Saturday, January 26, 2013

ဟင်းသီးဟင်းရွက်များ၌ အဆိပ်ပါသည်ဟု ရခိုင်၌ သတင်းများ ပြန်လည်ထွက်ပေါ်

Posted by drmyochit Saturday, January 26, 2013, under | No comments


ရခိုင်ပြည်နယ်(မြစ်မခ)စစ်တွေမြို့နယ်အတွင်းမှ ဟင်းသီးဟင်းရွက်များတွင် အဆိပ်များပါဝင်နေသည်ဟု ထွက်ပေါ် ခဲ့သည့် သတင်းများမှာ ကောလဟာလ သာဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရ အဖွဲ့မှ သတင်း ထုတ်ပြန် ခဲ့သော်လည်း အဆိုပါ အဆိပ်သတင်းမှာ ထပ်မံထွက်ပေါ်နေကြောင်း သိရသည်။

ဒေသခံအများ၏ ပြောပြချက်အရ သဲချောင်း၊ ဘုမေဘက်မှ ဒေသခံဈေးသည်အချို့ တင်သွင်းရောင်း ချသော ခရမ်းသီး၊ဘူးသီး၊မုန်လာဥ စသည့် ဟင်းသီးဟင်းရွက်များတွင် စားသုံးသူများအတွက် အန္တရာယ်ဖြစ် စေနိုင်သော ဓါတုဆေးဝါးများနှင့် အဆိပ်ဓါတ်ပါဝင်နေသည် ဟုဆိုသည့် သတင်းများ ဆက်တိုက် ထွက်ပေါ် လာရာ လူထု အများစုမှာ စိုးရိမ်နေခြင်း ဖြစ်သည်။

ထို့ကြောင့် အဆိုပါဒေသ၌ ဟင်းသီးဟင်းရွက်စားသုံးမှုအား အထူးသတိပြုစားသုံးနေရကြောင်း ဒေသခံ တို့က ဆိုသည်။

“ မနေ့ကတော့ ကြားတယ်။ ဆင်ကူးလမ်းရပ်ကွက်၊ ဂြစ်ချေကျောင်းမှာရှိတဲ့ ဒုက္ခသည်စခန်းတစ်ခုမှာ ဒုက္ခသည် တစ်ဦးက ဈေးက ဝယ်လာတဲ့ ကြက်ဥတစ်လုံးကိုကြော်တဲ့အခါ ပုံမှန်မဟုတ်ဘူး အဆိပ်ပါတဲ့ အနေအထား တွေ့ရတယ်လို့ သတင်းတွေကတော့ ထွက်လာတာဘဲ။”ဟု စစ်တွေဒေသခံတစ်ဦးက ဆိုသည်။

အဆိုပါ ဟင်းသီးဟင်းရွက်များတွင် အဆိပ်ပါသည်ဟု သတင်းများ ထွက်ပေါ်နေခြင်းကြောင့် စစ်တွေ ဒေသခံ များမှာ အစားအသောက် ဝယ်ယူ စားသုံးရာတွင် စိုးရိမ်ပူပမ်မှုများ ရှိနေခြင်းဖြစ်သည်။

လက်ရှိတွင် ဟင်းသီးဟင်းရွက်များကို စားသုံးသူကာကွယ်ရေး ဆောင်ရွက်ချက်အနေဖြင့် သက်ဆိုင်ရာမှ တစ်ပတ်တစ်ကြိမ်နှုန်းဖြင့် အလျဉ်းသင့်သလို စစ်ဆေးဆောင်ရွက်မှုများရှိနေကြောင်းလည်း သိရသည်။

