Tuesday, August 21, 2012

အိန္ဒိယနိုင်ငံ၏ အာဏာရကွန်ဂရက်ပါတီသည် ဝန်ကြီးချုပ်နုတ်ထွက်ရေး အတိုက်အခံပါတီ၏တောင်းဆိုမှုအားပယ်ချခဲ့သည်ဟုဆို

Posted by drmyochit Tuesday, August 21, 2012, under | No comments



အိန္ဒိယနိုင်ငံ၏ အတိုက်အခံပါတီ (Bharatiya Janata Party-BJP) က အစိုးရ၏ ဘဏ္ဍာငွေများ ဆုံးရှုံးမှုကိုဖြစ်ပေါ်စေသည့် ကျောက်မီးသွေးတွင်း လုပ်ကွက်များခွဲဝေ သတ်မှတ်ရာတွင် မှားယွင်းစွာ စီမံခန့်ခွဲခဲ့သည် ဟူသောစွပ်စွဲချက်ဖြင့် ဝန်ကြီးချုပ် မန်မိုဟန်ဆင်းအား ရာထူးမှ နုတ်ထွက်ပေးရန် တောင်းဆိုမှုကို အာဏာရ ကွန်ဂရက်ပါတီက ပယ်ချခဲ့ကြောင်း ကွန်ဂရက်ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ Manish Tewari က သြဂုတ်လ ၁၇ရက်နေ့တွင် ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
 အတိုက်အခံ BJP ပါတီသည် ၄င်းတို့ပါတီကြီးစိုး သည့်ပြည်နယ်များတွင် ကျောက်မီးသွေးတွင်း ခွဲဝေသတ်မှတ်ရေး ဆိုင်ရာမူဝါဒအား ၄င်းတို့သဘောထား ဖြင့်သာ ရေးဆွဲချမှတ် ထားခြင်းဖြစ် သည့်အတွက် ဝန်ကြီးချုပ်နုတ်ထွက် ရေးတောင်းဆိုမှုသည် အကျိုးအကြောင်း မခိုင်လုံကြောင်း Manish Tewari ကပြောကြားခဲ့ပါသည်။ ၄င်းကျောက်မီးသွေးတွင်း နှင့်ပတ်သက်၍ တစ်ဖက်သတ်ခွဲဝေ သတ်မှတ်ပေးခြင်းထက် လေလံစနစ်ဖြင့် သတ်မှတ်ပါက ဘဏ္ဍာငွေ ရူပီး ၁၈၅ဝ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၇ ဘီလီယံ) ရရှိနိုင်ဖွယ်ရှိကြောင်း စာရင်းစစ်ချုပ်က ပြောကြားခဲ့မှုကို ထောက်ပြ၍ BJP က ဝန်ကြီးချုပ် နုတ်ထွက်ရေးအား တောင်းဆိုခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါစွပ်စွဲခံရ မှုကိစ္စရပ်သည် အကျင့်ပျက်ခြစား မှုကင်းစင်သည့် အစိုးရအဖြစ်ရပ် တည်သည့် ဝန်ကြီးချုပ်၏ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်သည်ဟု The Times of India သတင်းစာတွင်ဖော်ပြခဲ့ကြောင်းသိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်