Tuesday, August 21, 2012

ပါကစ္စတန်ကြည်းတပ်ဦးစီးချုပ်က အမေရိကန်တပ်ဖွဲ့များနှင့်ပူးတွဲစစ်ဆင်မှု ပြုလုပ်မည်ဆိုသည့်သတင်းများအားငြင်းဆိုခဲ့ခြင်း

Posted by drmyochit Tuesday, August 21, 2012, under | No comments



အမေရိကန် တပ်ဖွဲ့များနှင့် ပူးတွဲ၍ စစ်ဆင်မှုတစ်ရပ် ပြုလုပ်မည်ဟူသော သတင်းများကို ငြင်းဆိုခဲ့ကြောင်း ပါကစ္စတန် စစ်ဘက်က သြဂုတ်လ ၁၇ ရက်နေ့တွင် ပြောကြားခဲ့သည်ဟု Xinhua သတင်းတစ်ရပ်အရ သိရှိရပါသည်။ 

ပါကစ္စတန်နှင့် အမေရိကန်တို့သည် မြောက်ဝါဇီရစ္စတန်ရှိ စစ်သွေးကြွများနှင့် အာဖဂန်နစ္စတန် နှင့်ထိစပ်နေသော နယ်စပ်ဒေသများ တွင်လှုပ်ရှားနေသော ပါကစ္စတန်တာလီဘန်တို့အား ပူးတွဲစစ်ဆင် မှုတစ်ရပ် စတင်လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ကြောင်းနှင့် ပါကစ္စတန် ထောက်လှမ်းရေး အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး ဇာဟီယာအူအစ္စလာမ်နှင့် အမေရိကန်နိုင်ငံ၏ CIA အဆင့်မြင့် တာဝန်ရှိသူများအကြား ဝါရှင်တန်မြို့ ၌တွေ့ဆုံ ဆွေးနွေးခဲ့စဉ် ထိုကဲ့သို့ ပူးတွဲစစ်ဆင်မှု ပြုလုပ်ရန် သဘောတူညီခဲ့ခြင်း ဖြစ်ကြောင်း အမေရိကန် သတင်းဌာနတစ်ခုက ယခုလအစောပိုင်းတွင် ဖော်ပြခဲ့ပါသည်။ သို့သော် ဗိုလ်ချုပ်ကြီး ကရာနီသည် အမေရိကန် အလယ်ပိုင်းဒေသ စစ်ဌာနချုပ်မှူး ဗိုလ်ချုပ်ကြီး ဂျိမ်းစ်အန်မက်တစ်နှင့် သြဂုတ်လ ၁၆ ရက်နေ့နှောင်းပိုင်းတွင် ရာဝါပင်ဒီမြို့၌ တွေ့ဆုံဆွေးနွေးစဉ် အဆိုပါသတင်းများအား ငြင်းဆိုပြောကြားခဲ့ သည်ဟု သိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်