Friday, March 01, 2013

တက္ကသိုလ်ကျောင်းသား၊ ကိုယ်ကျင့်တရားကိုခိုးသူ

Posted by drmyochit Friday, March 01, 2013, under | No comments


ကင်တာ့ကီ၊ ဖေဖော်ဝါရီ ၂၈
အမေရိကန်ပြည်ထောင်စု၊ ကင်တာ့ကီပြည်နယ်ရှိ လူးဝစ်ဗီးလ်တက္ကသိုလ်မှ ကျောင်းသားတစ်ဦးကို ရဲတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းလိုက်သည့် ဖြစ်ရပ်တစ်ခု ယမန်နေ့ကဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ တယ်ရီ ဒေးဗစ် ဆိုသူ ကျောင်းသား တစ်ဦးသည် အရောင်းဆိုင် တစ်ခုတွင် စာအုပ် တစ်အုပ်ကို ခိုးယူပြီးနောက်၊ ထိုစာ အုပ်ကို ဂရေး ကောလိပ်ရှိ စာအုပ် အရောင်း ဆိုင်တွင် ပြန်လည်ရောင်း ချခဲ့သောကြောင့်ဖြစ်သည်။ တယ်ရီ စာအုပ်ခိုးသည့် ဖြစ်စဉ်ကို အရောင်းဆိုင် ဗီဒီယို ကင်မရာမှ မှတ်တမ်းတင်ထားသဖြင့် အစအ ဆုံးပြန်လည် စစ်ဆေးတွေ့
ရှိခဲ့ ခြင်းဖြစ်သည်။ ထိုစာအုပ်မှာ “Resolving Ethical Issues” ဆိုသည့် ကိုယ်ကျင့်တရားဆိုင်ရာ စာအုပ်ဖြစ်နေ ကြောင်း၊ ကိုယ်ကျင့်တရားဆိုင်ရာ စာအုပ်ကို ပထမဆုံးသူက ယူဖတ်နေပြီးမှ ရောင်းစားရန် စိတ်ကူးရပြီး အလစ်သုတ်ခဲ့ခြင်းဖြစ်ဟန်တူကြောင်း ရဲအရာရှိများက ပြောကြားခဲ့သည်။ တယ်ရီသည် ခိုးမှု၊ ဆိုင်မှ အလစ်သုတ်မှုဖြင့် အရေးယူအပြစ်ပေးခံရမည်ဖြစ်သော်လည်း သာမန်အမှုသေးတစ်ခုအနေဖြင့်သာ သတိပေး အရေးယူနိုင်ကြောင်း သိရသည်။

မောက္ခ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်