိုမတင်ပြဖို့ တည်းခိုခန်းပိုင်ရှင်အား  တောင်းပန်နေချိန် သားဖြစ်သူ ဗိုလ်ဝေမင်းဦးမှာ ဂရုမစိုက်ဘဲ လက်ကိုင်ဖုန်းဖြင့် ဂိမ်းကစားနေသည်ဟုလည်း တည်းခိုခန်းပိုင်ရှင်နှင့်နီးစပ်သူများကပြောသည်။

“အခုအမှုက ပိုက်ဆံ ရှိတဲ့သူကို စစ်တပ်က မတရားနှိပ်စက်တာ အနိုင်ကျင့်တာ။ ဒီတိုင်းတာ ကျေအေးပေး လိုက် ရင် ပိုက်ဆံမရှိ ဆင်းရဲသားတွေကို သူတို့ ပိုမိုရဲရဲတင်းတင်းကျူးလွန်မယ်။  ကျနော်တို့အနေနဲ့တော့ လုံး၀ မကျေအေး နိုင်ဘူး။ သေနတ်ကိုင်ပြီး ရမ်းကားနေတာ၊ ကျနော်တို့တိုင်းပြည်က ဒီမိုကရေစီ ဆီဦးတည် နေပြီလို့ နိုင်ငံခေါင်း ဆောင် ကြီးတွေပြောနေတယ်မဟုတ်လား။ ဥပဒေနဲ့အညီရင်ဆိုင်သွားမှာဘဲ”- ဟု စိုင်းကျော်အေးထွန်းနှင့် အမျိုးတော်သူ တဦး ကပြောပါသည်။

အဆိုပါဖြစ်ခဲ့သောမှုခင်းကြောင့် ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းမှ ဖြေရှင်းပေးနိုင်မည်ဟု ယုံကြည် ကြောင်း၊ ယခင် ပန်းဆေးပြည်သူ့စစ်မှ လူထုအပေါ်ကျူးလွန်မှုအပေါ်တွင်လည်း ဖြေရှင်းပေးခဲ့ဖူးကြောင်း၊ သို့ သော်အကြောင်း တခုခုကြောင့် ဖြေရှင်းပေးနိုင်ခြင်းမရှိက နိုင်ငံတော် သမ္မတထံ တိုင်တန်းမည်ဖြစ်ကြောင်း အမှုလိုက်ပေးသူ တဦး ကလည်းပြောပါသည်။

အဆိုပါ သပြေ ဧည့်ရိပ်မွန်၌ အန္တရာယ်ကင်းရှင်းရန်အတွက် ယနေ့၌ ဘုန်းတော်ကြီးများ ပင့်ဖိတ်ကာ တရားနာ ဆွမ်း ကပ်၍ မကောင်းဆိုးရွားမှုကင်းလွတ်ရန် အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ကြောင်း အိမ်နီးနား ချင်းတဦး ကလည်းပြော ပါသည်။
  သျှမ်းသံတော်ဆင့် 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်