Monday, July 23, 2012

Iwakuni မြို့ရှိပြည်သူများ Osprey လေယာဉ်ထားရှိမှုအား ဆန့်ကျင်ဆန္ဒပြခြင်း

Posted by Anonymous Monday, July 23, 2012, under | No comments


NHK.or.jp;July-22(Sun)

ဂျပန်နိုင်ငံအနောက်ပိုင်းရှိ Iwakuni မြို့နေပြည်သူများသည်    Osprey သယ်ယူပို့ဆောင်ရေး လေယာဉ်များ တပ်ဖြန့်ချထားမှုကိုဆန့်ကျင်သော ဆန္ဒပြမှုတစ်ရပ်အား ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ ဆန္ဒပြသူ ၁,၁ဝဝ ခန့်သည် ဇူလိုင်လ ၂၂ ရက်နေ့ ညနေပိုင်းက မြို့တော်ဝန်အိမ်အရှေ့ဘက်တွင် စုရုံးဆန္ဒပြခဲ့ခြင်းဖြစ်ပါသည်။ 

 Osprey MV-22  လေယာဉ် ၁၂ စီးသည် Iwakuni  မြို့ရှိ အမေရိကန်လေတပ်အခြေစိုက်စခန်းသို့ ဇူလိုင်လ ၁၆ ရက်နေ့တွင် ရောက်ရှိခဲ့ပါသည်။ အဆိုပါလေယာဉ်များအား အောက်တိုဘာလတွင် အိုကီနာဝါစီရင်စုရှိ အမေရိကန်မရိန်းတပ်ဖွဲ့ Futenma လေတပ်စခန်းတွင်တပ်ဖြန့်ချထားမည်ဖြစ်ပါသည်။ Osprey သယ်ယူ ပို့ဆောင်ရေးလေယာဉ်တပ်ဖြန့်ချထားမှုနှင့်ပတ်သက်၍ပြည်သူများ၏ဆန္ဒကို လျစ်လျူရှုထားသော ဂျပန်အစိုးရနှင့် အမေရိကန်နိုင်ငံတို့အား ၄င်း၏အမျက်ဒေါသကိုပြသလိုနေကြောင်း မြူနီစီပယ်အဖွဲ့၏ခေါင်းဆောင်တစ်ဦးဖြစ်သူ  Mitsunori Yoshioka က ပြောကြားခဲ့ပါသည်။ Osprey လေယာဉ်တပ်ဖြန့်ချထားမှုအပေါ် ဆန့်ကျင်ကြောင်းပြသရန် အတွက် ဆန္ဒပြသူများအား ၄င်းက တိုက်တွန်းခဲ့ကြောင်းသိရှိရပါသည်။

ဂျပန်နိုင်ငံအတွင်း Osprey လေယာဉ်များ တပ်ဖြန့်ချထားမှုအစီအမံကို ပယ်ဖျက်ပေးရန် ကန့်ကွက် ဆန္ဒပြသူများမှ တောင်းဆိုခဲ့ပါသည်။ ဇူလိုင်လ ၂၃ ရက်နေ့နံနက်တွငှ်ု Iwakuni  အခြေစိုက်စခန်းပတ်လည်၌ ဆန့်ကျင်ဆန္ဒပြမှုများ ဆက်လက်လုပ်ဆောင်ကြမည်ဖြစ်ပါသည်။ ကုန်ပစ္စည်းတင်သင်္ဘောများဖြင့် သယ်ဆောင် လာသော Osprey လေယာဉ်များသည် အစီအစဉ်အတိုင်း ဆိုက်ရောက်လာမည်ဖြစ်ပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်