Tuesday, August 21, 2012

လားရှိုးတွင် ရေမျောပစ္စည်း လိုက်ဆယ်သူ တစ်ဦးသေဆုံး

Posted by drmyochit Tuesday, August 21, 2012, under | No comments



လားရှိုးမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင် မြေနိမ့်ပိုင်း ရပ်ကွက်များ ရေလွှမ်းမိုးပြီးလူနေအိမ်အချို့မှာ ပြိုကျခဲ့ရာ ရေမျော ပစ္စည်းများ လိုက်ပါဆယ်ယူ သူတစ်ဦး သေဆုံးသွားကြောင်း လားရှိုးမြို့ခံများက The Voice Weekly သို့ပြောသည်။ မိုးများသည်း ထန်စွာရွာပြီး သြဂုတ်လ ၁၉ ရက်နေ့တွင် တောင်ကျရေများ အရှိန်ပြင်းစွာ စီးဆင်းလာ မှုကြောင်း လူနေအိမ်အချို့  ရေမြှုပ်ခြင်း၊ ပစ္စည်းများ မျောပါခြင်းများ ဖြစ်ခဲ့ပြီး အုတ်တံတိုင်း အချို့မှာလည်းပြိုကျ ပျက်စီးခဲ့ခြင်းများ ရှိခဲ့ကြောင်းလားရှိုးမြို့ခံများထံမှသိရှိရသည်။“ဒါမျိုး လားရှိုးမှာ တစ်ခါမှ မဖြစ်ဖူးဘူး။ တောင်ကျရေတွေ ကျလာလည်း ဒီလောက်အထိ များစရာအကြောင်း မရှိဘူး။

 ကျွန်တော်တို့ အထင်တော့ မိုးရေတွေ များလာပြီး နန့်ဆန် ဆည် ကျိုးမှာဆိုးလို့ ဖောက်ထုတ် လိုက်တယ် ထင်တယ်” ဟုရပ်ကွက် (၁) တွင် နေထိုင်သူ အမျိုးသား တစ်ဦးကဆိုသည်။ ရေမျောပါ သေဆုံးသူမှာ ရေစီးတွင် မျောပါသွားသော ၄င်း၏ နေအိမ်မှ ကိုယ်ပိုင် ပစ္စည်းများကို လိုက်လံ ဆယ်ယူစဉ် သေဆုံးခြင်းဖြစ်ပြီး မန္တလေး - လားရှိုးမြို့  အဝင် ပြည်ထောင်စု လမ်းမကြီး ပေါ်တွင် လည်း ရေများလျှံခဲ့ပြီး ပစ္စည်းများ မျောပါခြင်းများ ရှိခဲ့ကြောင်း လားရှိုးမြိုခံများ ထံမှသိရသည်။ “အခုက ဌာနဆိုင်ရာ အကုန်လုံးက ကယ်ဆယ်ရေးတွေ လုပ်နေတယ်။ ဒုက္ခသည်တွေ ကတော်တော်များတယ်။ အကုန်လုံးကိုတော့ ထမင်းထုပ်ဝေတယ်” ဟုလားရှိုးမြို့ခံ ကပြောသည်။ လူအသေ အပျောက် စာရင်း နှင့် ဒုက္ခသည် များစာရင်း ကို တရားဝင် အတည်ပြုနိုင် ခြင်းမရှိသေးပေ။
လွန်ခဲသောနာရီပိုင်း ကလားရှိုး မြို့နှင့်မူဆယ်မြို့ကြား အေတီတံတားချောင်း၌ ယခင်က ကုန်တင်ကားများ ကိုဖြတ်သန်းခွင့် ပြုခဲ့သော်လည်း ယခုအချိန်တွင် ဖြတ်သန်းခွင့် မပြုတော့ကြောင်း၊ ရေမှာ ကုန်တင်ကားများ သွားနိုင်သည့် အနေအထား ထက်ကျော် လွန်နေသောကြောင့် ဖြစ်ကြောင်း လားရှိုးမြို့ဒေသခံများကရှင်းပြကြသည်။ တရုတ်နိုင်ငံနှင့် အဓိက ကုန်သွယ်ရာ လမ်းမကြီး ဖြစ်သော မန္တလေး - မူဆယ် လမ်းမကြီးသည်လည်း လားရှိုးမြို့တွင် ရေ လွှမ်းမိုး နေသဖြင့် ယခုအခါကုန်တင် ကားကြီးများ သွား၍ မရတော့ သောကြောင့် ကုန်စည် စီးဆင်းမှု ရပ်ဆိုင်း လျက်ရှိကြောင်း လားရှိုး - မူဆယ် အထွက်တွင် ရပ်တန့်ထားသော ကုန်တင်ကား မောင်သူများ ထံက စုံစမ်း သိရှိရသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်