Monday, July 23, 2012

အမေရိကန် F -16 တိုက်လေယာဉ်တစ်စင်း ဟော့ကိုင်းဒိုးကျွန်းတွင် ပျက်ကျခဲ့ခြင်း

Posted by drmyochit Monday, July 23, 2012, under | No comments


NHK.or.jp;July-22(Sun)

အမေရိကန် F-16 တိုက်လေယာဉ်တစ်စင်းသည် ဟော့ကိုင်းဒိုးကျွန်းတွင် ပျက်ကျခဲ့ကြောင်း သိရှိရ ပါသည်။ လေယာဉ်မှ ခုန်ထွက်ခဲ့သူလေယာဉ်မှူးအား ၄င်းနှင့်အတူ ပျံသန်းနေသော လေယာဉ်တစ်စီးမှ ကယ်ဆယ် ရန် ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါ F-16  တိုက်ခိုက်ရေးဂျက်လေယာဉ်သည် ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုးကျွန်း ၏ အရှေ့မြောက်ဘက် ၈၇ဝ ကီလိုမီတာအကွာ Kurile ကျွန်းများအနီးရှိ သမုဒ္ဒရာအတွင်းသို့ ဂျပန်စံတော်ချိန် နံနက် ၁၁ နာရီ ၃ဝ မိနစ်အချိန်ခန့်တွင် ပျက်ကျသွားခဲ့ခြင်းဖြစ်ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြား ခဲ့ပါသည်။ 

¤င်းလေယာဉ်သည် အလက်စကားသို့ပျံသန်းရန် ဂျပန်နိုင်ငံမြောက်ပိုင်း မီဆာဝါအခြေစိုက်စခန်းမှ နံနက် ၉ နာရီအချိန်တွင် ထွက်ခွာသွားခဲ့ကြောင်း သိရှိရပါသည်။ F-16 တိုက်လေယာဉ် ၃ စင်းသည် ကီလိုမီတာ ၄,ဝဝဝ ခရီးအား အတူတကွပျံသန်းခဲ့ကြသော်လည်း ၂ စင်းသာ မီဆာဝါအခြေစိုက်စခန်းသို့ ပြန်လည်ရောက်ရှိ ခဲ့ပါသည်။ လေယာဉ်မှူးအား ကယ်ဆယ်ရာတွင် အကူအညီပေးရန် အဆိုပါပျက်ကျသွားခဲ့သောနေရာသို့ P3C  လေယာဉ်တစ်စင်း စေလွှတ်ထားကြောင်း ဂျပန်ရေကြောင်းကာကွယ်ရေးတပ်ဖွဲ့က ပြောကြားခဲ့ပါသည်။ မီဆာဝါ အခြေစိုက်စခန်း၌ အမေရိကန် F-16 တိုက်လေယာဉ်များသည် ၂ဝဝ၁ ခုနှစ်နှင့် ၂ဝဝ၂ ခုနှစ်အတွင်းကလည်း ဂျပန်ပင်လယ်ကမ်းရိုးတန်းတွင် ပျက်ကျမှုများဖြစ်ခဲ့ကြောင်း သိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်