Monday, July 23, 2012

ပီကင်းမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေလွှမ်းမိုးမှုကြောင့် ၁ဝ ဦးသေဆုံးပြီး ၃ဝ,ဝဝဝ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရခြင်း

Posted by Anonymous Monday, July 23, 2012, under | No comments


Xinhuanet.com;July-22(Sun)

တရုတ်နိုင်ငံ မြို့တော်ဘေဂျင်း၌ နှစ်ပေါင်း ၆ဝ အတွင်း အပြင်းထန်ဆုံးမိုးသည်းထန်စွာရွာသွန်းမှု ကြောင့် လူ ၁ဝ ဦး သေဆုံးခဲ့ကြောင်း ဘေဂျင်းအာဏာပိုင်များက ဇူလိုင်လ ၂၂ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ ဇူလိုင်လ ၂၂ ရက်နေ့ ဒေသစံတော်ချိန်နံနက် ၄ နာရီတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ငြပကည နှင့် ညေဆငညါ ပြည်နယ်များအပြင် Fangshan ။ Huairou Mentougou Pinggu  ခရိုင်များရှိ ဒေသခံ ၃ဝ,ဝဝဝ ကျော်ကို ဘေးလွတ်ရာ သို့ရွှေ့ပြောင်းပေးခဲ့ရကြောင်း မြို့တော်ရေလွှမ်းမိုးမှုထိန်းချုပ်ရေးဌာနချုပ်က နံနက် ၉ နာရီတွင် ပြောကြားခဲ့ပါသည်။ 

 Fangshan ခရိုင် Hebei  မြို့လယ်တွင် နံနက် ၆ နာရီအချိန်၌ မိုးရွာသန်းမှုကြောင့် အမြင့်ဆုံးရေအမြင့်သည် ၄၆ဝ မီလီမီတာအထိရောက်ရှိခဲ့ကြောင်း၊ မြို့လယ်ရှိ မီးပွိုင့် ၁၂ ခုလည်းပျက်စီးခဲ့ကြောင်းနှင့် မြို့နယ် ၆ မြို့နယ်တွင် အင်တာနက်နှင့် ဆက်သွယ်မှုလိုင်းများပြတ်တောက်ခဲ့ကြောင်း အဆိုပါဌာနချုပ်က ပြောကြားခဲ့ပါသည်။
Fengtai  ခရိုင် Nangangwa  မြို့တွင် ရေကျော်နေမှုကြောင့် ဘေဂျင်းနှင့် Guangzhou အကြားရှိ မီးရထားလမ်းများ ရပ်ဆိုင်းထားခဲ့ရကြောင်း ဌာနချုပ်က ပြောကြားခဲ့ပါသည်။ 

မြို့တွင်းရှိ ရေနစ်မြုပ်လျက်ရှိသော နေရာများအား နံနက် ၆ နာရီမှစတင်၍ ဖယ်ရှားရှင်းလင်းခဲ့ရကြောင်းနှင့် အဆိုပါမိုးရွာသွန်းမှု၏ ပျမ်းမျှမိုးရေချိန် သည် ဇူလိုင်လ ၂၂ ရက်နေ့ နံနက် ၆ နာရီတိုင်းထွာချက်အရ ၁၇ဝ မီလီမီတာအထိ ရောက်ရှိပြီဖြစ်ကြောင်း သိရှိရပါသည်။ လွန်ခဲ့သော ၆၁ နှစ်အတွင်း ယခုကဲ့သို့မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အနည်းဆုံး ၄ ဦးသေဆုံး ပြီး ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအာဏာပိုင်များက ထုတ်ပြန်ကြေညာခဲ့ပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်