Sunday, June 30, 2013

လားရှိုးမြို့တွင် ရပ်ကွက်(၇)တွင် နေအိမ်အတွင်းမှ မူယစ်ဆေးဝါးနှင့်အတူ လက်နက်များဖမ်းဆီးရမိ

Posted by drmyochit Sunday, June 30, 2013, under | No comments

 ဇွန်လ၂၈ရက်နေ့ကလားရှိုးမြို့၊ရပ်ကွက်(၇)၊နယ်မြေ(၆၀)၊ ရန်ကင်းလမ်းရှိ စိုင်းလှထွန်း (ခ)အိုက်ကျိုင်းနေ အိမ် အားသတင်းအရ ၀င်ရောက်ရှာဖွေရာ နေအိမ်တွင် စိုင်းလှထွန်းအားမတွေ့ဘဲ ၄င်း၏ ဇနီးဖြစ်သူ မနန်းမလေးအား မိသားစုနှင့် အတူတွေ့ရပြီးစိုင်း လှထွန်းမှာနေအိမ်မှ ထွက်ခွာသွားကြောင်း သိရပြီးနေအိမ်အားရှာဖွေရာ၎င်းအိမ် အိပ်ခန်းအတွင်းမှ ကုတင်ခေါင်းရင်း အံဆွဲအ တွင်းမှအမေ ရိကန်နိုင်ငံ လုပ်Beretta အမျိုးအစား အနက်ရောင် ပစ္စတို(၁)လက်နှင့်ကျည်(၁၂)တောင့်၊ထိုင်းနိုင်ငံလုပ်မိန်းမကိုင်
(၅)လုံးပြုးသေနတ်(၁)လက်ကျည်(၁၇)တောင့်၊ WYစိတ်ကြွဆေးပြား(၁၀၀)ပြား၊ ဆူဒိုအက်ဖီ ဒရင်း အဖြူရောင်ဆေးပြား(၆၀၀)ပြား၊ မက်သာအက် ဖက်တမင်း (ICE)၂ဂရမ်၊နှင့်နေ အိမ်အိပ်ခန်း မီးခံသေတ္တာ အတွင်းမှ အမေရိကန်ဒေါ်လာ(၄)ဒေါ်လာ၊အိန္ဒိယရှုပီး(၁၆၃၅)ရှုပီး၊ တရုတ်ယွမ်ငွေ
(၁၃၆၀၁၄)ယွမ်၊ ထိုင်းဘတ်ငွေ(၁၄၃၂၀)ဘတ်၊မြန်မာကျပ်ငွေ(၄၀)သိန်းအားသိမ်းဆီးရမိကြောင်း သိရ သည်။

မူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်းများ တရားမ၀င် သိုဝှက်သယ်ဆောင် ရောင်းဝယ်သူ စိုင်းလှထွန်းနှင့် မနန်းမလေး အားလား ရှိုး ရဲစခန်းမှ အမှုဖွင့်အရေးယူထားပြီး စိုင်းလှထွန်း အားဖမ်းဆီး ရမိရေး ဆောင်ရွက် နေကြောင်း တာဝန်ရှိသူ တစ်ဦးမှ ပြောပါသည်။
from ရွှေလားရှိုး

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်