Monday, July 23, 2012

အိန္ဒိယနိုင်ငံ Old Delhi ၌ ရဲတပ်ဖွဲ့ဝင်များအား တိုက်ခိုက်ခဲ့သူများကို အိန္ဒိယရဲတပ်ဖွဲ့မှ ဖမ်းဆီးလိုက်ခြင်း

Posted by Anonymous Monday, July 23, 2012, under | No comments


Xinhuanet.com;July-22(Sun)

အိန္ဒိယနိုင်ငံရှိ မွတ်စလင်အများစုနေထိုင်သော Old Delhi  ခရိုင်၌ ဗလီတည်ဆောက်မှုနှင့်ပတ်သက်၍ ဇူလိုင်လ ၂၁ ရက်နေ့ ညပိုင်းတွင်ဖြစ်ပွားခဲ့သော ပဋိပက္ခအတွင်း ရဲတပ်ဖွဲ့ဝင်များကို ခဲများဖြင့်ပစ်ပေါက်ခဲ့သည့်  လူအချို့အား ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ကြောင်း ဇူလိုင်လ ၂၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါ ပဋိပက္ခသည် Jama Masjid ဗလီအနီး၌ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဗလီတစ်လုံးတည်ဆောက်ရန် တူးဖော်မှုလုပ်ငန်းတစ်ခု အား ဒေသခံမွတ်စလင်များက ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ သို့ရာတွင် အဆိုပါတည်ဆောက်ရေးလုပ်ငန်းများအား Delhi  တရားရုံးချုပ်၏အမိန့်ဖြင့် အာဏာပိုင်များက ဇူလိုင်လ ၂၁ ရက်နေ့တွင်ရပ်တန့်ခဲ့ပြီး ၄င်းလုပ်ငန်းအား ရှေးဟောင်းသုတေသနပညာရှင်များလက်သို့ လွှဲပြောင်းပေးခဲ့ပါသည်။

၎င်းအားကန့်ကွက်ဆန္ဒပြသောလူအုပ်ကြီးသည် ခဲများဖြင့်ပစ်ပေါက်ခဲ့သောကြောင့် ရဲတပ်ဖွဲ့ဝင်                  ၁ဝ ဦးခန့်ဒဏ်ရာရရှိခဲ့ပါသည်။ အခြေအနေသည်တည်ငြိမ်ခြင်းမရှိကြောင်း၊ မည်သည့်အရာမဆို ဖြစ်လာနိုင် သည်ဟု ရဲအရာရှိများက ပြောကြားခဲ့ကြောင်း Indo-Asian သတင်းဌာနမှ ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါပဋိပက္ခ တွင် ပါဝင်ပတ်သက်နေသူအချို့အား ဖမ်းဆီးခဲ့ကြောင်း၊ ထိုသို့ခဲများဖြင့်ပစ်ပေါက်မှုကြောင့် ရဲအုပ်တစ်ဦးနှင့် ရဲတပ်သား ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တွဲဖက်ကော်မရှင်မင်းကြီး Devesh Chandra Srivastva u Indo-Asian  သတင်းဌာနသို့ ပြောကြားခဲ့ပါသည်။ ကန့်ကွက်ဆန္ဒပြသူများသည် ဇူလိုင်လ ၂၁ ရက်နေ့ညပိုင်းတွင် ခရီးသည်တင် ဘတ်စ်ကားအချို့ကိုလည်း တိုက်ခိုက်ခဲ့ကြောင်း သိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်