Friday, March 01, 2013

မအူပင်မြို့နယ်အတွင်း ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် နေရာမှ ရဲအင်အား ၂၀ဝ ခန့်အား မူလနေရပ် ဌာနသို့ ပြန်လည်ပို့ဆောင်

Posted by drmyochit Friday, March 01, 2013, under | No comments


မူလဌာနေသို့ ပြန်လည်ထွက်ခွာရန် စောင့်ဆိုင်းနေ သည့် ရဲတပ်ဖွဲ့ဝင်များအား ဖောဖော်ဝါရီလ ၂၈ ရက် ညနေ ပိုင်းက တွေ့ရစဉ်

 ဧရာဝတီတိုင်း ဒေသကြီး၊ မအူပင်မြို့နယ်၊ မလက် တိုကျေးရွာ အုပ်စုရှိကျေးရွာ ဒေသခံများနှင့် ရဲတပ်ဖွဲ့ ဝင် တို့ အကြား ပဋိပက္ခ အသွင်သည် ဖေဖော်ဝါရီ ၂၈ ရက် ညနေ ၅ နာရီဝန်းကျင်တွင်
ပြေလည်မှု ရရှိခဲ့ပြီး ယင်းည ၁၀ နာရီတွင် ပလောင်ကျေး ရွာအနီး ပုဒ်မ ၁၄၄ ထုတ်ပြန်ထား သည့် နေရာ တွင် လုံခြံရေး တာဝန်ယူနေသည့် ရဲအင် အား ၂၀ဝ ခန့်အား မူလနေရပ်ဌာန သို့ ပြန်လည် ပို့ဆောင် လိုက်ပြီ ဖြစ်ကြောင်း ဧရာဝတီ တိုင်း ဒေသကြီး ဒုတိယတိုင်း ရဲတပ်ဖွဲ့မှူး ဦးထွန်းမင်းက အတည်ပြု   ပြောကြားခဲ့သည်။


ဖေဖော်ဝါရီလ ၂၆ ရက်က ထုတ်ပြန်ထားသည့် ပုဒ်မ ၁၄၄ အား ပြန်လည် ရုပ်သိမ်းနိုင်ရေး အထက် အဆင့်ဆင့်သို့ တင်ပြသွားမည် ဖြစ်ကြောင်းနှင့် လက်ရှိအချိန်တွင် အဆိုပါနေရာတွင် ရဲအင်အား ၈၀ ဝန်းကျင်မှ လုံခြံရေးတာဝန် ဆက်လက်ထမ်းဆောင်လျက် ရှိကြောင်း သိရသည်။


From:Online News

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်