Tuesday, November 20, 2012

ရန်ကုန်တိုင်း ဒေသကြီး အတွင်း တန်ဖိုးနည်းအိမ်ရာ စီမံကိန်း ၅ ခု တည်ထောင် သွားမည်

Posted by drmyochit Tuesday, November 20, 2012, under | No comments


ရန်ကုန်တိုင်း ဒေသကြီး အတွင်း နေထိုင် လျက်ရှိတဲ့ ပြည်သူများ စရိတ် သက်သာစွာနဲ့ ကိုယ်ပိုင် တိုက်ခန်းငယ်များ ပိုင်ဆိုင် နိုင်စေဖို့ အတွက် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများကို မြို့တော် စည်ပင် သာယာရေး ကော်မတီမှ ပုဂ္ဂလိက လုပ်ငန်းရှင် များနဲ့ ပူးပေါင်း ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ဆောင်ရွက်ရာမှာ ရန်ကုန်တိုင်း ဒေသကြီး အတွင်း တန်ဖိုးနည်း အိမ်ရာ စီမံကိန်းများ အနေနဲ့ စီမံကိန်း ၅ ခု ဆောင်ရွက်သွား မှာဖြစ်တယ်လို့သိရပါတယ်။
ဒီလို ဆောင်ရွက် သွားမယ့် တန်ဖိုးနည်း အိမ်ရာ စီမံကိန်း ၅ ခုကတော့ ဗိုလ်ဗထူး အိမ်ရာ စီမံကိန်း၊ ဗိုလ်မင်းရောင် အိမ်ရာ စီမံကိန်း၊ ပင်လုံအိမ်ရာ စီမံကိန်း၊ ဧရာဝဏ် အိမ်ရာ စီမံကိန်းနဲ့ တက္ကသိုလ် အိမ်ရာ စီမံကိန်း တို့ပဲ ဖြစ်ပါတယ်။ အဆိုပါ စီမံကိန်းများ ဆောင်ရွက် ပြီးစီးပါက လူဦးရေ တစ်သောင်း နီးပါးဟာ တန်ဖိုးနည်း တိုက်ခန်းငယ်များ ပိုင်ဆိုင် သွားနိုင်တာပဲ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အဆိုပါ စီမံကိန်းများမှ အခန်းများ ရောင်းချခြင်းများ ဆောင်ရွက်မှု ကိုတော့ တည်ဆောက်မှုများ ပြီးဆုံး သွားတဲ့အခါ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ထံ အပ်နှံပြီး အများ ပြည်သူ အကျိုးရှိရှိနဲ့ သက်သာ လွယ်ကူစွာ ၀ယ်ယူနိုင်ဖို့ ဆောင်ရွက် ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
 Myanmar Express 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်