Tuesday, August 21, 2012

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်သည် တောင်ကိုရီးယား-အမေရိကန် စစ်ရေးလေ့ကျင့်မှုမတိုင်မီ ရှေ့တန်းအမြောက်စခန်းသို့ သွားရောက်စစ်ဆေးခဲ့ခြင်း

Posted by drmyochit Tuesday, August 21, 2012, under | No comments



မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်သည် တောင်ကိုရီးယားနှင့် အမေရိကန်နိုင်ငံတို့၏ နှစ်စဉ်ပြု လုပ်နေကျ စစ်ရေးလေ့ကျင့်ခန်း မစတင်မီ ရက်ပိုင်းအလိုတွင် မြောက်ကိုရီးယားနိုင်ငံ အနောက်တောင်ဘက် နယ်စပ်ဒေသရှိ Mu ကျွန်းငယ်ပေါ်ရှိ ရှေ့တန်းအမြောက် စခန်းတစ်ခုအား သွားရောက်စစ်ဆေး ခဲ့ကြောင်းသြဂုတ်လ ၁၈ ရက်နေ့ Xinhua သတင်းတစ်ရပ် အရသိရှိရပါသည်။ အဆိုပါအလည်အပတ် ခရီးစဉ်အတွင်း ကင်က အနောက်ပင်လယ်အား ကျူးကျော်သူများ ၏သုသာန်အဖြစ် ပြောင်းလဲပစ်ရမည်ဟု တပ်ဖွဲ့ဝင်များအား အမိန့်ပေးခဲ့ကြောင်း သိရှိရပါသည်။

 ကင်သည် အဆိုပါစခန်းမှနေ၍ ယွန်ပြောင်းကျွန်းအား သေချာစွာကြည့်ရှု ခဲ့ကြောင်းနှင့် ကြ ကျွန်းပေါ်ရှိ အမြောက်စခန်း၏ တိုက်ပွဲဝင်အနေ အထားအပေါ် ကျေနပ်မှုရှိခဲ့ကြောင်း သိရှိရပါသည်။ ကိုရီးယားနှစ် နိုင်ငံသည်၂ဝ၁ဝ ခုနှစ် နိုဝင်ဘာလအတွင်းက ယွန်ပြောင်းကျွန်း အနီးတွင် အမြောက်များဖြင့် အပြန်အလှန် ပစ်ခတ်ခဲ့သဖြင့် တောင်ကိုရီးယားစစ်သည် ၄ ဦးသေဆုံးခဲ့ပါသည်။ ထို့အပြင် ကင်က Mu ကျွန်းသည် ကိုရီးယား ကျွန်းဆွယ်ပေါ်တွင် အလွန်အရေးပါသည့် ကျွန်းတစ်ခုဖြစ်ရုံသာမက တစ်ကမ္ဘာလုံး၏ အလေးထားအာရုံစိုက် မှုကိုခံရသော အလွန်အရေးပါသည့် ဒေသတစ်ခု ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါသည်။ အမေရိကန်နှင့် တောင်ကိုရီးယား နိုင်ငံတို့ကိုလည်း ပင်လယ်ပြင်အတွင်း စစ်ရေးလေ့ကျင့်ခန်း များမကြာခဏ ပြုလုပ်လေ့ရှိသဖြင့် မြောက်ကိုရီးယား နိုင်ငံကိုသာမက ဒေသတွင်းနှင့် ကျန်ကမ္ဘာ့နိုင်ငံများ၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ခြိမ်းခြောက်လျက်ရှိကြောင်း ကင်ကပြင်းပြင်းထန်ထန် ဝေဖန်ပြောကြားခဲ့ပါသည်။ တောင်ကိုရီးယားနှင့် အမေရိကန်နိုင်ငံတို့သည် Freedom Guardian အမည်ရှိ ပူးတွဲစစ်ရေး လေ့ကျင့်ခန်းအား သြဂုတ်လ ၂ဝ ရက်နေ့မှ ၃၁ ရက်နေ့အထိ တောင်ကိုရီးယားတပ်ဖွဲ့ဝင် ၅၆,ဝဝဝ နှင့် အမေရိကန်တပ်ဖွဲ့ဝင် ၃ဝ,ဝဝဝ ခန့်ပါဝင်လေ့ကျင့်ရန် စီစဉ်ထားကြောင်း သိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်