Tuesday, November 20, 2012

မြန်မာနှင့်အမေရိကန်ကုန်သည်ကြီးများ အသင်းချုပ်များ ပူးပေါင်း၍ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှပ်နှံမှု ကွန်ဖရင့်ကြီးတစ်ခုကျင်းပမည်

Posted by drmyochit Tuesday, November 20, 2012, under | No comments


မြန်မာနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့ အစိုးရချင်း ဆက်ဆံမှုများ တိုးတက်ဖြစ်ထွန်းမှု ကိုပြသသည့် အနေဖြင့် အမေရိကန်သမ္မတ ဘားရတ်အိုဘားမား မြန်မာပြည်သို့ တစ်ရက်တာလာ ရောက်သည့် အချိန်နှင့် တစ်ပြိုင်တည်းမှာပင် အဆိုပါ နှစ်နိုင်ငံအကြား စီးပွးရေးလုပ်ငန်းချင်း ဆက်ဆံမှုများ တိုးတက်လာနေကြောင်း မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင်က ရန်ကုန်မီဒီယာ ဂရု(ပ်)သို့ပြောကြားသည်။
`ကျွန်တော်တို့ မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် UMFCCI နဲ့ အမေရိကန်နိုင်ငံ ကုန်သည်ကြီးများ အသင်းချုပ် U.S Chamber of Commerce တို့ပူးပေါင်းပြီး အမေရိကန်-မြန်မာ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှပ်နှံမှု ဆက်ဆံရေး- ရှေ့သို့လမ်းကြောင်း အမည်နဲ့ လာမယ့်ဖေဖော်ဝါရီလမှာ ကွန်ဖရင့်ကြီး တစ်ခုကျင်းပသွား ပါတော့မယ်`ဟု ဦးဝင်းအောင်က ဆက်လက်ပြောဆိုသည်။
ထိုကွန်ဖရင့်ကြီးကို ရန်ကုန်မြို့၊မင်းရဲကျော်စွာလမ်းရှိ ကုန်သည်အသင်းချုပ်ကြီးတွင် ဖေဖော်ဝါရီ ၂၅ရက်တွင် ကျင်းပပေးမည် ဖြစ်ကြောင်းသိရသည်။ ထိုကွန်ဖရင့်ကြီးသို့ နှစ်နိုင်ငံစလုံးမှ အဆင့်မြင့် အစိုးရအရာရှိကြီးများ နှင့်လုပ်ငန်းရှင်ကြီးများ တက်ရောက်ကြ မည်ဖြစ်သည်။
ထိုကွန်ဖရင့်ကြီးတွင် အမေရိကန်-မြန်မာ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှပ်နှံမှု ဆိုင်ရာဆက်ဆံရေး၊ ဆွဲဆောင်မှုရှိသော ရင်းနှီးမြှပ်နှံမှုဝန်းကျင်ဖန်တီးရေး၊ မြန်မာနိုင်ငံ ၏စွမ်းအင်အရင်း အမြစ်များ ဖွံ့ဖြိုးရေး၊ သတင်းအချက် အလက်နည်းပညာဖြင့် စီးပွားတိုးတက်မှု မောင်းနှင်ရေး၊ သန်စွမ်းသော ဘဏ္ဍာရေးကဏ္ဍ တည်ထောင်ရေး၊ ကော်ပိုရိတ် လူမှုတာဝန်ထမ်းဆောင်ရေး၊ မြန်မာကို အာဆီယ၊ ဒေသတွင်းနှင့် ကမ္ဘာအတွင်း ပေါင်းစပ်ချိတ် ဆက်ရေးမျာကို အဓိကထား ဆွေးနွေးသွားမည်ဟု သိရသည်။
စိတ်ဝင်စားသူများ ကုန်သည်အသင်းချုပ်နှင့် ဆက်သွယ်ကြပါရန် အသင်းချုပ်က မေတ္တာရပ်ခံထားသည်။
Myanmar Express 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်