Sunday, December 22, 2013

မိန်းကလေးတွေရဲ့ စိတ်နေစိတ်ထား လျှို့ဝှက်ချက်များ

Posted by drmyochit Sunday, December 22, 2013, under | No comments


မိန်းကလေးတွေရဲ့ အာရုံစိုက်မှု၊ နှစ်သက်မှုကို ရယူချင်ကြတာ ယောက်ျားလေးတွေတိုင်းရဲ့ သဘာဝပါပဲ။ ကံမကောင်းစွာနဲ့ပဲ၊ မိန်းကလေးတွေနဲ့ ပတ်သက်ပြီး ရရှိလာတဲ့ အခွင့်အရေးတွေကို ယောက်ျားလေး တော်တော် များများက ပြိုပျက်အောင် ဖြိုဖျက်လိုက်မိကြတယ်။ ဒါဟာ မိန်းကလေးတွေရဲ့ အချစ်ပေါ်မှာ ထားရှိတဲ့ စိတ်နေသဘာဝကို နားမလည်လို့ပဲ။ ဒါ့ကြောင့် အာရုံစိုက်မှု၊ နှစ်သက်မှုကို အပိုင်ရယူနိုင်ရမယ့် နေရာမှာ၊ တွေ့တွေ့ချင်း ဆောက်နဲ့ထွင်း ဆိုသလို အမှားအယွင်းတွေ ဖြစ်ကုန်တော့တာပေါ့။

မိန်းကလေးတွေဟာ…………………

၂၆။ သူတို့ချစ်တဲ့သူ တစ်ယောက်ကိုမြင်တွေ့လိုက်တာနဲ့ မဖော်ပြနိုင်တဲ့ ပျော်ရွှင်မှုမျိုး ခံစားရတယ်။

၂၇။ ချစ်သူရှိတဲ့ မိန်းကလေးရဲ့ မျက်လုံးထဲမှာ ထူးဆန်းတဲ့ လင်းလက်တောက်ပမှုတွေ ရှိတယ်။

၂၈။ ဟာသဉာဏ်ရွှင်တဲ့ ယောက်ျားလေးတွေကို ကြိုက်တယ်။

၂၉။ ကိုယ်စွမ်းကိုယ်စ၊ ပင်ကိုယ်အရည်အချင်း မရှိတဲ့ ယောက်ျားတွေကို မကြိုက်ဘူး။

၃၀။ လမ်းခွဲကြတဲ့အခါ ယောက်ျားလေးတွေထက် ပိုပြီးခက်ခဲတဲ့ အချိန်ကာလတစ်ခုကို ဖြတ်သန်းရတယ်။

၃၁။ ဂီတသမားတွေကို စိတ်ဝင်စားလေ့ရှိကြတယ်။

၃၂။ အတင်းအဖျင်း ပြောရတာလည်း ကြိုက်တယ်ဟေ့။

၃၃။ သူတို့ချစ်ရသူ စိတ်ကျေနပ်ဖို့ဆို ဘာပဲလုပ်ရ လုပ်ရ။

၃၄။ သူတို့ ချစ်ရသူ တောင်းဆိုလာတာတွေကို အတိုက်အခံ လုပ်နိုင်စွမ်းမရှိဘူး။

၃၅။ Boxer တိုတိုပဲ ၀တ်ထားတဲ့ ယောက်ျားလေးတွေကို တချို့မိန်းကလေးတွေက စွဲဆောင်မှုရှိတယ်လို့ မြင်ကြတယ်။

၃၆။ ချစ်စရာမကောင်းပဲ ချစ်စရာကောင်းပါတယ်လို့ အထင်ခံရတာမျိုး မကြိုက်ဘူး။

၃၇။ ရူးကြောင်ကြောင် အလွဲတွေ လုပ်မိတဲ့ ယောက်ျားလေးကို ချစ်စရာကောင်းတယ်လို့ ယူဆတယ်။ ဒါပေမဲ့ အချိန်တိုင်းတော့ မဟုတ်ပါဘူး။

၃၈။ ဖွံ့ဖြိုးပြောင်းလဲလာတယ်လို့ မြင်မိရင်၊ အဲ့တာဟာ သူတို့ရဲ့ ချစ်တတ်တဲ့စိတ်တွေဟာလည်း ဖွံ့ဖြိုးပြောင်းလဲလာပြီလို့ ဆိုလိုတာပဲ။

၃၉။ စိတ်ဆိုးနေပြီဆိုရင် တကယ်နာကျင် ရတယ်လို့ ဆိုလိုတာပဲ။

၄၀။ သူတို့ရဲ့ စိတ်ကူးထဲက ယောက်ျားလေးတစ်ယောက် (မင်းသား၊ အဆိုတော်) ပုံစံ ဖမ်းတာမျိုး မကြိုက်ဘူး။

၄၁။ သင်ဖြစ်နေတဲ့ ပုံစံ(ကျောင်းသား၊ လခစား၊ သူဋ္ဌေးသား) အတိုင်းပဲ သင့်ကို ချစ်နိုင်တယ်။

၄၂။ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ အကြောင်း ယောက်ျားလေးတွေကပြောရင် ရှက်ချင်ယောင်ဆောင် တတ်တယ်။ ဒါမှမဟုတ် ရွံရှာတဲ့ ဟန်လုပ်လိမ့်မယ်။

၄၃။ ချစ်သူလိုလဲချစ်ပါတယ်။ အကို၊မောင် လိုလဲချစ်ပါတယ်။

၄၄။ ညီမလေးတစ်ယောက်လို ဖေးမကူညီပေးတာကို နှစ်ခြိုက်ကြတယ်။

၄၅။ သင့်ကို ချစ်စရာကောင်းတယ် လို့ပြောရင်၊ သင်ထင်တာ ဘာမှမဟုတ်ဘူး။ လျှောက်မတွေးနဲ့။

၄၆။ သူတို့သိတဲ့ ယောကျာ်းလေးတစ်ယောက်ယောက်ရဲ့ အရေးမလုပ် အဖတ်မလုပ်တာ ခံရရင် တကယ်နာကျင်ကြတယ်။

၄၇။ ယောကျာ်းလေး တစ်ယောက်ရဲ့ လက်မောင်းပေါ်မှာ လုံခြုံနေချင်တယ်။ ဒါပေမဲ့ အသက်ရှူတော့ မကျပ်ချင်ကြဘူး။

၄၈။ သင့်ကို စမ်းသပ်ဖို့အတွက် မူ’ လိမ့်မယ်။

၄၉။ လမ်းမှာ စကားလိုက်ပြောတာကို အယုံအကြည်မရှိဘူး။ ဒါပေမဲ့ ကြားတော့ကြားချင်ကြတယ်။

၅၀။ မိန်းကလေးတစ်ယောက် ငိုပြီဆို၊ သူ့ရဲ့ နောက်စရိုက်တစ်မျိုးကို တွေ့ရပြီသာမှတ်။

Ref:techversion

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်