Sunday, September 07, 2014

အိမ်အကူ ရိုက်နှက်ခံရမှု စစ်ဆေးတော့မယ်

Posted by drmyochit Sunday, September 07, 2014, under | No comments

“ဘယ်ဘက်လက်က တံမြက်စည်းနဲ့ တအားရိုက်တာကို ကာလိုက်လို့ ကျိုးသွားတာ၊ တင်ပါးမှာ အရိုက်ခံရ လို့ အညိုမည်း စွဲပြီးတော့ ဆေးရုံမှာ ခွဲတောင်ထုတ်ရတယ်၊ ပါးစပ်တွေနဲ့ ပါးတွေကို မီးပူနဲ့ ကပ်တယ် မျက်နှာကိုလည်း သစ်သားတုတ်နဲ့ ရိုက်တယ်” လို့ အသက် ၁၄ နှစ်အရွယ် အိမ်အကူတစ်ဦးက ပြောဆိုတာပါ။

အိမ်အကူ တစ်နှစ်ခွဲကြာ လုပ်ကိုင်စဉ် ကာလအတွင်း မင်္ဂလာဒုံမြို့နယ်က အိမ်ရှင်သုံးဦးက ရိုက်နှက်မှုကို အိမ်အကူ မိန်းကလေးက ရှင်းပြနေတာပါ။

“ရိုက်ထားတဲ့ ဒဏ်ရာက သွေးတွေ ကလေးအနှီးမှာ စွန်းသွားလို့ ရေနွေးကို ဆူအောင်တည်ပြီး ကလေးအနှီးပေါ် လောင်းချတယ်။ ပြီးတော့ အနှီးထဲကို သမီးရဲ့လက်စိမ်ခိုင်းတယ် ” လို့လည်း သူက ဆက်ပြောပါတယ်။

အဲဒီ အိမ်အကူ မိန်းကလေးကို ရိုက်နှက်ခဲ့တယ် ဆိုတဲ့ အိမ်ရှင် မိသားစု သုံးဦးကိုတော့ သက်ဆိုင်ရာ ရဲစခန်းက စက်တင်ဘာလ ဒုတိယပတ်မှာ စစ်ဆေးမယ်လို့ အဲဒီရဲတပ်ဖွဲ့စခန်းက ရဲအရာရှိတစ်ဦးက ပြောဆိုပါတယ်။

ရိုက်နှက်ခံရတဲ့အတွက် အိမ်အကူ မိန်းကလေးမှာ ဘယ်ဘက် လက်ဖျံရိုးနဲ့ လက်ဆစ်များကျိုးဒဏ်ရာ၊ နှုတ်ခမ်းကွဲဒဏ်ရာ၊ တင်ပါးနဲ့ ခြေသလုံးတွေမှာ ဒဏ်ရာရခဲ့တဲ့အတွက် ဆေးရုံမှာ ခွဲစိပ်ကုသမှု ခံယူခဲ့ရတယ်လို့ ရဲအရာရှိက ဆက်ပြောပါတယ်။

အိမ်ရှင် သုံးဦးကိုတော့ အပြင်းအထန် နာကျင်စေမှု၊ သေစေနိုင်သော ပစ္စည်းများ အသုံးပြုခဲ့တဲ့အတွက် ပုဒ်မ ၃၂၅၊ ၃၂၆နဲ့ ၁၁၄ တို့နဲ့ အမှုဖွင့်ထားတယ်လို့လည်း သူကရှင်းပြပါတယ်။
အိမ်အကူ မိန်းကလေးဟာ သြဂုတ်လ ၂၀ရက်နေ့မှာ အလုပ်ထွက်ခဲ့တယ်လို့ မိန်းကလေးရဲ့ မိသားစုဝင်တွေဆီကနေ သိရပါတယ်။

ရိုက်နှက်ခဲ့တယ် ဆိုပြီး စွပ်စွဲခံရတဲ့ မိသားစုဝင် သုံးဦးကို စက်တင်ဘာလ ၆ ရက်နေ့မှာ ခြောက်ကြိမ်ထက်မနည်း တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ပေမယ့် ဖုန်းပြန်လည် ဖြေကြားတာ မရှိခဲ့ပါဘူး။

The Voice Weekly

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်