Tuesday, August 21, 2012

ရေကြီးနေမှုကြောင့် မြောက်ဥက္ကလာပမြို့နယ်ရှိ အခြေခံပညာကျောင်းများ ပိတ်ထားရ

Posted by drmyochit Tuesday, August 21, 2012, under | No comments



  
 
 
 ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာ ပမြို့နယ်တွင် (၁၈)ရက်နေ့ညနှင့် (၁၉)ရက်နေ့ များတွင် မိုးများသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် အခြေခံ ပညာကျောင်း(၁ဝ) ကျောင်း အတွင်း ရေများဝင်ရောက်ကာ  ကျောင်းများယာယီ ပိတ်ထားရကြောင်း မြို့နယ်ပညာရေးမှူးထံက သိရှိရသည်။
 အဓိက ရေကြီးနေသည့် အခြေခံပညာ ကျောင်းများမှာ  အထက (၁)၊ အထက (၄)၊ အမက (၄၈)၊ အမက (၁၁)၊ အမက (၄၂)၊ အမက (၄၃)၊ အလက (၁ဝ)၊ အမက (၅) အမက (၄ဝ)၊ အမက (၁၄) စသည့် ကျောင်းများ ပိတ်ထား ခဲ့ရခြင်းဖြစ်သည်။ ပိတ်လိုက်ရသည့် ကျောင်းများအား မြို့နယ်ပညာရေးမှူးရုံးမှ စာရင်းကောက်ခံလျှက်ရှိပြီး စာရင်းမရရှိသေးသည့် ကျောင်းများလည်း ကျန်ရှိနေသေးကြောင်း သိရှိရသည်။
 ''ကျောင်းတွေကို ပိတ်လိုက်ရတာက စာသင်ခန်းတွေ ထဲရေတွေ ဝင်ကုန်လို့ ပိတ်လိုက်ရတာ ပါ။ စာသင်ခန်း ၁၆ ခန်းရှိရင် ၈ ခန်းလောက် က ရေတွေဝင်ကုန်တယ်။ ပြီးတော့ကလေး တွေအတွက် စိုးရိမ်လို့ ကျောင်းတွေကို ပိတ်လိုက်ရတာ''ဟု မြောက်ဥက္ကလာပ မြို့နယ် မြို့နယ်ပညာရေးမှူးက ပြောကြားသည်။ မြောက်ဥက္ကလာပ မြို့နယ်အတွင်းတွင်  ရေကြီးရေလျှံ ခြင်းများကြောင့် အနိမ့်ပိုင်း နေရာများ ရှိ ကျောင်းများတွင် ရေကြီး နေခြင်းဖြစ်ပြီး အမြင့်ပိုင်းရှိ ကျောင်းများမှာ ယခင်အတိုင်း ဆက်လက်ဖွင့် လှစ်ထားကြောင်း သိရှိရသည်။  မိုးစတင်ရွာသွန်း သည့်နေ့တွင် ကျောင်းစာသင် ခန်းများအတွင်း၌ ရေအမြင့်ပေ-၃ပေ အထိ မြင့်တက်ခဲ့ခြင်း ဖြစ်သည်။သြဂုတ်လ ၂ဝ ရက်နေ့တွင် ရေအနည်းငယ် ပြန်ကျသွားသော်လည်း ကျောင်းများဖွင့်လှစ်ရန် ခက်ခဲလျှက်ရှိသည်။

ကျောင်းတွေ ပိတ်ရခြင်း အကြောင်းအရင်းက ကျောင်းစာသင်ခန်း များအတွင်း ရေများဝင်ရောက်၍ ကလေးများ အန္တရာယ် ရှိနိုင်သည့်အတွက် ကျောင်းများ ပိတ်ထားရခြင်း ဖြစ်ကြောင်းနှင့် ကျောင်းပိတ် လိုက်ရသည့် ရက်များအတွက် သြဂုတ်လ (၆)ရက်နေ့တွင် အစားထိုးခေါ် ယူသင်ကြားမှုများ ပြုလုပ်နိုင်ရန် မြို့နယ်ပညာရေးမှူးရုံးမှ စီစဉ်ထားရှိ ထားရှိကြောင်းကိုလည်း သိရှိရသည်။ ကျောင်းများတွင် ရေကြီးနေမှုကြောင့် ကျောင်းသား မိဘများမှာ ကလေးအား စိုးရိမ်သည့် အတွက် ကျောင်းသို့ မသွားခိုင်းကြောင်း မြောက်ဥက္ကလာပမြို့နယ်ရှိ ကျောင်းသားမိဘများ ကဆိုသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်