Tuesday, November 20, 2012

ကျောက်တော်တွင်ရထားပိမိ၍ ၁၂ နှစ်အရွယ်မိန်းကလေးတစ်ဦး ခြေထောက် ပြတ်

Posted by drmyochit Tuesday, November 20, 2012, under | No comments


ပုဏ္ဏားကျွန်းမှ နေ့လည် ၁နာရီခန့်တွင် စတင် ထွက်ခွါလာသော မီးရထား သည် ကျောက်တော် ဘူတာရောက်ပြီး များမကြာမီ ညနေ့ ၅ နာရီခန့်တွင် ရတား တွဲလှည့်ရာ၌ ဆွံ့အနားမကြားသူ ၁၅ နှစ်ကျော်အရွယ်၊ ဖခင်ဦးမောင်ရွှေသန်း၊ မိခင် ဒေါ်မသန်းရီ ၏ သမီးဖြစ်သူ မသန်းသန်းဌေး မှာ သံလမ်းတွင် ရပ်နေစဉ် ရထားလာသည်ကို မကြား၊ မမြင်သဖြင့် ရထား ကြိတ်မိခဲ့ရာ ဘယ်ဘက် ထောက်အား ရထားတက်နင်းမိပြီး ခြေတစ် ဘက်ကြေမွကျိုးကြေ သွားသည့် အနေအထားသို့ ရောက်ရှိခဲ့ကြောင်း သိရ သည်။
 ယင်းအတွက် ရထားကြိတ်မိသည့် ဘယ်ဘက်ပေါင်အား ပိုင်းဖြတ် ရမည့် အနေအထားတွင် ရှိနေ ကြောင်းသိရသည်။ ယခုအခါတွင် ကျောက်တော် ဆေးရုံ၌ သွေးသွင်းနေ ရကြောင်းသိရသည်။
သန်းသန်းဌေး၏ သွေးမှာ အိုသွေးအမျိုးအစားဖြစ်ကြောင်းလည်းသိရသည်။ ဖြတ်ပိုင်းရမည့် အနေအထားတွင် ရှိနသဖြင့် ညတွင်းချင်း စစ်တွေဆေးရုံသို့ ယူဆောင်လာရန် ပြင်ဆင်လျက်ရှိ ကြောင်းသိရသည်။
စစ်တွေဆေးရုံ သို့ရောက်လျင် သွေးလိုအပ်ချက် ရှိနိုင်သဖြင့် သွေးလှူရှင်များအား အကြောင်း ကြား ထားပြီးဖြစ်ကြောင်းလည်းသိရသည်။ စစ်တွေသွေး လှူရှင်များအသင်းမှ သွေးများကို ရှာဖွေပေး ထားပြီးဖြစ်ကြောင်း လည်းသိရသည်။ အဆိုပါ မိန့်ကလေးသည် ကျောက်တော်မြို့ ပြည်တော်သာ ရပ်ကွက်မှဖြစ်ပြီး ရောင်စုံကျေးရွာရှိ ဆွေမျိုးများထံမှ ပြန်လာ ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
ယခုအခါတွင် ကျောက်တော် ပြည်သူ့ဆေးရုံသို့ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
ရထားကြိတ်မိခြင်းသည် ရထားမောင်းသူတွင် အပြစ်မကင်း ကြောင်းနှင့် ရထားမောင်း သူများအား ထိရောက်စွာအရေးယူပေးရန်လို အပ် လှကြောင်း၊ ယခင်ကလည်း ရထားမှ လိမ့်ကျပြီးသေ ဆုံးမှုများ ကျောက်တော် -ပုဏ္ဏား ကျွန်း လမ်းပိုင်းတွင် ဖြစ်ပေါ်ခဲ့ကြောင်း လည်းသိရသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်