Saturday, January 26, 2013

၈၈ မျိုးဆက် ကျောင်းသားအဖွဲ့များ၏ လေစစ်ပွဲများ လျော့ချသင့်ပြီ

Posted by drmyochit Saturday, January 26, 2013, under | 1 comment

နေပြည်တော်တွင် ပြုလုပ်နေသော လွှတ်တော်အစည်းအဝေးတွင် လက်ရှိစစ်တပ်မှာ သုံးစွဲနေတဲ့ စစ်အသုံး စရိတ်များအား ထုတ်ဖော်ရှင်းလင်းပေးဖို့ ၈၈ မျိုးဆက်ကျောင်းသားများက အဆို တင်သွင်း ခိုင်းကြောင်း၊ ပိုက်ဆံ ပေးဝယ်စရာမလိုသော လေကို သုံးကာ အရိုးမရှိသော လျှာဖြင့် မပြတ်အာချောင် တိုက်စစ် ဆင်နေကြောင်း ကြားသိရပါသည်။



၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ဝင်များ သိအောင် ပြောပြပါမယ်။ နိုင်ငံတစ်ခုကို ကာကွယ် စောင့်ရှောက်ဖို့ တပ်မတော်တစ်ခုဖွဲ့စည်းပြီး ပြည်တွင်းပြည်ပရန်ကို ကာကွယ်ဖို့ လူအင်အား၊ လက်နက် ခဲယမ်းအင်အားတွေ တောင့်တင်းပြီး အမြဲအသင့်ဖြစ်အောင် လုပ်ရပါတယ်။ သတ္တလောကကြီးမှာ သက်ရှိ သက်မဲ့ ဘယ်အရာမဆို သက်တမ်းဆိုတာ ရှိပါတယ်။ “ အို.. နာ..သေ..” ဆိုသလိုပေါ့၊ အဲဒီတော့ နိုင်ငံတော် ကာကွယ်ဖို့ ထုတ်လုပ် ထားတဲ့ လက်နက်/ခဲယမ်းတွေမှာ သတ်မှတ်ထားတဲ့ သက်တမ်း ဆိုတာရှိပါတယ်။ သက်တမ်းကုန်သွားရင် ဖျက်ဆီးပစ်ရပါတယ်၊ အခုလည်း မြန်မာနိုင်ငံရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်တဲ့ အေးချမ်းတည်ငြိမ်မှု၊ တရားဥပဒေ စိုးမိုးမှုမရှိတဲ့ ကချင်ပြည်နယ်ဒေသအချို့မှာ တိုင်းပြည်ရဲ့ ဆူးညောင့် ခလုတ်အဖျက်သမား ပါးစပ်နဲ့ပြောတာကို နားမလည်တဲ့ KIA ကို မဟုတ်တာမလုပ်ရအောင် ထိန်းသိမ်း တားမြစ်တဲ့နေရာမှာ သက်တမ်းကုန်ခါနီး ခဲယမ်း တွေကို အသုံးပြုလို့ ဘာစစ်အသုံးစရိတ်မှ ထပ်ကုန်စရာ အကြောင်း မရှိပါဘူး။ ဘယ်သူ့ဆီမှလည်း ထပ်တောင်း စရာမလိုပါဘူး။ လက်ရှိ ပွင့်လင်းမြင်သာတဲ့ ခေတ်ကြီးမှာ တိုးတိုးတိတ်တိတ် “ ရော့ အင့် လက်နက်ခဲ့ယမ်း ၀ယ်လိုက် ” ဆိုတာ လည်း မရှိပါဘူး။

အဆင့်ဆင့်တင်ပြတောင်းခံ ညှိနှိုင်းသဘောတူခွင့်ပြုမှ လုပ်ရတဲ့ ခေတ်ဖြစ် နေပါပြီ၊ ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေးကဏ္ဍအလိုက် စည်းစနစ်ကျကျ စီမံခန့်ခွဲ သုံးစွဲတဲ့ခေတ် ဖြစ်နေပါပြီဆိုတာ မလေ့လာလို့ မသိတာလား၊ နားမလည်လို့ မသိတာလား၊ တိုင်းပြည်အပေါ် စေတနာထား အမှန်တကယ် ကြိုးစားနေတဲ့ နိုင်ငံရေးသမားကြီးတွေကို လေးစားအားနာပါတယ်။ ထင်ပေါ်ကျော်ကြားချင်လို့ လူထု အကြိုက် စကားလုံး လှလှလေးတွေ ပြောနိုင်ဖို့ ကွက်စိပ်ဆရာဆီမှာ သင်ပြီး ဆပ်ပြာပူဖေါင်းလို့ တတွတ်တွတ် နဲ့ ပြောတာ ခြေသားလုံးအိမ်တိုင်တွေရဲ့ လက်ခုပ်လက်ဝါးသံတွေနဲ့ ကျေနပ်နှစ်သိမ့် မနေပါနဲ့..၊ စစ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံတကာရေးတွေကို လက်လှမ်းမီသလောက် လေ့လာပြီး လက်တွေ့ကျတဲ့ အပြုသဘောဆောင်တဲ့ စကားတွေကိုဘဲ ပြောကြားဖို့ လိုပါတယ်။

