Tuesday, August 21, 2012

မြန်မာနိုင်ငံအ တွက်လျှပ် စစ်ရရှိေ ရးထ ပ်မံပြည့်ဝေ အာင်လုပ်ဆော င်သွားမည်

Posted by drmyochit Tuesday, August 21, 2012, under | No comments



မြန်မာနိုင်ငံ၏ လျှပ်စစ်ရရှိရေး ကိစ္စများကို ထပ်မံပြည့်ဝအောင် လုပ်ဆောင်သွားရ
မြန်မာနိုင်ငံ၏ လျှပ်စစ်ရရှိရေး ကိစ္စများကို ထပ်မံပြည့်ဝအောင် လုပ်ဆောင်သွားရန် ပြုလုပ်သွားမည် ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီး ဌာနမှပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက ပြောသည်။ ယခင်ထက် စွမ်းအင်ပြည့်ဝရန် အကြံဥာဏ်များ စဉ်းစားနေကြောင်း၊ နိုင်ငံခြား တိုင်းပြည်များနှင့် ချုပ်ဆိုထားသော စာချုပ်ကိစ္စများ ရှိနေသေးကြောင်း ၄င်းက ထပ်လောင်းပြောသည်။ပထမ အကြိမ် အမျိုးသားလွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး ၃၀ ရက်မြောက်နေ့ကို ယနေ့တွင် ကျင်းပရာ၌ ရန်ကုန်တိုင်း ဒေသကြီးမဲ ဆန္ဒနယ် အမှတ်(၆)မှ ဒေါက်တာတင်ရွှေ ၏ရန်ကုန်တွင် လျှပ်စစ်မီးပြတ်တောက် ခဲ့သောအခြေအနေနှင့် ပတ်သတ်၍ သဘာဝဓါတ်ငွေ့ နှင့်လေဆီများ ထွက်သည့်အောင်သင်္ခ(၂) ၊ရှာဖွေရေး တွင်းအား ထိုင်းနိုင်ငံ ကုမ္ပဏီတွင်း တူးစက်ဖြင့် တူးလျက်ရှိရာ တွင် အောင်မြင်မှု ရှိမရှိနှင့် စပ်လျဉ်သည့် မေးခွန်းကို ၄င်းက ယင်းသို့ဖြေ ကြားခဲ့သည်။

 ထို့ပြင် (၁) မန္တလေးတိုင်း၊သာစည်မြို့နယ်၊ ယင်းမာပင် ကျေးရွှာရှိ အခြေခံပညာ အထက်တန်း ကျောင်းခွဲအား အထက်တန်း အဆင့်တိုးမြင့်ပေး ရန်ကိစ္စ၊(၂) မကွေးတိုင်း ချောက်မြို့နယ်၊ ရွာမကျေးရွာရှိ မူလွန်ကျောင်းကို အလယ်တန်းကျောင်းခွဲ အဖြစ်အဆင့်တိုးပေးရန်၊(၃) မိတ္ထီလာ မြို့နယ် ရေဝေအထက်တန်းကျောင်းခွဲကို အထက်တန်းကျောင်းအဖြစ်တိုးမြင့်ပေးရန်၊(၄) ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဟောင်ပါး ကျေးရွာ တွဲဖက် အထက် တန်းကျောင်းကို အထက်တန်းကျောင်းခွဲ အဖြစ် အဆင့်မြင့်ပေးရန် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၎ဦး တို့က စသည့်မေးခွန်းတို့ကို မေးမြန်းပြီး ပြည်ထောင်စု အဆင့်မှ ပြန်လည် ဖြေကြားရာတွင် ပညာရေး ၀န်ကြီးဌာနမှ ပြည်ထောင်စု ဒုဝန်ကြီး က မေးခွန်း(၁)၊ (၂) တို့တွင် အစီစဉ် မရှိသေးကြောင်းနှင့် မေးခွန်း(၃) နှင့် (၄) တို့အား လာမည့် ၂၀၁၃.၁၄ ခုနှစ် ပညာသင်နှစ်တွင် တိုးမြင့်ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း ဖြေကြားခဲ့သည်။ —
  

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်