Monday, July 23, 2012

မစ်ဆုံအရေး ခေတ်သစ်လေးချိုး

Posted by drmyochit Monday, July 23, 2012, under | No comments

မစ်ဆုံအရေး ခေတ်သစ်လေးချိုး

ဇော်ထက် (ပျဉ်းမနား)။ ဇူလိုင် ၂၃၊ ၂၀၁၂
မြစ်ဆုံက အရေး
သွေးမကြောင်ပဲ ကြည့်ရင်တော့ကွဲ့ 
 ဖြစ်ပုံက မသေး ခွေးလှေးတောင်လည်း သိနေပါပေါ့ တဲ့
ရေကာတာ ဆည် ငွေဝယ်ငယုတ်တို့ဆောက်မယ်လှမ်းလို့
ရွှေဗမာ နယ်
ကြွေနှယ် အရုပ် ခြောက်ဆယ်သန်းတို့ရဲ့
အကြေအညာမှာလေ …
နေသာရင်
သေရွာတောင်
အမေတို့တွေ
မသက်သာသမို့
ပြေမြန်မာမှာတွင်
ရေရာအောင်
ဆွေတို့လေ
မနေရက်ပါဘု၊
ငွေမျက်နှာ
တခုဘဝသာ
 ကြည့်လေတော့ဖြင့်
 အသေခက်မှာ
မုချပါ
သိနေတော့လည်း
(တို့)…..မခံပြီမို့
အကြံအစည်များ
နားရုံမက
နောက်ပြန်ပြေးသွားရအောင်လို့တဲ့
မြန်ပြည်တစ်လွှား
အားကုန်ချ
တစ်ယောက်မကျန်
မဖောက်ပြန်ကြေး ဒီတစ်ခါ မှာ၊
ပြည်ပြည်သာယာအောင်လို့ ဒေါင်းပျို ကသလိုပ၊
ညီညီညာညာမောင်တို့ တောင်းဆိုကြပါစို့ရဲ့။ ။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်