Xinhuanet.com;July-၂၃
ဆူဒန်နှင့်တောင်ဆူဒန်နိုင်ငံတို့သည်
သြဂုတ်လ ၂ ရက်နေ့တွင် ပြီးဆုံးမည့်စေ့စပ်ညှိနှိုင်းပွဲကာလကို ထပ်မံတိုးမြှင့်ရန်အတွက်
အာဖရိကသမဂ္ဂနှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီတို့အား ပူးတွဲတောင်းဆိုရန်စီစဉ်ထား ကြောင်း
Khartoum's Al-Sudani သတင်းစာက
ဇူလိုင်လ ၂၃ ရက်နေ့တွင်ဖော်ပြခဲ့ပါသည်။ နှစ်နိုင်ငံအကြားတင်းမာ မှုများနှင့် ကွဲပြားမှုများအား
၃ လအတွင်းကျေအေးရန်အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ တညီတညွတ်တည်း ချမှတ်ထားသောဆုံးဖြတ်ချက်အမှတ်၊
၂ဝ၄၆ အား မေလ ၂ ရက်နေ့တွင် ချမှတ်ခဲ့ပါသည်။ တောင်ဆူဒန်ဧရိယာ အတွင်းဆူဒန်စစ်ဘက်မှဗံုးကြဲတိုက်ခိုက်ခဲ့သောကြောင့်
အဆိုပါကိစ္စနှင့်ပတ်သက်၍ ဆူဒန်နိုင်ငံမှငြင်းဆိုခဲ့ပြီး Darfur သူပုန်များအား တောင်ဆူဒန်မှထောက်ပံ့နေကြောင်း
စွပ်စွဲပြောကြားခဲ့ပါသည်။ အီသီယိုးပီးယားနိုင်ငံ Bahir Dar မြို့တွင် ဆူဒန်နိုင်ငံနှင့်စေ့စပ်ဆွေးနွေးမှုအား ဆိုင်းငံ့ထားကြောင်း
တောင်ဆူဒန်စေ့စပ်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ က ဇူလိုင်လ ၂ဝ ရက်နေ့တွင် ကြေညာခဲ့ပါသည်။
နှစ်နိုင်ငံအနေဖြင့်
စေ့စပ်ဆွေးနွေးမှုများအား ဆက်လက်ပြုလုပ်ရန် သဘောတူညီခဲ့ကြောင်း၊ ငြိမ်းချမ်း ရေးဆွေနွေးပွဲများမှတစ်ဆင့်
တင်းမာမှုများအားဖြေရှင်းရေးနှင့် ရန်ပြုမှုအားလုံးကိုရပ်တန့်ရန် ကတိပြုခဲ့ကြကြောင်း
အာဖရိကသမဂ္ဂမှ ဇူလိုင်လ ၂၁ ရက်နေ့တွင် ကြေညာခဲ့ပါသည်။ သိသာထင်ရှားသောကိစ္စရပ်များ၊ လုံခြုံရေးကိစ္စ
အပါအဝင် ရေနံနှင့် အငြင်းပွားဖွယ် Abyei ရေနံမြေအပြင် နယ်စပ်ဒေသကိစ္စများနှင့်ပတ်သက်၍
အာဖရိကသမဂ္ဂ၏ ဖျန်ဖြေမှုအောက်၌ ဆူဒန်နှင့်တောင်ဆူဒန်နိုင်ငံသည် အီသီယိုးပီးယားနိုင်ငံ
Addis
Ababa မြို့တွင်
စေ့စပ်ဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။
Time in Rangoon

0 comments:
Post a Comment