“ဟင်းသီးဟင်းရွက်တွေမှာ အဆိပ်ပါတယ်။ မစားကြပါနဲ့။ ဆိုတဲ့ သတင်းက တစ်ဆင့်စကား တစ်ဆင့် စစ်တွေတစ်မြို့လုံး ပျံနှံ့သွားတာ။ ခု စစ်တွေမြို့မှာ ဟင်းသီးဟင်းရွက်များကို ၀ယ်မစားဝံ့တဲ့သူတွေတောင် ရှိလာပါတယ်။ စားတဲ့သူတွေကလည်း နီးစပ်ရာ ကျန်းမာရေးတာဝန်ရှိသူတွေနဲ့ ပြသ စားသောက်မှု တွေရှိလာကြပါတယ်။ အထူးသဖြင့် စစ်တွေ သဲချောင်း၊ ဘုမေဖက်က လာတဲ့ ဟင်းသီးဟင်းရွက်တွေဆို လုံးဝ မစားရဲဝံ့ကြပါဘူး။” ဟု စစ်တွေမြို့ ရပ်ကွက် အုပ်ချုပ်ရေးမှုးတစ်ဦးက ပြောကြားသည်။

ယခုလ (၁၉)၊ (၂၀)၊ (၂၁)ရက်များတွင် စစ်တွေမြို့ ထမင်းဆိုင်တချို့နှင့် နေအိမ်တချို့မှာ ဘူးသီး၊ ခရမ်းသီး နှင့် မူလာဥများကို ချက်ပြုတ်ရာတွင် အလိုအလျောက် ဟင်းဖတ်ဟင်းရည်များ စိမ်းစိုညို့ရောင်မှု ဖြစ်ဖေါ်ခြင်းများကြောင့် သက်ဆိုင်ရာမှ ယခုအပတ်အတွင်း ဈေးတွင် ရောင်းချနေသော ဟင်းသီး ဟင်းရွက်များကို ကျန်းမာရေးကြောင်းအရ တင်းကျပ်စွာ စစ်ဆေးဆောင်ရွက်မှုများ ရှိလာကြောင်း ကိုလည်း သိရသည်။

“ကျွန်တော်တို့ ဆိုင်မှာ ခု ဟင်းသီးဟင်းရွက် တွေမှာ ဓါတုဆေးဝါးနဲ့ အဆိပ်ရည်တွေ ထိုးထည့် တယ်ဆိုတဲ့ သတင်းကြောင့် မရောင်းဝံ့တာ (၄)၊ (၅)ရက် တောင်ရှိပါပြီ။ ချက်ပြုတ်ရောင်းချမဲ့ ဟင်းသီးဟင်းရွက်တွေကို လည်း ပုဏ္ဏားကျွန်း၊ မြောက်ဦးဖက်က ဈေးကြီးကြီးပေးပြီးမှ ယူရောင်းချနေရတယ်။” ဟု ထမင်းဆိုင်ရှင် တစ်ဦး က ပြောကြားသည်။

အလားတူ မင်းပြားမြို့နယ်တွင်လည်း ဟင်းသီးဟင်းရွက်များ ဝယ်ယူရာတွင် ဒေသခံများ သတိကြီးစွာဖြင့် ဝယ်ယူနေကြ သည်ဟု ဆိုသည်။

မည်သို့ဆိုစေ သတင်းများထွက်ပေါ်လာမှုသည့် အတည်မပြုနိုင်သေးသော ကောလဟာလ တစ်ခုဖြစ်နေ သည် ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ဖြစ်စဉ်တခုကို ကျွန်တော်လေ့လာမိတဲ့အခါ ဘင်္ဂါလီရွာဘက်လာတဲ့ ဟင်းသီးဟင်းရွက်တွေမှာ အဆိပ် တွေပါ တယ် ဆိုတဲ့အချက်ကြောင့်လို့ ထင်တယ်။ လူတွေကလည်း စိုးရိမ်နေကြတာပေါ့။ ဒါပေမယ့် ဒီကိစ္စကို လက်တွေ့ပြ ပါဆိုလည်း ခက်ခဲနေတယ်။’’ ဟု အမည်မဖော်လို့သည့် လုံခြုံရေးဝန်ထမ်းတစ်ဦးက ပြော သည်။

မြစ်မခမီဒီယာ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်