Tuesday, November 20, 2012

အင်းစိန်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ၁၆ ဦးလွတ်မြောက်

Posted by drmyochit Tuesday, November 20, 2012, under | No comments


နိုဝင်ဘာ၁၉ရက်နေ့ နံနက် ၈နာရီ ၁ဝမိနစ်ခန့်တွင် အင်းစိန်အကျဉ်းထောင်မှ နှစ်ရှည်အကျဉ်းသား အမျိုးသား ၁၅ ဦးနှင့် အမျိုးသမီး ၁ ဦး လွတ်မြောက်ခဲ့ကြောင်း တာဝန်ကျ အကျဉ်းဦစီးဋ္ဌာနအရာရှိ တစ်ဦးက ပြောကြားသည်။
လွတ်မြောက်လာသူ အကျဉ်းသားများအနက် အများစုမှာ ယခင်အစိုးရဟောင်း လက်ထက် ပုဒ်မ၅(ဇ) ဖြင့် နှစ်ရှည် အကျဉ်းကျခံ နေရသူများ ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ ပုဒ်မ၅(ဇ)ဖြင့် နှစ်ရှည်အကျဉ်းသား တစ်ဦးဖြစ်ခဲ့သူ ကိုကြည်စိုးက ၎င်းမှာ ဖောက်ခွဲရေးမှုဖြင့် အဖမ်းဆီး ခံခဲ့ရသူ တစ်ဦး ဖြစ်ပြီး ထောင်တွင်း ၇ နှစ်ကျော် နေထိုင်ခဲ့ရကြောင်း၊ မည်သည့်အလုပ်များ ဆက်လက်လုပ်ကိုင်မည်ကိုမူ ယခုအချိန်တွင် မဆုံး ဖြတ်နိုင်သေးကြောင်းမြန်မာ့ခေတ် မီဒီယာသို့ပြန် လည်ဖြေကြားသည်။

လင်းသစ်
TheMyanmaAge

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်