Saturday, January 26, 2013

ဝတပ်ကို တရုတ်လက်နက်ရောင်း

Posted by drmyochit Saturday, January 26, 2013, under | No comments

ဝပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)မှ တပ်သားများကို တရုတ်နယ်စပ်တွင် တွေ့ရစဉ်။
တရုတ်မြန်မာ နယ်စပ်မှာ အခြေ စိုက်တဲ့ လက်နက်ကိုင် အဖွဲ့ တခုကို တရုတ် နိုင်ငံက ခေတ်မှီ လက်နက်တွေ ကို ရောင်းချနေ တယ်လို့ လုံခြုံရေး ဆိုင်ရာလေ့ လာသုံး သပ်သူတွေက ပြောလိုက် ပါတယ်။ မြန်မာနိုင်ငံ ထဲက အင်အားအကြီးဆုံးလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် ကို တရုတ်က လက်နက်တွေ တိတ်တဆိတ် ရောင်းချနေ တာဖြစ်တယ်လို့ ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင် ရာလေ့လာရေး အဖွဲ့ဖြစ်တဲ့ Jane Defense အဖွဲ့ကပြော လိုက်တာဖြစ်ပါတယ်။ 

တရုတ်မြန်မာနယ်စပ် ကချင်ပြည်နယ်မှာ ကချင်လက်နက်ကိုင် KIA တပ်ဖွဲ့တွေနဲ့ အစိုးရ တပ်တွေကြား တိုက်ပွဲတွေ ကို ထိန်းထိန်းသိမ်းသိမ်းလုပ်ကြဖို့ တရုတ်အစိုးရ ပြောနေချိန်မှာပဲ တရုတ်အစိုးရဟာ နယ်စပ် ကနောက်ထပ် လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ The United Wa State Army (UWSA) ဝတပ်ဖွဲ့ကို လက်နက်တွေ တိတ်တ ဆိတ်ရောင်း ချနေတယ်လို့ လုံခြုံရေးဆိုင်ရာ လေ့လာသူတွေက ပြောလိုက် ပါတယ်။

ဝပြည်သွေး စည်း ညီညွတ်ရေး တပ်မတော်ရဲ့ စစ်တပ် အင်အားကို ဖြည့်တင်းနိုင်ဖို့ခေတ်မှီ လက်နက်တွေ ကို တရုတ်က ပြီးခဲ့တဲ့ နှစ်က ရောင်းချခဲ့ တယ်လို့လုံခြုံရေး ဆိုင်ရာ လေ့လာရေး Jane အဖွဲ့ရဲ့ ဒီဇင်လာ ဘာလက ထုတ်ပြန်တဲ့ထောက်လှမ်းရေးဆိုင်ရာ သုံးသပ်ချက်အစီရင်ခံစာထဲမှာ ဖေါ်ပြထားပါတယ်။

ရောင်းချခဲ့တဲ့ အထဲမှာ မြေပြင်ကနေ ဝေဟင်ပစ် Missile ဒုံးလက်နက်တွေ ပါဝင်သလို သံချပ်ကာကား ၁၂ စင်း အနည်းဆုံး ပါဝင်တယ်လို့ ဆိုပါတယ်၊ Jane ထောက်လှမ်းရေး အစီရင်ခံစာ အဆိုအရတော့ Tank Destroyer တင့်ကားဖျက် လက်နက်တွေလို့ သုံးနှုန်းထားပါတယ်၊ ဒီ အစီရင်ခံစာကိုရေးသားတဲ့ ထိုင်းအခြေစိုက် လုံခြုံရေး ဆိုင်ရာ လေ့လာ သုံးသပ်သူ Anthony Davis က တရုတ် အစိုးရဟာ ဝတပ်ဖွဲ့ကို လက်နက် တွေရောင်းနေပေမဲ့ မြန်မာအစိုးရနဲ့ ဆက်ဆံရေးကို အတိမ်းအစောင်း မရှိအောင် ကြိုးစားနေ တယ် လို့ ဆိုပါတယ်၊

"တရုတ်ဟာ နယ်စပ်တလျှောက်မှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကို လှစ်လျှူ ရှုထားမ ထားနိုင်သလို ဗဟိုအစိုးရကိုလဲ လစ်လျှူမရှုထားနိုင်ပါဘူး၊ ဒါဆိုရင် တရုတ်က လက်နက် ကိရိယာတွေကို တိုက်ရိုက်ပေးနေသလားလို့ ဆိုရင်လဲ အဲလို မဟုတ်ပြန်ပါဘူး၊ လက်နက်တွေဟာ အစိုးရအဖွဲ့ ထဲက အဆင့်မြင့် တာဝန်ရှိသူတွေဆီက လာတယ်ဆိုတာကတော့ ရှင်းပါတယ်၊အဲဒီလိုပြောလို့ တိုက်ရိုက် ငွေကြေးထောက် ပံ့နေတယ်လို့လဲ မဆိုနိုင်ပါဘူး၊သူတို့အတွက်က ငြင်းသာ ဖယ်သာ အခြေအနေကို ထိန်းထား ဖို့ လိုပါတယ်"

