Monday, July 23, 2012

တောင်ကိုရီးယားပြည်သူများသည် သမ္မတရွေးကောက်ပွဲတွင် မဲပေးရန်အတွက် မှတ်ပုံတင်မှုပြုလုပ်နေသည်ဆိုခြင်း

Posted by Anonymous Monday, July 23, 2012, under | No comments


NHK.or.jp;July-22(Sun)

ကမ္ဘာတစ်ဝန်းလုံးရှိ တောင်ကိုရီးယားသံရုံးများနှင့် ကောင်စစ်ဝန်ရုံးများသည် ဒီဇင်ဘာလတွင် ပြုလုပ် မည့် တောင်ကိုရီးယားသမ္မတရွေးကောက်ပွဲတွင် မဲပေးရန်အတွက် မှတ်ပုံတင်မှုများစတင်လုပ်ဆောင်နေကြောင်း သိရှိရပါသည်။ တောင်ကိုရီးယားနိုင်ငံသည် သမ္မတနှင့်ပါလီမန်ရွေးကောက်ပွဲများတွင် မဲပေးရန်အတွက် အရည်အချင်းပြည့်မီသော ပြည်ပတွင်နေထိုင်သည့်နိုင်ငံသားများ မဲပေးခွင့်ရှိကြောင်း လွန်ခဲ့သော ၃ နှစ်က ¤င်းရွေးကောက်ပွဲဥပဒေအား ပြင်ဆင်ခဲ့ပါသည်။ 

ဒီဇင်ဘာလတွင်ပြုလုပ်မည့် ရွေးကောက်ပွဲမှာ ပြည်ပတွင်နေထိုင် ကြသောတောင်ကိုရီးယားနိုင်ငံသားများအတွက် ၄င်းတို့၏သမ္မတအားရွေးချယ်ရန်အခွင့်အရေးအား ပထမဆုံး အကြိမ်ရရှိခြင်းဖြစ်ပါသည်။ ဂျပန်နိုင်ငံရှိ တောင်ကိုရီးယားသံရုံးနှင့် ကောင်စစ်ဝန်ရုံး ၉ ခုတို့သည် မဲပေးရန်မှတ်ပုံတင်မှု အား ဇူလိုင်လ ၂၁ ရက်နေ့တွင် စတင်လုပ်ဆောင်ခဲ့ပါသည်။
တောင်ကိုရီးယားသမ္မတရွေးကောက်ပွဲတွင် ပထမဆုံးအကြိမ်အဖြစ်မဲပေးရခြင်းအပေါ် ပျော်ရွှင် ကြောင်း ဂျပန်သံရုံးတွင်နေထိုင်သော တောင်ကိုရီးသားအမျိုးသမီးတစ်ဦးက ပြောကြားခဲ့ပါသည်။ တောင်ကိုရီးယား ပြည်သူ ၂.၂ သန်းကျော်သည် ပြည်ပနိုင်ငံများတွင်နေထိုင်လျက်ရှိသော်လည်း ၅.၆ ရာခိုင်နှုန်းခန့်သည် ဧပြီလအတွင်းပြုလုပ်ခဲ့သော ပါလီမန်ရွေးကောက်ပွဲ၌ မှတ်ပုံတင်ခဲ့ပါသည်။ မဲပေးရန်မှတ်ပုံတင်ထားသော တောင်ကိုရီးယားနိုင်ငံသားများသည် ရွေးကောက်ပွဲအောင်မြင်စွာပြီးဆုံးရန် မျှော်လင့်ထားကြပါသည်။ တောင်ကိုရီးယားနိုင်ငံရေးပါတီများကလည်း မဲပေးရန်အတွက် မှတ်ပုံတင်ကြရန် တောင်ကိုရီးယားပြည်သူတို့အား တိုက်တွန်းထားကြောင်း သိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်