Friday, March 01, 2013

ကသာရဲစခန်းမှ ရဲအုပ်တစ်ဦး တာဝန်ထမ်းဆောင်နေစဉ် ဓါးထိုးခံရ

Posted by drmyochit Friday, March 01, 2013, under | No comments


၂၈၊၂၊၂၀၁၃ရက်နေ့ နေ့လည် ၁၁နာရီ ၃၀မိနစ် ခန့်က ကသာမြို့ရဲစခန်းတွင် တာဝန်မှူး တာဝန် ထမ်း ဆောင် နေသော ရဲအုပ်မျိုးမြင့်သိန်းဆိုသည့် ရဲအရာ ရှိ တစ်ဦး တာဝန် ထမ်းဆောင်နေ စဉ်အ တွင်း တရား ခံမှ ဓါးဖြင့်ထိုးခဲ့သဖြင့်

ယခု အချိန်တွင် ကသာခရိုင်ပြည် သူ့ဆေးရုံကြီး ခွဲစိပ်ခန်း တွင် အရေးပေါ် ခွဲစိပ် ကုသမှု ခံယူနေ ရကြောင်း သိရှိ ရပါသည်၊အသက် အန္တရာယ် ထိခိုက်နိုင် ရှိမရှိနှင့် ဒါဏ်ယာပြင်း ထန်မှု အခြေ အနေ ကို မသိ ရသေးကြောင်း သတင်း ရရှိပါသည်၊


ရဲအုပ် မျိုးမြင့်သိန်းကို ဒါးဖြင့် ထိုးခဲ့သူ အသက်(၁၉)နှစ်ရှိ တရားခံ စိုးစိုး(ဘ) ဦးမှတ်အား အချိန်ပိုင်း အတွင်း ကသာ ခရိုင်ဒ/န အဖွဲ့ခေါင်းဆောင် ရဲအုပ်မျိုးခိုင်နှင့်တပ်ဖွဲ့ဝင်(၃)ဦးတို့က အခင်းဖြစ်ရာနေရာ၌ပင် သွားရောက် ဖမ်းဆီးနိုင် ခဲ့ကြောင်း သိရပါသည်၊

အမှုဖြစ်စဉ်မှာ ရဲအုပ်မျိုးမြင့်သိန်းတာဝန်မှူးအဖြစ်တာဝန် ထမ်းဆောင်နေသော ရဲစခန်းသို့ ဒေါ်ခင်သိန်း (ခ)ဒေါ်ဒါဘီ ယာ(အသက်၇၈နှစ်)မှ လာရောက်တိုင်ကြားသည်မှာ တစ်ချိန်က ချွေး မတော်စပ်ဖူးသူ နှင့် မောင်ဖြစ်သူများမှ

ဒေါ်ခင်သိန်းပိုင် အိမ်ဝန်းအတွင်း မိမိ၏က ခွင့်မပြုပါဘဲ အိမ်ဆောက်နေသဖြင့် လာရောက်တာ ဆီးပေးပါ ရန်တိုင်ကြား ခဲ့သဖြင့် ရဲအုပ်မျိုးမြင့်သိန်းနှင့် တပ်ဖွဲ့ဝင်တစ်ဦးတို့ အမှုဖြစ်ရာ ရပ်ကွက်(၉)အပိုင်း(၃)သို့ သွားရောက် တားဆီးခဲ့ပါသည်၊

ထိုသို့တားဆီး၍ ရဲစခန်းသို့ လိုက်ပါဖြေရှင်းကြဖို့ပြောဆိုရာတွင် သန်းထွန်းမင်း(၂၈နှစ်)ဘ-ဦးမှတ်မှ ဒါးမဖြင့်ပေါက်ပြီး နေ အိမ်သို့ ပြန်သွားခဲ့ပါသည်၊

ရဲအုပ် မျိုးမြင့်သိန်းမှ သန်းထွန်းမင်းနောက်သို့ လိုက်သွားရာ သန်းထွန်းမင်း၏ ညီဖြစ်သူ စိုးစိုးမှ အရိုး အသွား၁၃.၅လက်မ ရှိ ဓါးမြှောင်ဖြင့် အိမ်ထဲမှ ထွက်ထိုးခဲ့ခြင်းဖြစ်ကြောင်းမျက်မြင်များက ပြောဆိုပါသည်၊

ထိုဖြစ်စဉ်နှင့်ပါတ်သက်၍ကသာရဲစခန်းမှ (ပ)၅၆/၂၀၁၃ဖြင့်တိုင်ချက်ရေး သွင်းပြီး ပြစ်မှုဆိုင်ရာ
ဥပဒေပုဒ်မ ၃၃၃/၁၁၄ဖြင့် အရေးယူအမှုဖွင့်ထားကြောင်းသိရပါသည်၊

Posted from ဟာဂျူလီ-ကသာ
Thit Htoo Lwin blog 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်