Jane အဖွဲ့ရဲ့ ထောက်လှမ်းရေးသုံးသပ်ချက် အစီရင်ခံစာနဲ့ ပါတ်သက်လို့တရုတ်နိုင်ငံခြားရေးဌာနက တစုံ တရာ တုံ့ပြန်ဖို့ ငြင်းဆိုခဲ့ပါတယ်၊သမ္မတပြောခွင့်ရသူ ပြန်ကြားရေးဒုတိယဝန်ကြီး ဦးရဲထွဋ်ကလဲ ဒီအစီရင် ခံစာနဲ့ပါတ်သက်လို့ တုံ့ပြန်ဖို့ ငြင်းဆန်ခဲ့ပါတယ်၊

"ဒီကိစ္စနဲ့ ပါတ်သက်လို့ ကျွန်တော်တို့မှာ ဘာသတင်းအချက်အလက်မှ မရပါဘူး၊ကျွန်တော်တို့ရဲ့ ပြည်တွင်းရေး မှာ ဝင်ရောက်စွက်ဖက်မှာ မဟုတ်ဘူးလို့တရုတ်အစိုးရက အမြဲအာမခံချက် ပေးပါတယ်၊ သူတို့ရဲ့ အာမခံချက်ကိုကျွန်တော်တို့ကလဲ လက်ခံပါတယ်။"

မြန်မာအစိုးရကို တော်လှန်တိုက်ခိုက်နေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲမှာ ဝ တပ်ဖွဲ့ဟာ အင်အား အများ ဆုံးဖြစ်ပြီး စစ်သားအင်အား ၃ သောင်းလောက် ရှိမယ်လို့ ခန့်မှန်းရပါတယ်၊ တရုတ် အစိုးရက ဝင်ရောက် မစွက်ဖက်ရေး မူကို မူအားဖြင့် ကျင့်သုံးနေ တယ်ဆိုပေမဲ့ ဝတပ်ဖွဲ့ကို လက်နက်တွေ အကြီး အကျယ် ထောက်ပံ့နေ ခဲ့တာ ကြာပြီလို့ စစ်ရေး သုံးသပ်သူတွေ ကဆိုပါတယ်။

UWSA ဝအဖွဲ့ဟာ 1989 ခုနှစ်က ဗမာပြည်ကွန်မြူနစ်ပါတီကနေ ခွဲထွက်ခဲ့တဲ့လူနည်းစု တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ထဲက တခုဖြစ်ပါတယ်၊ တရုတ် အစိုးရက ကွန်မြူနစ်တွေကို တိုက်ရိုက်ထောက် ခံလာခဲ့ သလိုခွဲ ထွက်ဖွဲ့ စည်းတဲ့ သူပုန်အဖွဲ့တွေ နဲ့လဲ ဆက်ဆံရေး မပျက်ခဲ့ပါဘူး၊ အဲဒီအထဲမှာ တရုတ် အစိုးရဟာ တရုတ် ဘာသာ စကားပြောတဲ့ ဝ အဖွဲ့နဲ့ ပိုပြီး ရင်းနှီး တယ်လို့ Yale တက္ကသိုလ်မှာ ပါရဂူဘွဲ့ ဆည်းပူးနေတဲ့ JoshGordon ကမြင်ပါတယ်၊ ဝ တွေဟာ တရုတ်တွေရဲ့ ကိုယ်ပွားဖြစ် တယ်လို့ သူက ဆိုပါတယ်။

"သူတို့ဟာ တရုတ်ယွမ်ငွေကို သုံးတယ်၊ တရုတ်လက်ကိုင်ဖုန်းတွေကို သုံးတယ်၊မြို့ထဲက နေရာ တော်တော်များ များမှာ တရုတ်ဆီက လျှပ်စစ် စွမ်းအင်ကိုသုံးတယ်၊ တရုတ်ရဲ့ အင်တာနက်ကို သုံးစွဲ ဆက်သွယ်နေကြ ပါတယ်။"

