Friday, March 01, 2013

အသက်မပြည့်အမျိုးသမီးငယ်အား အဓမ္မပြုကျင့်ရန် ကြံစည်မှု အလုံ၌ဖြစ်ပွား

Posted by drmyochit Friday, March 01, 2013, under | No comments


ဖေဖော်ဝါရီလ(၂၆)ရက်နေ့၊ နံနက် ၇ နာရီ ခွဲခန့် တွင် အလုံမြို့နယ် ဆင်စွယ်လမ်း ၌ အသက် (၁၁)နှစ် ၅လ အရွယ် အလယ်တန်း ကျောင်း သူလေး အား အဓမ္မကျင့်ရန် ကြိုးစားအားထုတ်မှု ဖြစ်ပွားခဲ့ သည်ဟု သိရှိရ သည်။

အခင်းဖြစ်ပွား ပုံမှာ (မ------) သည် နေအိမ်တွင် တစ်ယောက် တည်း ရှိနေစဉ် ဘေးအခန်းမှ (မောင်-----) က ရေဘားဖွင့်ပေးရန် အကူအညီတောင်း ခံခြင်းကြောင့် (မ……) သည် အခန်းအတွင်းသို့ ၀င်ပြီး ရေဘား ဖွင့်ပြီး   ပြန်အ ထွက်၌ ( မောင်…….) က ကုတင်ပေါ်သို့ တွန်းလှဲကာ အတင်း အဓမ္မ ပြုကျင့်ရန် ကြံရွယ် ခဲ့ခြင်းဖြစ် သည်။


 “အဲ့ဒီ မိသားစုက ကျွန်မတို့အခန်းဘေးကို ပြောင်းလာတာ မကြာသေးဘူး။ တစ်လလောက်ပဲ ရှိသေးတယ်။ ကျွန်မတို့ အိမ်မှာက မိသားစု ငါးယောက် ရှိတယ်။ ကျွန်မနဲ့ ကျွန်မယောက်ျားက အစောကြီး ဈေးကြို သွားရ တယ်။ အကြီးမက သူ့ အဒေါ်အိမ်မှာ ညဘက်သွားသွားအိပ်တယ်။ အလတ်ကောင်ကဘုရားကျောင်း သွား တယ်။ မနက်ဆို ကလေးက တစ်ယောက်တည်း ကျန်ကျန်ခဲ့တယ်။ ကျန်ခဲ့တဲ့အချိန်ပဲ ဘေးအိမ်က အိမ်ငှား ထားတဲ့လူက သူအိမ်ထဲဝင်ပြီး   ရေဘားဖွင့်ပေးဖို့ ပြောတယ်တဲ့ အဲ့ဒါနဲ့ ကလေးက ဘာမှမသိဘဲ သွား ဖွင့်ပေးပြီး အပြန်လဲကျရော သူ့ကို အိပ်ရာပေါ် တွန်းလှဲလိုက်တယ် အဲ့ဒါကြောင့် သူမနည်း ပြန်ပြေး ထွက်ခဲ့ရတယ်လို့ ငိုပြီး ညနေလောက်မှာ ပြောပြတယ် အဲ့ဒါနဲ့ ကျွန်မလည်း လူကြီးကို သွားပြောပြတော့ သက်ဆိုင်ရာက သူ့ကို စစ်ဆေးဖို့ ခေါ်သွားပါပြီ ” ဟု အဓမ္မပြုကျင့်ရန် ကြံရွယ်ခြင်းခံခဲ့ရသည့် ကလေး မလေး ၏ မိခင်ဖြစ်သူက ပြောသည်။

(မောင်……..)ကို ဖေဖော်ဝါရီလ (၂၆)ရက်နေ့ ညနေကတည်းက အလုံမြို့နယ် ရဲစခန်းမှ ပုဒ်မ ၃၇၆/၅၁၁ ဖြင့် စစ်ဆေး လျက်ရှိရာ ယနေ့တိုင် ထိန်းသိမ်းထားဆဲဖြစ်ကြောင်း သိရှိရသည်။

 ဆုပြည့်စုံဦး (မြစ်မခ)
Myit Makha Mediagroup

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်