အခုစစ်တပ်ဟာ သွေးမတော်သားမစပ်ပေမယ့် တစ်မြေထဲနေ တစ်ရေထဲသောက်နေတဲ့ တိုင်းရင်းသားလူထုကို ကိုယ့်လုပ်စာ ကိုယ်မစားရဘဲ KIA ကို ဆက်ကြေးပေးနေရတဲ့ ဘ၀ကလွတ်အောင် ကိုယ့်မိသားစု စားဝတ် နေရေး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းလုပ်ကိုင်ဆောင်ရွက်နိုင်အောင် KIA ရဲ့ မိုင်းထောင်ဖောက်ခွဲ၊ လူသတ်၊ ဓါးပြတိုက်၊ အတင်းအဓမ္မဖမ်းဆီး လူသစ်စုမခံရအောင် သားတကွဲ မယားတကွဲနဲ့ အပင်ပန်း အဆင်းရဲခံ အသက်တွေ၊ သွေးတွေ၊ ချွေးတွေရင်းနှီးပြီး လုပ်ကိုင်ေ ဆာင်ရွက် ပေးနေ တာတွေ၊ ချုပ်ငြိမ်းသွားအောင် အလဟဿ သက်တမ်းလွန်တော့မယ့် ခဲယမ်းတွေကိုသုံးပြီး တိုက်ရင်း လေ့ကျင့် နေတာ တွေဟာ ပြည်သူ အတွက် အကျိုးရှိသလို၊ စစ်တပ်အတွက်လည်း အကျိုးရှိ ပါတယ်။

အားလုံးအတွက် မျှမျှတတ သဟဇာတကျသွားအောင် KIA အဖွဲ့ကစစ်တပ်ကို တိုက်ခိုက် တဲ့ နေရာမှာသုံးတဲ့ လက်နက်တွေ၊ မြောက်များလှတဲ့ ခဲယမ်းတွေ၊ နှစ်နှစ်နီးပါး ဘာမှ မစိုက်မပျိုးဘဲနဲ့ စားသုံးခဲ့တဲ့ ရိက္ခာတွေ ဘယ်ကရတဲ့ ပိုက်ဆံနဲ့ ၀ယ်သလဲလို့ KIA ကို မေးရဲပါသလား၊ ၈၈ မျိုးဆက် ကျောင်းသားများ ဖြေပါ။


မောင်သစ္စာ(ဖားကန့်မြေ)

1 comments:

သိချင်ရင် စစ်ထဲဝင်ပါ။ ကက(နက်)တို့ ဘာတို့မှာအနည်းဆုံး ညွှန်ချုပ်လုပ်ပါ။ ကာချုပ်ဖြစ်အောင် ကြိုးစားပါ။ ဒီနေ့ စစ်ပွဲတွေမှာ ဒါးနဲ့ ခုတ်လို့မရတော့ဘူးဆိုတာ လေသမားတွေလည်း သိမှာပါ။ နိုင်ငံတိုင်း မိမိနိုင်ငံ ကာကွယ်ရေး အတွက် နည်းမျိုးစုံ ကြိုးပန်းနေတာ မသိလို့လား။ နေရာတိုင်း အရာတိုင်းဟာ ပွင်လင်းမြင်သာရမယ်လို့ဆိုတာ မဖြစ်နိုင်ဘူးဆိုတာ (၈၈)တွေဆိုတဲ့ ရေပေါ်ဆီတွေ နားလည်ဖို့လိုပါလိမ့်မယ်။ (၈၈) အဖွဲ့သားများရော ဘယ်က ဘယ်သူ့ဆီက ထောက်ပံ့ကြေးတွေနဲ့ ထမင်းစားနေတယ်။လှုပ်ရှားနေတယ်ဆိုတဲ့ ငွေကြေးအပါအ၀င် ရသမျှကို ပွင့်လင်းလူ့အဖွဲ့အစည်းဆိုပြီး ချပြဘူးပါသလား။ ပညာအခြေခံ အသက်အရွယ် စသဖြင့် ဘယ်နေရာမှ ၀င်မတိုးနိုင်တော့ပဲ ကိုယ်ကိုတိုင် လေနဲ့ လုပ်စားနေရတယ် ဆိုတာ သတိပြုမိဖို့ လိုပါတယ်။ နိုင်ငံတော် ကာကွယ်ရေး ကိစöတွေဟာ အရပ်ထဲ ရှိသမျှလူ သိဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အထူးသဖြင့် (၈၈)ဆိုတဲ့ ဝေလေလေတွေ ပို မသိဖို့လိုပါတယ်။ မဆလခေတ်တုံးက ဆရာဗန်းမော်တင်အောင် ရေးခဲ့တဲ့ ပုဂံရွှေပြည်စာအုပ်မှာ မှတ်သားဖူးတာ တစ်ခုရှိပါတယ်။ ဆရာက ပြောပါတယ်။ ရှင်ဘုရင်ဆိုတာ ဆိုက်ကားသမား တက်လုပ်လို့ မရဘူးဆိုပြီး တရုပ်ပြေးမင်း ဥပမာနဲ့ ထောက်ပြခဲ့ ဘူးပါတယ်။ ဒီလိုပါပဲ ဆင်အလုပ် ဆင်လုပ်ပါလိမ့်မယ်။ ခွေး အလုပ် ခွေးလုပ်တာ အကောင်းဆုံးလို့ပဲ တင်ပြပါရစေ။

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်