အရင် စစ်အစိုးရလက်ထက်တုန်းက UWSA ဝအဖွဲ့နဲ့ 1990 ပြည့်လွန်နှစ်တွေမှာအပစ်အခတ်ရပ်ဆဲရေး သဘော တူခဲ့ပြီး ရှမ်းပြည်အရှေ့မြောက်ပိုင်းမှာအထူးဒေသတွေပေးပြီး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ပေး ထားခဲ့ပါ တယ်။ ဝဒေသဟာအာရှမှာ Methamphetamine စိတ်ကြွဆေးတွေ အများဆုံးထွက်ရှိရာ ဒေသဖြစ် လာသလို ဝအဖွဲ့ဟာ ဒေသတွင်းမှာ အကြီးကျယ်ဆုံး မူးယစ်ဆေးရောင်းချတဲ့ အဖွဲ့အဖြစ် လက်ခံကြ ထားကြပါ တယ်၊ ဝခေါင်းဆောင် ဝေလျှောက်ခန်ရဲ့ ဓါတ်ပုံတွေကိုအလိုအရှိဆုံး မူးယစ်ရာဇာအဖြစ် အမေ ရိကန် မူးယစ်ဆေးတိုက်ဖျက်ရေးအဖွဲ့ DEA က၂၀၁၁ ခုနှစ်က ထိုင်းပျော်ပွဲစားရုံတွေမှာ ချိတ်ဆွဲ ကြေညာ ခဲ့ပါတယ်။

တရုတ် အစိုးရက ဝတပ်ဖွဲ့ကို လက်နက်တွေရောင်းနေပေမဲ့ တရုတ်မြန်မာနယ်စပ်ဒေသကို တည်ငြိမ်မှု ပျက်ပြားအောင် လုပ်တာ မဟုတ်ပါဘူးလို့Davis ကပြောပါတယ်၊ သူ့ရဲ့ သုံးသပ်ချက်ကတော့ မြန်မာ အစိုးရ အနေနဲ့ကချင်ပြည်နယ်မှာ တိုက်ခိုက်သလိုမျိုး ဝ ဒေသကို တိုက်ခိုက်ဖို့စိတ်တောင်မကူးနဲ့ဆိုတာမျိုး အချက်ပေး ချင်တာသာ ဖြစ်တယ်လို့ ဆိုပါတယ်၊

"မြန်မာနိုင်ငံ မြောက်ပိုင်းမှာ တရုတ်တွေက လှုံ့ဆော်သွေးထိုးပေးနေတာ မဟုတ်ပါဘူး၊ ဝကို ပြန်လည် အားဖြည့်ပေးခြင်းအားဖြင့်သူတို့အနေနဲ့ စစ်ရေးအတားအဆီးကို အားပေးနေတာပါ၊ တရုတ်နိုင်ငံ အကျိုးအတွက် လွန်ခဲ့တဲ့ အနှစ် ၂၀ ထဲကရှိခဲ့တဲ့ တည်ငြိမ် အေးချမ်းမှုကို သူတို့ကပြန်လည် အားဖြည့်ပေးနေ တာဖြစ်ပါတယ်။"

ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ နယ်စပ်လုံခြုံရေး ကိစ္စတွေကို ဆွေးနွေးဖို့ တရုတ်က အဆင့်မြင့် စစ်အရာရှိကြီးတယောက်ကို ဒီလထဲမှာပဲ တရုတ်က စေလွှတ်ခဲ့ပါတယ်၊မြန်မာနိုင်ငံမှာ စစ်အစိုးရ လက်ထက် အနောက်နိုင်ငံတွေရဲ့ပိတ်ဆို့ဒဏ်ခတ်မှုတွေ ခံထားရချိန်ကာလကဆိုရင် တရုတ်ဟာ မြန်မာနိုင်ငံအပေါ်မှာအတော်ကို သြဇာညောင်းခဲ့ပါတယ်။ ဒါပေမဲ့ သမ္မတ ဦးသိန်းစိန် လက်ထက် ပြုပြင်ပြောင်း လဲမှုတွေလုပ်လာတဲ့နောက်ပိုင်း ပိတ်ဆို့ဒဏ်ခတ်မှုတွေကိုလဲ အနောက်နိုင်ငံတွေက ဆိုင်းငံ့ လိုက်ပြီး တဲ့နောက် မြန်မာအပေါ် တရုတ်ရဲ့ သြဇာလွှမ်းမိုးမှုဟာ လျှော့ပါးလာခဲ့ပါတယ်၊ ဒါကြောင့် တရုတ် က ဝ တပ်ဖွဲ့ကိုလက်နက်တွေရောက်ပြီး တုံ့ပြန်လိုက်တာလို့ လုံခြုံရေးဆိုင်ရာလေ့လာသုံးသပ်သူ Anthony Davis က သုံးသပ်ပါတယ်

VOA

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်